တနေ့က မိုးရွာပြီး ပုသိမ်ကြီးချောင်းမကြီးမှ
တာဘောင်ကျိုးသဖြင့် မန္တလေးနေရာအနှံ့ ရေများ
ဝင်ရောက်သည်။ ကျွန်တော်ခြံအနိမ့်ပိုင်းလည်း
ယခင်ကထက် ရေများ ပိုမိုဝင်ရောက်လေသည်။

ခြံအတွင်း ရေများပြည့်နေသည်။
အနောက်ဖက်လမ်းမကြီးနှင့် တောင်ဖက်
လမ်းသွယ်ကြား ရေအပြည့်ဖြစ်သည်။
မီးမလာသဖြင့် ရေဘေးကြောင့် ကိုယ်တိုင်
စားစရာသွားဝယ်ရသည်။

အဲ့မှာ လမ်းသွယ်က ရေသည် ဒူးခေါင်းကိုအနည်းငယ်ကျော်သည်။ ရေထဲမှ တဖြည်းဖြည်း စမ်းတဝါးဝါးသွား၍ စားစရာအောင်မြင်စွာ
ဝယ်ယူနိုင်ခဲ့သည်။ ရေများချက်က ယခင်က
ရေမဝင်သော ခြံထဲရှိ အုတ်ရေကန်ကို
ရေများကျော်ပြီးဝင်ရောက်လေသည်။
ရေဝင်ရောက်ဆို အုတ်ရေကန်က မြေကြီးနှင့်
တထွာကျော်သာမြင့်ပေသည်။

ရေများပြည့်လျှံနေမှုအား မှတ်တမ်းတင်ရန်
ဖုန်းဖြင့် ခြံအပြင်ထွက်သည်။ ခြံရှေ့ရှိ မြောင်း
ကိုဖုန်းထားသော သစ်သားပြားများက
ရေကြောင့် မြောင်းကိုမဖုန်ပဲ ရေစီးဖြင့်
မျောသွားသည်။ ထိုသစ်သားမြောင်းဖုန်းများကို
ဆယ်၍ မရွေ့နိုင်အောင် အုတ်ဖိထားရသည်။
ဖုန်းကိုင်ရင်း ရေမြောင်းကို ခြေထောက်ဖြင့်
စမ်းရင်း ရေလျှံမှုကို မှတ်တမ်းပြုရသည်။
အမ က လှမ်းအော်သည်။
"ဖုန်းရော၊ လူရော မြောင်းထဲပြုတ်ကျမှ
ဟုတ်ပေ့ဖြစ်နေမယ်"

အမ သတိပေးမှုကြောင့် ပို၍သတိထား
သွားရသည်။ လမ်းသွယ်ထိပ်မှ ဓာတ်ပုံရိုက်ရသည်။
ဓာတ်ပုံရိုက်နေစဉ် သီလရှင် ဆရာလေးများက
ရေထဲမှာ လျှောက်လာကြသည်။
"ဆရာလေးတို့ ဒီနေ့ အဝေးဖိတ်လား၊
အနီးဖိတ်လား"

ဟု မေးမိသည်။ အနီးဖိတ်ဟု ဖြေရင်း
ဆရာလေးပေါက်စတို့က ရေထဲ သဘောကျစွာ
တစွက်စွက် ဖြတ်လျှောက်သွားကြလေသည်။
ရေကျသွားသည့်အခါ ရေနစ်လှေခါးများကို
ဆေးရသည်။ အုတ်ရေကန်မှ ရေများခပ်ထုတ်ပြီး
ဆေးကြောသည်။ ထိုနောက် အုတ်ရေကန်ကို
ထုံးသုတ်၍ ရေပြန်ဖြည့်ထားသည်။ ဒီတခါမိုး
နှင့် ချောင်းကျိုးက ဒုက္ခပေးလေသည်။
@htwegyi
October 17, 2023
အဆင်ပြေပါစေ !luv
!hug
I sent 1.0 HUG on behalf of @walarhein.
(2/3)
@htwegyi, @walarhein(2/10) sent LUV. | connect | community | HiveWiki | NFT | <>< daily
! help(no space) to get help on Hive. Infoအဆင်ပြေအောင်နေရသပ။
!pizza
!lolz
lolztoken.com
Cause they're always Kraken
Credit: reddit
@htwegyi, I sent you an $LOLZ on behalf of golden.future
(1/10)
NEW: Join LOLZ's Daily Earn and Burn Contest and win $LOLZ
!pizza
!luv
@htwegyi, @tin.aung.soe(3/10) sent LUV. | connect | community | HiveWiki | NFT | <>< daily
! help(no space) to get help on Hive. Infoလှေလေး တစ်စီးရှိရင် သိပ်ကောင်းပေါ့😅 ရေကတော်တော်များတယ်
!LUV
ရေကျရင် အဲ့လှေ ထားစရာမရှိမှာမို့ 😁။
😅😅
!hiqvote
@htwegyi, the HiQ Smart Bot has recognized your request (1/1) and will start the voting trail.
In addition, @htwegyi gets !PIZZA from @hiq.redaktion.
For further questions, check out https://hiq-hive.com or join our Discord. And don't forget to vote HiQs fucking Witness! 😻