ယခုတလောစာရေးချင်စိတ်တော့ဖြစ်
မိသည်။ရေးချင်သည့်အတွေးများလည်း ရှိသည်။သို့သော်လည်း မြင့်တက်လာသည့်
ကုန်စျေးနှုန်းနှင့်အပူသောကများနှင့်အတူ
လွင့်ပျယ်သွားပြန်သည်။
အလုပ်အကိုင်ကထင်သလောက်အဆင်မ
ပြေမှု၊ online မှဝင်ငွေမှာလည်းပုံသေမရှိပေ။သို့သော်လည်း ကိုယ့်ထက်ဆိုးသောဘဝများရှိပေသေးသည်ဟု အားတင်းနေမိ
သည်။
အတတ်နိုင်ဆုံးမကောင်းသောအတွေးများ မကောင်းသောစကားသံများမပြုမိအောင်
အတတ်နိုင်ဆုံးနေထိုင်နေပါသည်။
facebookသုံးလိုက်မသုံးလိုက်နေရင်းမှ
postလေးတခုကိုသွားဖတ်မိသည်။
အငုံစိတ်အကြောင်းရေးထားသည့် စာစုလေးပင်ဖြစ်သည်။ဤစာစုလေးအားဖတ်
မိရင်းမှ မိမိ၌လည်းအငုံစိတ်ရှိသည်လား မရှိသည်လားစမ်းစစ်မိသည်။ထိုအငုံစိတ်ဆို
သည်မှာ မိမိ၏ဘဝဖြစ်တည်မှုနှင့်သူတပါး
၏ဘဝဖြစ်တည်မှုကို နှိုင်းယှဥ်ရင်းမှဖြစ်
လာသည့်စိတ်တမျိုးပင်ဖြစ်သည်။
မိမိစဥ်းစားမိသည်မှာ ငယ်စဥ်ကတည်းက
မိမိကိုယ်မိမိဘာဖြစ်ချင်သည်ကိုသိအောင်
ကြိုးစားသည်။မိမိဖြစ်ချင်သည့် ဘဝပုံစံ မိမိလုပ်ကိုင်သည့်အလုပ်အကိုင်ကိုမိမိ
ကိုယ်တိုင်ဖန်တီးယူသည်။
မိမိမလုပ်ချင်သည့်အလုပ်အကိုင် ဘဝ
နေနည်းပုံစံကို ငွေနှင့်မတိုင်းတာပေ။မိမိ၏
စိတ်ဝင်စားမှု၊စိတ်ပါဝင်စားမှု၊ပျော်ရွှင်မှု
တို့ဖြင့်သာတိုင်းတာသည်။
မိမိစဥ်းစားမိသည်မှာမိမိဘဝကိုကျေနပ်၍
မိမိလုပ်ချင်သည့်အရာများကိုလုပ်ကိုင်
နိုင်နေသောသူသည် မိမိဘဝနှင့်ယှဥ်၍ သူတပါးဘဝတို့ကိုယှဥ်ပြိုင်ချင်းကင်းပေလိမ့်
မည်။
ထိုအခါသူတပါးအပေါ်၌ မနာလိုဝန်တိုမှု
အလွန်နည်းပါးပေလိမ့်မည်။စိတ်ဓါတ်ကျဆင်းမှုလည်းမရှိသလောက်ဖြစ်ပေလိမ့်မည်။
တွေးမိသောအတွေးလေးအားအနည်းငယ်
ချရေးကြည့်မိခြင်းဖြစ်ပေသည်။
Right 👍
!PIZZA
$PIZZA slices delivered:
@htwegyi(1/10) tipped @eieikhing