Hello December မင်္ဂလာရှိပါစေ

in HIVE-MYANMARlast month

ကျွန်တော်သည် ယနေ့ Hive 170 ကို HSD
17.340 နှင့် လဲလိုက်သည်။ Hive ဈေး
0.104 မှာလဲလှယ်ခြင်းဖြစ်သည်။ Hive များ
ဈေးကျသလို ဘစ်ကွိုင်းသည်လည်းကျနေသည်။
ကောင်းလိုက်ထာ စိတ်ပျက်ဖို့ဆိုသလို။
ကျွန်တော်မှာလည်း ကိုယ့်မှာ ရှိသော
Hive နဲ့ HSD များကို ဈေးကျ ဈေးတက်
မှာ ဖလှယ်ရင်း ရသလောက်လေး ထရိတ်ကာ
ယူနေရသည်။

မည်သို့ဆိုစေ၊ မည်သို့ပင်ဖြစ်ပေ စသဖြင့်
အားတင်းကာရေးလာခဲ့ပြီမို့။ အဆုံးထိ လျှောက်
ရပေအုံးမည်။ တနေ့တော့ တနေ့မှာပေါ့လေ
ကိုယ်တွေ မျှော်မှန်းထားသော ပန်းတိုင်သို့
ရောက်ရမည်ပေါ့။ အားတင်းရ‌တာတွေများတော့လည်း
အားတင်နေရတာကိုပင် သတိတောင် မထားမိတော့သလို။
အချိန်က ပြောပြသွားမှာပါ
နာကျင်အသည်းကွဲရတဲ့ မိန်ကလေးတယောက်ရဲ့
အကြောင်းကို တင်ဇာမော် ဆိုထားသလို။

ကျွန်တော်တို့ရဲ့ Hive သည်လည်း ကျွန်တော်တို့ကို။
ပျော်ရွှင်ရမည့် အချိန်တခုတော့ ပေးလာမည်ဟု
မျော်လင့်ရသည်ပေါ့ဗျာ။ Cryptocurrency
တွေ ဈေးကောင်းဖို့ ဆိုတာကလည်း ကမ္ဘာကြီး
အခြေအနေကောင်းမှ မို့လား။ ကမ္ဘာကြီးကလည်း
ဘာကြီးဖြစ်နေလဲ မသိဘူး။ သတ်မယ် ဖြတ်မယ်။
ချမယ် နှက်မယ်နဲ့ လောဘ၊ ဒေါသတွေနောက်
ကောက်ကောက်ပါအောင် လိုက်နေကြလေရဲ့။
အသိ သတိလေးတွေနဲ့ ဘရိတ်အုပ်နိုင်ကြပါစေ
လို့ ဆုတောင်းရတာပေါ့။

ကမ္ဘာကြီးအေးချမ်းပြီး မြန်မာပြည် ငြိမ်းချမ်းမည့်
နေ့မှာ Hive ဈေးများ ဆယ်ဒေါ်လာရောက်နေပါရင်
ခင်ဗျာတို့ ကျွန်တော်တို့ လမ်းပေါ်ထွက်ပြီး မကကြေး။
အိမ်ထဲမှာ စိတ်ရှိတိုင်း ကဲကြပါလို့။
အညာသူ အညာသား ကျွန်မ ဆွေမျိုးများဟု
ဆိုခဲ့သူကြီးလည်း ခုတော့ ဘယ်ရှောင်ပြေး
ပုန်းနေသလဲလေ။ ကျွန်တော်ထင်ပါတယ်
အညာသူ အညာသားများ ငွေကြး ချောင်လည်လို့
စည်သံ၊ ဗျောသံဆူညံလာပါရင်ဖြင့် ဆွေမျိုးစပ်သူကြီးတွေ
ပေါ်လာအုံးမှာပါ။

ခုတော့ ဗျောသံတိတ်၊ စည်သံပိတ်သမို့။
ကိုယ်တွေရဲ့ Crypto ဈေးတွေလည်း နီကာရဲပြီ
ကျနေသမို့။ အော် တနေ့တော့ အားလုံးကို
ကျော်ဖြတ်ရမယ်။ ကိုခိုင်ထူးရဲ့ သီချင်းကို
တိုးတိုးတိတ်တိတ်လေး ဖွင့်ကာ နားထောင်၍
အားတင်းကာ ရှေ့ဆက်ကြအုံးစို့။
ဟယ်လို ဒီဇင်ဘာ မင်္ဂလာတွေရှိပါစေ။

@htwegyi
December 1, 2025

Sort:  

!PIZZA
!MEME

PIZZA!

$PIZZA slices delivered:
@tin.aung.soe(1/10) tipped @htwegyi

Send $PIZZA tips in Discord via tip.cc!