နာမည်မှာ .... ပါရင်

in HIVE-MYANMAR2 years ago

ဘာလိုလိုနဲ့ Coffee ဆိုင်လေးတွေ အကြောင်း ရေးဖြစ်လာတာ (၂) လ ကျော်လာခဲ့ပြီ။ Coffee ဆိုင်နဲ့ စခဲ့တယ် ဆိုပေမယ့် နောက်ပိုင်းမှာ အခြားသော အစားအသောက်ဆိုင်လေးတွေ အကြောင်းလည်း ရေးဦးမှာပါ။ အလှည့် မရောက်သေးလို့ပါ။

အစားကောင်း စားရရင် မိတ်ဆွေကောင်းကို သတိရတယ် ဆိုသလိုပါပဲ Phyoe Bakery ဆိုင်ကို စကတည်းက ခုချိန်ထိ အားပေးလာကြတဲ့ ဝယ်သူတွေကလည်း ကိုယ့်ရဲ့ မိတ်ဆွေ၊ အဖော်ကောင်းတွေ ပါပဲ။ ဒါကြောင့်ပဲ ကိုယ်တွေ သွား ဖြစ်တဲ့၊ ထိုင်ဖြစ်တဲ့ နေရာလေးတွေ၊ ဆိုင်လေးတွေကို ပြန်လည် မျှဝေရခြင်းပဲ ဖြစ်ပါတယ်။ သွားဖူး၊ ထိုင်ဖူးသူတွေ ရှိရင်လည်း ဘာလေးက ဘယ်လို ကောင်းပြီး ဘာလေးက ဘယ်လို ရှိတယ် ဆိုတာကို အပြန်အလှန် sharing ပြန်လုပ်လို့ ရတာပေါ့လေ။ ဒါနဲ့ပဲ ဒီအစီအစဥ်လေး ဖြစ်လာခဲ့တာပါ။

Sharing posts လေးတွေနဲ့ ပတ်သက်လို့ လိုအပ်တာတွေ အကြံပြုချင်တာတွေ ရှိရင်လည်း ပြောပေးကြပါဦးလို့ တောင်းဆို၊ တောင်းခံပါရစေ။ ဝယ်ယူသူတွေကိုမှ အကောင်းဆုံး ဝန်ဆောင်မှု ပေးတာမျိုး မဟုတ်ဘဲ ဖတ်ရှုသူကိုပါ တစုံတခု ရရှိသွားစေချင်ပါတယ်။ ဝန်ဆောင်မှုနဲ့ ပျော်ရွှင်ခြင်းကို ကာယကံ၊ ဝစီကံ၊ မနောကံ ကံ ၃ ပါးလုံးနဲ့ ဖြည့်ဆည်းပေးချင်ပါတယ်။

MRTV 4 က ကိုကောင်းထက်ဇော် (ကိုကောင်းကြီး) ရဲ့ သွားမယ် စားမယ် အစီအစဉ်ကို ကြည့်ရှုခဲ့ရပြီးနောက် တချိန် ငါလည်း အဲ့လိုလေး လုပ်ချင်သား ဆိုပြီး အိပ်မက် မျိုးစေ့လေး ချမိခဲ့၏။ လောလောဆယ်တော့ အမူအရာ (ရုပ်သံ ဗီဒီယို) အဆင့်ထိ မသွားနိုင်သေးပေမယ့် အရေးအသား အနေနဲ့ ဓာတ်ပုံ အနေနဲ့တော့ ဖော်ပြနိုင်နေပြီလို့တော့ ပြောလို့ရမည် ထင်၏။

ရေးသားသည့် နေရာမှာလည်း ဆိုင်အကြောင်း၊ အစား အကြောင်းကို တန်းရေးပစ်တာထက် ဆိုင်ရာ၊ စပ်ဆက်ရာ အကြောင်းလေးတွေကို အရင် ရေးမိ၏။ တကယ်တော့ ဒီလို ရေးမယ်ကွာလို့ ကြိုတင် စီစဉ်ထားတာမျိုး မဟုတ်ပေ။ စပြီး ရေးဖြစ်သည့် ပိုစ့်ကကို သူ့သူ ထိုပုံစံလေး ဝင်သွားခြင်း ဖြစ်၏။

ပိုစ့်က ရှည်တယ်တို့၊ စာတွေ များလို့ မဖတ်နိုင်ဘူးတို့ ဖြစ်နေရင်လည်း ကျနော် ပြင်ပေးပါ့မယ်။ ဒါမှမဟုတ် မဖတ်နေတော့ဘူး အဲ့ဆိုင်ပဲ တန်းသွားမယ် လိုက်ခဲ့ပေး ဆိုရင်လည်း ရပါတယ်။ ဘာလေး စားပါ၊ ဘာလေး သောက်ပါလို့ အကြံပေးရင်း အတူ စားပေးပါ့မယ်။ ရှိန် မနေပါနဲ့၊ အိုးတိုးအမ်းတမ်းတွေ ဖြစ်မနေပါနဲ့။ ဆိုင်တွေ သွားထိုင် မြည်းစမ်းကြည့်ဖို့ အတူလိုက်ပေးဖို့ ခေါ်ချင်၊ ပြောချင်တဲ့ အခါ မိတ်ဆွေ နာမည်မှာ ဘာပဲ ပါပါ၊ ဘာပဲ မပါပါ ရပါတယ်။ ပိုက်ဆံ ပါရင်ကို ရပါပြီ ကျနော်တို့က free လိုက် စားမှာ မလို့ပါ (တယောက်ထဲ ခေါ်မှာလား၊ တဆိုင်လုံးကို ခေါ်မှာလား ရွေးချယ် စရာ (၂ ) ခု ရှိ)။ တခုပဲ ပါဆယ် ထုတ်ပြန်လို့ ရမရတော့ ကြို ပြောပေးထားပါ။

Sort:  

!hiqvote

@donjaun, the HiQ Smart Bot has recognized your request (1/2) and will start the voting trail.

In addition, @foodmychoice gets !PIZZA from @hiq.redaktion.

Discord. And don't forget to vote HiQs fucking Witness! 😻For further questions, check out https://hiq-hive.com or join our