We Got 1 point

in HIVE-MYANMAR2 months ago

EPL Week 20 ပွဲစဉ်များ အပြီးမှာ ပြောစရာတွေလည်း များလာခဲ့၏။ မထင်မှတ်ဘဲ ကောင်းသွားသည့် ပွဲကတော့ Liverpool vs Man United ပွဲ ဖြစ်လေ၏။ ရှုံးမယ် ထင်သည့်ပွဲမှ သရေတွေ ဘာတွေကျလို့။ Maguire ၏ နောက်ဆုံး မိနစ်မှာ ရခဲ့သည့် အခွင့်အရေးလေးသာ အဆုံးသတ် သေချာခဲ့ရင် United ကတောင် နိုင်သွားနိုင်၏။ ခေါင်းကြီးက မိုးထောင်ပြီး ကန်သွားလိုက်တော့ 3 မှတ်အစား၊ သရေ 1 မှတ်နဲ့သာ ကျေနပ်ခဲ့ရတော့။ ဘာပဲ ပြောပြော သရေ 1 မှတ်ကလည်း မခါးဘူမလား။ ရှုံးပွဲဆက်နေသည့် အသင်းအဖို့ 1 မှတ်ကလည်း အဖိုးတန်သည် မဟုတ်လား။

ရယ်ရတာက Chelsea ဖြစ်၏။ အစက ဟုတ်မလိုလိုနဲ့ ခုတော့ တဖြည်းဖြည်း သရေပွဲတွေ ဆက်လို့ လာနေတော့၏။ Landon အသင်းတွေက United ကို အဲ့လိုကို ချစ်ကြတာ။ ပြီးခဲ့သော နှစ်တွေတုန်းကတော့ Arsenal ပေါ့။ ဒီနှစ်တော့ Chelsea လို့ ပြောရပေလိမ့်မည်။ United နိုင်ပွဲတွေ ရလာတော့ သူတို့တွေလည်း နိုင်လာ လိုက်တာ အဆင့် 2 တွေ ဘာတွေ ရလာရော။ ခု United လွဲတော့ သူတို့ပါ လိုက်ပြီး လွဲနေလေရော။ စတုန်းက Champion ဖြစ်ခွင့်ကို ချိန်းခြောက် နိုင်လေမလားပေါ့။

ချီးကျူးရမှာက Man City ဖြစ်၏။ ရလဒ် ဆိုးတွေကို ချေဖျက်ပြီး 2 ပွဲဆက် နိုင်ပွဲ ပြန်လည်လို့ ရှာတွေ့နေခဲ့၏။ ကိုယ်တွေ United သာ။ ခုထိ လိမ်ဖယ်ဖယ်နဲ့။ နို့ပေမယ့် Liverpool ကို သရေကျခဲ့တယ် ဆိုတော့ မဆိုးလှပေ။ အဆိုးထဲကနေ အကောင်းကို ပြန်လည် ရှာဖွေ နိုင်ခဲ့သည် ဆိုရပေလိမ့်မည်။

Liverpool ၏ ခြေချော်မှုကို အခွင့်အရေး မယူနိုင် ခဲ့တာကတော့ Arsenal အတွက် နစ်နာလှပေ၏။ Brighton ကို အဝေးကွင်းမှာ 1-1 ဂိုး သရေကျသွားခဲ့ရ၏။ ခုတော့ 1 ပွဲ အသာကိုမှ Liverpool နှင့် 6 မှတ်အကွာ၊ အဆင့် 2 နေရာမှာ ရပ်တည်နေ၏။ EPL က ကြည့်ကောင်းရမည့်ဟာကို ခုတော့ ဒီအတိုင်းဆို Liverpool ဖလား ဖြစ်နေမည် ထင်ပါရဲ့။

Sort:  

!LOLZ
!MEME

Why did the farmer dress his pig in an apron?
Pretty soon he would be bacon.

Credit: reddit
$LOLZ on behalf of htwegyi

(1/8)
NEW: Join LOLZ's Daily Earn and Burn Contest and win $LOLZ@donjaun, I sent you an

Congratulations @donjaun! You have completed the following achievement on the Hive blockchain And have been rewarded with New badge(s)

You distributed more than 16000 upvotes.
Your next target is to reach 17000 upvotes.

You can view your badges on your board and compare yourself to others in the Ranking
If you no longer want to receive notifications, reply to this comment with the word STOP

Check out our last posts:

The 2024 Yearly Author Challenge is Over - Congrats to the Winners
Our Hive Power Delegations to the December PUM Winners
Feedback from the January Hive Power Up Day