Round 17

in HIVE-MYANMAR16 days ago

EPL Round 17 ပွဲစဉ်များ ဒီနေ့မှာ ယှဉ်ပြိုင် ကစားမည် ဖြစ်၏။ ဒီနေ့မှာ ပွဲစဉ် 6 ပွဲ ကစားသွားမည် ဖြစ်၏။ အစောဆုံး ပွဲစဉ် အဖြစ် New Castle vs Chelsea တို့ ည 7 နာရီမှာ စတင် ကစားမည် ဖြစ်၏။ အဆင့် 12 နှင့် အဆင့် 4 တို့ တွေ့ဆုံကြသည့် ပွဲ ဖြစ်၏။ EPL မှာ အဆင့် ကွာနေပေမယ့် UCL မှာတော့ 10 မှတ်စီဖြင့် New Castle က အဆင့် 12, Chelsea က အဆင့် 13 တို့မှာ ရပ်တည်နေ၏။ နောက်ဆုံး နှစ်ကြိမ် တွေ့ဆုံထားမှုမှာတော့ New Castle ကသာ အနိုင်ရထားခဲ့၏။ New Castle ၏ အိမ်ကွင်းလည်း ဖြစ်နေတာမို့ Chelsea အတွက် အခက်အခဲတော့ ရှိနိုင်ပေလိမ့်မည်။

Bournemouth vs Burnley ပွဲစဉ်မှာတော့ Bournemouth ပဲ အနိုင်ရသွားမယ်ဟု ထင်မြင်မိ၏။ နောက်ဆုံး ငါးပွဲမှာ နိုင်ပွဲ တပွဲမှ မရထားသည့် နှစ်သင်း တွေ့ဆုံနေခြင်း ဖြစ်၏။ Bournemouth က သရေ 3 ပွဲနှင့် 2 ပွဲ ရှုံးထား၏။ Burnley ကတော့ 5 ပွဲလုံး ရှုံးထား၏။ လက်ရှိမှာလည်း အဆင့် 19 နေရာမှာ ရပ်တည်နေ၏။ ဒီရာသီ တန်းဆင်းရမယ့် အသင်းတွေထဲ Wolves နှင့် Burnley ပါသွားဖို့ များနေခဲ့ပြီ ဖြစ်၏။

Brighton vs Sunderland ပွဲစဉ်ကတော့ ပြောရခက်နေ၏။ ကျနော့် အနေနဲ့ကတော့ Sunderland ကို သဘောကျ၏။ တန်းတက်တွေထဲမှာ သူက အစွာဆုံး မလား။ ခုထိလည်း ပုံစံကောင်းတွေကို ပြသထားနိုင်ခဲ့၏။

Man City vs West Ham ပွဲစဉ်မှာတော့ City ကပဲ အနိုင်ယူပြီး Arsenal ကို ဆက်လက်ဖိအားပေးသွားဖို့ ရှိနေ၏။ West Ham အနေဖြင့် ယခင် ရာသီတွေတုန်းကလို ထင်မှတ်မထားတာတွေ လုပ်ပြနိုင်ခြင်း မရှိနေပေ။ လက်ရှိမှာလည်း အဆင့် 18 နေရာမှာ ရပ်တည်နေ၏။ City အိမ်ကွင်း ဖြစ်ပေမယ့် West Ham ၏ ရုန်းကန်အားကိုလည်း ပြန်လည်မြင်သွားရဖို့ ရှိနေပါသေး၏။

Wolves vs Brentford ပွဲစဉ်မှာတော့ ဧည့်သည် Brentford ကပဲ အသာရသွားဖို့ ရှိနေ၏။ ရာသီဝက် ရောက်လာချိန်ထိ Wolves တို့ အနေဖြင့် နိုင်ပွဲ ရှာမတွေ့ထားသေးတာ အတော်လေး ဆိုးလှ၏။

ည 12 နာရီမှာတော့ စနေနေ့၏ အကောင်းဆုံး ပွဲစဉ်ဟု ပြောရမယ့် Tottenham vs Liverpool တို့၏ ပွဲစဉ် ရှိ၏။ ပြီးခဲ့သော တပတ်မှာ Nottm Forest ကို 3-0 ဖြင့် ဂိုးပြတ် ရှုံးထားသည့် Tottenham တို့ အနေဖြင့် ဒီတပတ်မှာ Liverpool နဲ့ ထပ်မံ ကစားရခြင်းက ခက်ခဲစေနိုင်၏။ နောက်ပိုင်းပွဲတွေမှာ ပုံစံကောင်း ပြန်ရလာသည့် Liverpool ကို ပိုသဘောကျမိပေမယ့် Salah ၏ သတင်း ဇာတ်လမ်းတွေက အသင်းအပေါ် မည်မျှ ရိုက်ခတ်နိုင်သလဲကတော့ စောင့်ကြည့်ရပေလိမ့်မည်။

(photos from Premier League Page)

Sort:  

မန်ယူပွဲက ၂ ပက်ရှိပြီး နောက်ကျပြီး ညနက်ပွဲတွေဖြစ်နေလို့ မကြည့်ဖြစ်ခဲ့ဘူး။

!PIZZA

အတူတူပဲဗျ။

PIZZA!

$PIZZA slices delivered:
@myanmarkoko(1/5) tipped @donjaun

Send $PIZZA tips in Discord via tip.cc!