နှင်းမှုန်များကြား
လွမ်းဆွတ်သတိရ
ဤဆောင်းများစွာ
ဖြတ်ကျော်သော်လည်း
သတိရမှုက
မေ့ပျောက်မရ
သမီးတွေရဲ့
အချစ်ဦးက
ဖခင်တဲ့။
ဤစကားလုံးကြားတိုင်း
မျက်ရည်ဝဲမိ
လွမ်းဆွတ်ဖွယ်
ဆောင်းနေ့များသည်ကား
အကြိမ်ကြိမ်ကြုံတွေ့နေရဦးမည်။
ဘဝ၌မည်သည့်အရာကိုဖြတ်ကျော်ရသည်
ဖြစ်စေ စဥ်းစားမိသည်မှာ အဖေဆိုလျှင်
ဘယ်လိုစဥ်းစားပြီးဖြေရှင်းမလဲဆိုသည့်
အတွေးပင်ဖြစ်သည်။
ငယ်စဥ်ကတည်းကမိမိidolသည် အဖေပင်
ဖြစ်သည်။ အဖေဘယ်လိုလုပ်သည်
ဘယ်လိုတွေးသည် စသဖြင့်အရာရာကို
မသိစိတ်ကအတုခိုးနေမိသည်။
ထို့ကြောင့်ပင် တချို့အရာများ၌ သားအဖ
တူနေခြင်းဖြစ်ပေမည်။ အကျင့််စရိုက်နှင့်
စိတ်ဓါတ်သည်အဖေ့ဆီကရသည့်အမွေ
အတော်များပေသည်။
အဖေမရှိသော်ငြားလည်း အဖေသည်မိမိစိတ်ထဲ၌ ထာဝရတည်ရှိနေပေမည်။ မိမိသည် တချို့သောအရာများ၌ အဖေ့စိတ်နှင်တထပ်တည်းကျနေသည့် ကိုယ်ပွား
တစ်ယောက်ဖြစ်နေပေလိမ့်မည်။
မိမိ၏အဖေသည် မိမိဘဝ၌ မိမိအတွေး၌
ထာဝရရှင်သန်နေသည့် idolတစ်ယောက်ပင်ဖြစ်ပေလိမ့်မည်။