အအေးကြိုက် ဘေဘီ။

in HIVE-MYANMAR2 months ago

မနေ့က တနင်္ဂနွေနေ့ Cleanplanet မှာ
ပိုစ့်မတင်လိုက်ရပေ။ တနင်္ဂနွေနေ့လည်းဖြစ်၊
လကွယ်နေ့လည်းဖြစ်သောကြောင့် စက်ဘီး
တစီးဖြင့် မိတ်ဆွေများအိမ်သို့ အလည်သွားသည်။
မိတ်ဆွေအိမ်ရောက်တော့ အားလပ်ရက်
ဖြစ်၍ မိတ်ဆွေ၏ မောင်နှမ သားချင်းများလည်း
ရောက်နေကြသည်။

ထိုကြောင့် မိတ်ဆွေ၏ အိမ်မှာ စည်စည်ကားကား
ဆူဆူညံညံဖြစ်နေသည်။ ဟိုအရေး၊ ဒီအရေးများ
ပြောပြီး နိုင်ငံ့အရေးများပါ ပြောကြလေသည်။
နိုင်ငံရေးများ ပြောသည့်အခါမှာတော့ လူတိုင်း
အာဘောင် အာရင်း သန်းသန်းဖြင့် ဝိုင်းဝန်း
ပြောဆိုကြသည်။ မိမိတို့ သိရှိသည့် အရာများကို
ပြောကြ ဆိုကြသည်။ မိမိတို့၏ အမြင်များကို
တရောက် တပေါက်ဆိုသလို အလု အယက်
ဝိုင်းဝန်းပြောဆိုကြသည်မှာ ဆူညံနေပါသည်။

ကုန်ဈေးနှုန်းများတက်သည့်အကြောင်း၊
ရွှေဈေး၊ ဒေါ်လာဈေးများတက်သည့်အကြောင်း
မိမိအားသန်းရာပြောဆိုကြသည်။ အထူးသဖြင့်
လောင်စာဆီနှင့် စားသုံးဆီများအကြောင်းက
ထိပ်ဆုံးကပါဝင်သည်။ စားသုံးဆီက မစားရ
ကိစ္စမရှိပေသိ၊ လောင်စာဆီကတော့ လူတိုင်း
အခက်အခဲတွေ့ကြရမည်ဆိုသည်ကိုလည်း
ပြောကြပြန်သည်။

လျှပ်စစ်မီးများကလည်း ပုံမှန်မလာ၍
ခက်ခဲကြောင်းပြောကြပြန်သည်။ ထိုသို့ မီးအကြောင်း
ပြောနေကြစဉ်။ မိတ်ဆွေအိမ်မှ
ကလေးငယ်ကို သူ့အမေက နေ့လယ်နေ့ခင်း
အိပ်ရန်ခေါ်ပါလေသည်။ ကလေးငယ်က
သူ့အိမ် လူများ များပြား၍ အိပ်ဖို့ အစီအစဉ်
ရှိဟန်မတူပေ။ လူကြီးများ စကားပြောစဉ်
ဘေးမှ သူကလည်း ဆော့ကစားနေသည်။

သူ့အမေက

"သားလေး လာ အမေတို့အိပ်ရအောင်"

ကလေးက မပီကလာ ပီကလာဖြင့် ပြန်ပြောသည်။

"ဟင့်အင် အိပ်ဖူး မီးလာဘူး"

ထိုသားအမိ စကား အပြန်အလှန်ပြောဆိုနေသည်
ကို ကြားသော မိမိက သူရို့ သားအမိ ဘာပြော
ကြသလဲဟု ဘာသာပြန်ခိုင်းရသည်။ ထိုအခါ
ဘာသာပြန်သည်က ဤသို့။

ကလေးငယ်က မီးလာလျှင် အဲယားကွန်းဖြင့်
အိပ်သည့်အပြင် ပန်ကာပါဖွင့်ပေးရသည်ဟုပြောသည်။
ထိုကလေးက အအေးကြိုက်ပုံမှာ
ဤကဲ့သို့ဖြစ်သည်။ မီးမလာပါမူ မီးစက်ဖွင့်၍
ပန်ကာအပြင် ယပ်တောင်ပါ ခတ်ပေးရသေးဟု
ပြောပြန်သည်။ မီးစက်က ဆီထဲ့ရသည်ကို
ကလေးကိုပြောထားသည်။ ဆီကို ပိုက်ဆံဖြင့်
ဝယ်ရသည်ကိုလည်း ထိုကလေးက သိသည်။

မီးစက်ကို ဆီထဲ့ဖို့ ဆီမရှိဘူး ဆီဝယ်ရမည်ဟု
ပြောသောအခါ ထိုကလေးသည် အဖွားဖြစ်သူ၏
ပိုက်ဆံအိတ်ကို သွားယူ၍ ပိုက်ဆံကိုယူကာ
ဆီဝယ်ခိုင်းသည်။ ကလေး၏ ထိုအပြုအမူကို
အားလုံးက ဝိုင်း၍ သဘောကျကာ တဝါးဝါး
တဟားတဟား ရယ်ကြသည်။ အာဂ အအေး
ကြိုက်သည့် လူလည် ကလေးပါပေ့။

@htwegyi
August 6, 2024

Sort:  

@htwegyi, the HiQ Smart Bot has recognized your request (1/1) and will start the voting trail.

In addition, @htwegyi gets !LOOL from @hiq.redaktion.

For further questions, check out https://hiq-hive.com or join our Discord. And don't forget to vote HiQs fucking Witness! 😻

Darf ich das Kleid im Schaufenster probieren?
Nein, bitte in der Umkleidekabine.

Credit: burn950
@htwegyi, ich habe dir im Namen von @hiq.smartbot einen $LOLZ Token gesendet
Verwende den Befehl !WITZ oder !LOOL, um einen Witz und ein $LOLZ zu teilen.

Farm LOLZ tokens when you Delegate Hive or Hive Tokens.
Click to delegate: 10 - 20 - 50 - 100 HP
.(7/8)