ကဗျာတစ်ပုဒ်

in HIVE-MYANMAR2 months ago

အဆုံးမဲ့မေတ္တာ
သူ့အတွက်သာ
ပူပန်မှုဖြင့်
ရင်မှအပူ
သောကမီးကို
ဟန်ဆောင်ဖုံးကွယ်
နေသော်ငြားလည်း
စားလည်းဒီစိတ်
သွားလည်းဒီစိတ်
ထာဝရသတိရ
အချစ်ဆုံးသူ့မျက်နှာ
အမြဲပင်စိတ်မှာ
၁၅၀၀ထက်ပို၍
၅၂၈ပင်အပိုထားတာ
အဆုံးချစ်ခြင်း
သူ့ဆီကိုသာ
ပုံကာအပ်နှင်း
အချစ်ဆုံးသူအတွက်သာ။

ကဗျာမရေးတာကြာ၍စမ်းရေးကြည့်မိသည်။
မိမိonline၌စာရေးသည်ကိုတွေ့သည့်သူများက တော်တော်ပိုက်ဆံရနေသည်ဟု ထင်မြင်ကြသူများရှိသည်။၂၀၁၃ခုနှစ်ကတည်းကfree blogလေးဖြင့်steemit နှင့် hiveအပါအဝင်pageလေးများ၌လည်းရေးနေသည်။သို့သော်ဝါသနာအရင်းခံဖြင့်သာ အသက်ရှင်နေတုန်းလုပ်သွားမည့်အလုပ်တခုသာဖြစ်ပေသည်။