"ခင်ရာဆွေမျိုးမြိန်ရာဟင်းကောင်း"
ဤစကားပုံလေးအား အခုတလောနှစ်ခြိုက်နေမိပေသည်။ မိမိဘဝ၌ ဖခင်ဆုံး
ပါးသည့်အခါမှစ၍ လူပေါင်းစုံအတွေ့
အကြုံပေါင်းစုံဖြင့် တွေ့ကြုံခဲ့ရပေသည်။
ဖခင်ရှိသည့် အခါ၌ ပုံစံတမျိုးဖြင့် ဆက်ဆံ
ခဲ့သည့် သူများမရှိသည့်အခါ၌ ပုံစံတမျိုး
ပြောင်းလဲသွားသည်ကိုလည်းကြုံတွေ့
ခဲ့ရဖူးပေသည်။
သို့သော်လည်း လူအမျိုးမျိုးစိတ်အထွေ
ထွေရေစက်ရှိ၍ ဘဝတကွေ့၌ ကြုံတွေ့ခဲ့
ရသည်ဟုပင်မှတ်ယူ၍ စိတ်ထဲမထားခဲ့ပေ။
မိမိဘဝ၌ တွေ့ဆုံနေသည့်သူများထဲ၌
တချို့သောသူများသည် သွေးသားမတော်
စပ်သော်လညိးဆွေမျိုးရင်းချာကဲ့သို့မိမိတို့
အားစောင့်ရှောက်သည်ကိုလည်း တွေ့ကြုံ
ခဲ့ရပေသည်။
သွေသားမတော်စပ်သော်လည်း ဘဝရေစက်ကြောင့်ပင်ဖြစ်ပေလိမ့်မည်။ ဆွေ
မျိုးမတော်စပ်သော်လည်း ဤသူများအား
ဆွေမျိုးဟုပင်မှတ်ယူရပေလိမ့်မည်။
လောက၌ သွေးသားတော်စပ်မှအမျိုးမဟုတ် မိမိအားနူတ်၏စောင်မခြင်း လက်၏စောင်မခြင်းဖြင့် ကူညီစောင့်ရှောက်သူများ အားလုံးသည်မိမိ၏ဆွေမျိုးများသာဖြစ်သည်ဟု နှလုံး
သွင်းမိသည်။
လောကဓံ၈ပါးသည် ဘုရားရဟန်းတော်တောင်မှကြုံတွေ့ရင်ဆိုင်နေရပေသေးသည်။မိမိလိုပုထုဇဥ်သည်လည်း ကြုံတွေ့
ရပေမည်ဟုနှလုံးသွင်းကာအကောင်းအဆိုးကိုရင်ဆိုင်ကျော်လွှားလာသည်မှာ
နှစ်ပေါင်းများစွာ ကြာခဲ့ပေသည်။
မိမိသည် ဖခင်ဆုံးပါးသည်မှစ၍ မိမိတို့
ဗေဒင်ပညာ၌ အဆိုးဆုံးဘုမ္မိကြီးနယ်ပယ်
ကိုစတင်၍ ဖြတ်ကျော်ခဲ့ရသည်။တနင်္ဂနွေ
နေ့သားသမီးတို့၏ ဘုမ္မိကြီးကာလသည်
၁၇နှစ်ကြာမြင့်ပေသည်။ထိုကာလထဲ၌ ဘုမ္မိကြီးနှင့်ဘုမ္မိလေးထပ်သည့်နှစ်နှင့် ဘုမ္မိကြီးနှင့်မရဏဒဿာ ထပ်သည့်နှစ်သည်
အဆိုးဆုံးကာလများပင်ဖြစ်သည်။
ယခုနှစ်၌ ဘုမ္မိကြီးနှင့်မရဏဒဿာထပ်
သည့်နှစ်ဖြစ်၍ မပြေလည်မှုအမျိုးမျိုးနှင့်
ကြုံတွေ့ခဲ့ရသည်။ ယခုအချိန်၌လည်း
ကြုံတွေ့နေရဆဲပင်ဖြစ်သည်။
သို့သော်မိမိ၏ ဒုက္ခဆင်းရဲမှာ တခါတရံပိုက်ဆံပြတ်သွားသည့် ဒုက္ခမျှသာဖြစ်သည်။ တခြားသူများ ဤကာလ၌ ရောဂါအသက်ဘေး အိုးပျက်အိမ်ပျက်နှင့်
တွေ့ကြုံရသည်ကိုတွေ့မြင်ရသည်နှင့်နှိုင်းယှဥ်ကြည့်ပါက မိမိ၏ဒုက္ခမှာသက်သာလှ
ပေသည်။
သို့သော်မည်သည့်အရာမျှ မမြဲလှသည့်ဤ
လူ့ဘဝ၌ တွေ့ရသည့် ပြဿနာများ ဒုက္ခများသည်လည်း မမြဲသည့်အရာများပင်ဖြစ်ပေသည်။မိမိကိုယ်ကိုတောင်မပိုင်ဆိုင်
သည့်ဘဝ၌ သုခသည်လည်းမမြဲ ဒုက္ခသည်လည်း မမြဲအရာရာအနိစ္စဟု ပင်နှလုံးသွင်းရင်းဖြင့် ရှင်သန်နေရပေတော့သည်။
Sort: Trending