ဒီနေ့စာရေးသူတယောက်အိမ်၌ ဟင်းချက်စရာဘာမှမရှိတော့ပေ။ထို့ကြောင့်online၌ဟိုရှာဒီရှာရှာထားသည့်ငွေ
လေးများအား ထုတ်ယူရန်kpayဆိုင်သို့ဝင်ခဲ့သည်။
၁၇၀၀၀ကျပ်တိတိ ထုတ်ယူ၍ သုဝဏ္ဏဈေးသို့ ဈေးဝယ်
ရန်ထွက်လာခဲ့သည်။
မရမ်းသီးပေါ်ချိန်ဖြစ်၍ မရမ်းသီးကြော်လေးစားချင်လာခဲ့
သည်။မရမ်းသီးလေးပါအောင်ဝယ်မည်ဟု စိတ်ကူးရင်း
ဟိုကြည့်ဒီကြည့်လုပ်နေခဲ့သည်။ပထမဦးဆုံး အသားငါး
ဝယ်မည်ဟုတွေးရင်း ဝက်သားသည်အားလှမ်းကြည့်ရာ
ရောင်းကုန်သွားသည်ကိုတွေ့၍ ကြက်သားဝယ်မည်ဟု
ဆုံးဖြတ်လိုက်ပြီး ကြက်သားသည်ဆီသို့ဦးတည်လိုက်
သည်။CPကြက်သားဘယ်ဈေးလဲဟုမေးလိုက်ရာ
ဈေးသည်မှ ၁ပိဿာ၁၂၀၀၀ဈေးဟုဖြေပါသည်။
မိမိလည်းကြက်သား၂၅ကျပ်သား ၃၀၀၀ကျပ်ဖိုးဝယ်
လိုက်ပါသည်။

ထို့နောက်အဓိကစားချင်သည့် မရမ်းသီးလေးများအား
အပုံလေးတွေပုံ၍ ရောင်းနေသည်ကိုတွေရ၍ တပုံကို
ဘယ်လောက်လဲဟုမေးရာတွင် ၁၀၀၀ကျပ်ဟုပြန်ဖြေ
ရာ ဝယ်သင့်မဝယ်သင့်စဉ်းစားမိပါသည်။ထို့နောက် ဝယ်
လိုက်ပါမည်ဟု ဆုံးဖြတ်ပြီး မရမ်းသီးတပုံဝယ်ခဲ့လိုက်ပါ
သည်။
မရမ်းသီးနှင့်ကြော်ရန်အတွက် ပုဇွန်ခြောက်သေးသေး
လေးတွေဝယ်ဖို့ရန်အတွက် ငါးခြောက်ပုဇွန်ခြောက်ဆိုင်၌
ရပ်လိုက်ရင်း ပုဇွန်ခြောက်ငါးကျပ်သား ၁၀၀၀ကျပ်ဖိုး
ဝယ်လာခဲ့ပါသည်။

တဖန်ဟိုကြည့်ဒီကြည့်လုပ်ရင်း ပြောင်းဖူးလေးတွေ အပုံ
လေးတွေနှင့်ရောင်းသည်ကိုတွေ့၍ မေးကြည့်ရာတွင်
ပြောင်းဖူး၎ဖူးပါ ၁ပုံကို ၁၀၀၀ကျပ်ဟုပြန်ဖြေပါသည်။
တန်သည်ဟုစိတ်ထဲတွေးရင်းပြောင်းဖူး ၄ဖူး ၁၀၀၀ကျပ်
ဖိုးဝယ်ခဲ့ပါသည်။

ငရုတ်သီးစိမ်းကုန်နေသည်ကိုသတိရရင်း ကုန်စိမ်းသည်ဆီမှငရုတ်သီးစိမ်း ၃၀၀ကျပ်ဖိုးဝယ်ခဲ့ပါသည်။လက်ထဲ၌
အထုတ်များပြည့်နေ၍ ထပ်မဝယ်တော့ဖို့ဆုံးဖြတ်ရင်း
အိမ်သို့ပြန်လာခဲ့ပါသည်။
အိမ်၌ထမင်းအိုးတခုထဲမနက်ကမှီလိုက်သည်ကို သတိရ
သွားရင်း အကြော်သည်ဆီမှကြက်သွန်ကြော်၃ခုဝယ်လိုက်
ရာ၉၀၀ကျပ် ကုန်ကျသွားခဲ့ပါသည်။
သုဝဏ္ဏဈေးနှင့်နီးသည့် ကြီးတော်အိမ်အားဝင်လည်ရင်း
စကားစမြည်လေးပြောပြီး မိမိအိမ်သို့ပြန်လာခဲ့ပါသည်။
အိမ်ပြန်ရောက်သောအခါ၌ ထမင်းဆီဆမ်းနှင့်ကြက်သွန်
ကြော်ဖြင့် နေ့လည်စာစားခဲ့ပါသည်။
ထို့နောက်ဈေးဝယ်ခဲ့သည့်ကုန်ကျစရိတ်ကိုတွက်ပါသည်။
ကြက်သား ၃၀၀၀ကျပ်၊ မရမ်းသီး ၁၀၀၀ကျပ်
ပြောင်းဖူး ၁၀၀၀ကျပ်၊ ပုဇွန်ခြောက် ၁၀၀၀ကျပ် ၊
ငရုတ်သီးစိမ်း ၃၀၀ကျပ်၊ကြက်သွန်ကြော် ၉၀၀ကျပ်
စုစုပေါင်း ၇၂၀၀ကျပ်ကုန်ကျခဲ့ပါသည်။
နေ့လည် ၁နာရီမီးလာလျှင်ဟင်းချက်မည်ဟုတွေးနေရင်း
ဤPostရေးပြီးသည့် ၁နာရီ၅၂မိနစ်ထိလျှပ်စစ်မီးက
ပေါ်မလာဇာတ်ကားရိုက်နေပေသည်။ဟင်းချက်ရန်
စောင့်နေရင်းဖြင့်အဆုံးသတ်လိုက်ပါတော့သည်
!pizza
!PIZZA
!MEME
Credit: antisocialist
Earn Crypto for your Memes @ HiveMe.me!
$PIZZA slices delivered:
htwegyi tipped eieikhing
@kachinhenry(9/10) tipped @eieikhing
တရက်တရက် ဘာချက်စားရမလဲ နဲ့ ခေါင်းကိုက် !PIZZA
ဟုတ်တယ်အစ်ကိုရေ budget saveဖြစ်တာစဉ်းစားရသေးတယ်