နက်ဖြန် မနက် 9 နာရီမှာ ရှုံးထွက်အဆင့် ပွဲစဉ် ကစားရမည် ဖြစ်၏။ ဒီနေ့ တရက် အနားရ၏။ မနေ့က အုပ်စု နောက်ဆုံးပွဲကို အတော်လေး အားထုတ်လိုက်ကြရ၏။ တသင်းလုံး အကောင်းဆုံး ကြိုးစားမှုကြောင့် လိုချင်သော ရလဒ်ကို ရယူ ပိုင်ဆိုင် နိုင်ခဲ့၏။ တဖက်အသင်းကလည်း အတော်လေးကောင်း၏။ သူတို့က သရေကျရုံနဲ့ နောက်တဆင့် တက်မည် ဖြစ်ပေမယ့် ကျနော်တို့ကကြ နိုင်မှသာ နောက်တဆင့် တက်နိုင်မည် ဖြစ်၏။
ပွဲစတင် ကစား၏။ သူတို့က ထိန်းကစား၏။ ကျနော်တို့ကလည်း ထိန်း၏။ ခံစစ်ကို အားပြုပြီး တန်ပြန်တိုက်စစ်နဲ့သာ ကစားဖို့ ပြင်ထား၏။ အနိုင်ရဖို့ လိုသဖြင့် ဂိုးသွင်းခွင့်ရပါက သွင်းယူပစ်ဖို့ Pivot ကစားသမားတွေကို မှာထားရ၏။ ဦးဆောင်ဂိုးကို သူတို့ စသွင်း၏။ ထို့နောက် ကျနော်တို့က ချေပဂိုး ပြန်သွင်း၏။ ပြီးနောက် ကျနော်တို့ ဦးဆောင်ဂိုး သွင်း၏။ သူတို့က တဖန် ချေပဂိုးနဲ့ ဦးဆောင်ဂိုး နှစ်ဂိုးဆက် သွင်းယူ၏။ တဖန် ကျနော်တို့က ချေပဂိုးနဲ့ အနိုင်ဂိုး သွင်းယူပြီး နောက်တဆင့် တက်ရောက်ခွင့်ကို အရယူသွားနိုင်ခဲ့၏။
ပွဲက အပြန်အလှန် သွင်းဂိုးတွေနဲ့ အကြိတ်အနယ် ရှိလှ၏။ လာရောက်ကြည့်ရှုသူများ၏ ပြန်လည် ပြောကြားချက်များအရ ထိုနေ့က ပွဲစဉ်တွေထဲမှာ ကျနော်တို့ပွဲက ကြည့်လို့အကောင်းဆုံးပွဲ ဖြစ်သည်ဟု ဆိုကြ၏။ တကယ်လည်း ပွဲက မြိုင်ခဲ့သည်ကိုး။ မည်သို့ပင် ဆိုစေကာမူ အနိုင်ကစားနိုင်ခဲ့သောကြောင့် နောက်တဆင့်တော့ တက်သွားခဲ့လေပြီ။
နက်ဖြန် မနက်ပိုင်းမှာတော့ ကျနော်တို့အသင်းအနေနဲ့ 16 သင်းဆင့် ရှုံးထွက် ပွဲစဉ် ကစားရမည် ဖြစ်၏။ ပြိုင်ဘက် အသင်းက အသင်းကောင်း ဖြစ်၏။ ပြည်နယ်အဆင့် ရွေးချယ်ခံ ကလေးတွေ ပါနေ၏။ ကျနော်တို့ သူတို့နဲ့ ပြိုင်ပွဲတခုမှာ ဆုံဖူး၏။ အတော်လေး ကစားယူခဲ့ရ၏။ အနိုင်တော့ မရခဲ့ပေ။ ခုချိန် ပြန်လည်တွေ့ဆုံမှုက ကျနော်တို့ အတွက် ရှုံးကြွေးဆပ်ခွင့်ရဖို့ ဖြစ်လာခဲ့၏။
သူတို့ အသင်းက ကိုယ်တွေထက် ပိုမို တောင့်တင်းတာ မှန်ပေမယ့် ဘောလုံးဆိုတာ အလုံးကြီး မလား။ ဘာမဆို ဖြစ်သွားနိုင်၏။ သူတို့ အသင်းကိုသာ နိုင်လိုက်ရင် ကျနော်တို့ အသင်းကို ခုထက် ပိုပြီး သိသူတွေ များလာမည် ဖြစ်၏။ ထို့ပြင် အသင်း၏ Level လည်း နောက်တဆင့်ကို တက်ရောက်သွားမှာ ဖြစ်လေတော့၏။
!hiqvote
!PIZZA
!MEME
Credit: orionvk
Earn Crypto for your Memes @ HiveMe.me!
$PIZZA slices delivered:
(1/10) @htwegyi tipped @donjaun
@donjaun, the HiQ Smart Bot has recognized your request (1/1) and will start the voting trail.
In addition, @donjaun gets !PIZZA from @hiq.redaktion.
Discord. And don't forget to vote HiQs fucking Witness! 😻For further questions, check out https://hiq-hive.com or join our