Telegram airdrop တွေလည်း တခုပြီး တခု ထွက်လာလို့နေ၏။ ထွက်သမျှ airdrop တိုင်း လိုက် လုပ်နေရမယ်ဆိုရင်လည်း တနေ့ 24 နာရီတောင် လောက်မည် မထင်ပေ။ လုပ်နိုင်တဲ့ဟာလေး၊ သေချာတဲ့ဟာလေး ရွေးလုပ်ပြန်တော့လည်း ပြန်ရတာက မတန်ပေ။ ဥပမာ TOMA (tomato) လိုပေါ့။ ဟိုဟာခိုင်း ဒီဟာခိုင်းနဲ့။ ဒီကြားထဲ List မယ် ပြောထားသည့် ရက်အစား အခြားရက်မှ list ၏။ တော်တော်ကြီး နောက်ကျမှ List ၏။
မည်သို့ပင် ဆိုစေ စိတ်မကုန်သေးသဖြင့် လုပ်ဖြစ်နေ၏။ လုပ်လက်စလည်း ဖြစ်နေပြီကိုး။ ဒီရက်ပိုင်းတော့ Telegram airdrop bot လေးတခု လုပ်ဖြစ်၏။ Drago Evolution ဖြစ်၏။ နဂါးဥလေးကနေ နဂါးကောင်လေး ဖြစ်လာသည်အထိ အဆင့်ဆင့် ကစားရမည် ဖြစ်၏။ Tab bot တမျိုးပင်။ နောက်ပိုင်း NFT တွေ ဘာတွေအထိပါ ပါလာမည် ဆို၏။ သူ့ထူးခြားချက်က level တခုရောက်တိုင်း Ton ပေးခြင်း ဖြစ်၏။
Level 1 to 2 ဆိုရင် 2.5 Ton, Level 2 to 3 ဆိုရင် 3 Ton, Level 3 to 4 ဆိုရင် 1.5 Ton ဆီရမည် ဆို၏။ Tab ဂိမ်းတို့၏ ထုံးစံအတိုင်း တတောက်တောက် နှိပ်နေရမှာ ဖြစ်၏။ ထိုသို့ မနှိပ်ချင်သဖြင့် auto mining ကိုပဲ အဓိကထားပြီး upgrade လုပ်ဖြစ်၏။ တပတ်အတွင်း Level 1 မှ 2 ကို ရောက်၏။ ဒီနေ့ စမ်းထုတ်ကြည့်ထား၏။ တရက်မှ သုံးရက်အတွင်းတော့ ကြာလိမ့်မည်ဟု ဆို၏။ ထုတ်ရခဲ့ရင်တော့ ပြန်လာပြောပေးပါဦးမည်။
သဘောကျတာက သူက Task တွေ အများကြီး မပါပေ။ (ခုထိကိုပေါ့။ နောက်များမှ တိုးလာရင်တော့ မပြောတတ်ပေ။) လက်ရှိ Ton ဈေးက 5$ ဝန်းကျင်ဆိုတော့ မဆိုးဟု ဆိုရပေလိမ့်မည်။
ဒီရက်ပိုင်း စာရေးတာ ပျက်ကွက်လို့လည်း မဖြစ်ပြန်ပေ။ Hive ဈေးလေး တက်နေတော့ စာမရေးလို့ ပိုစ့် မတင်လိုက်ရရင် ကိုယ်ပဲ နစ်နာမည်မလား။ ထို့ကြောင့် Telegram airdrop အကြောင်းလေး ရေးလိုက်ရခြင်း ဖြစ်၏။
!hiqvote
ဟိုက်ဈေးတက်တော့ နေ့စဉ်ပိုစ့်တင်နိုင်ဖို့
လုပ်ရအုံးမှာပါလေ။
!LOLZ
!MEME
lolztoken.com
They were Polo opposites.
Credit: reddit
$LOLZ on behalf of htwegyi
(1/8)
NEW: Join LOLZ's Daily Earn and Burn Contest and win $LOLZ@donjaun, I sent you an
Credit: orionvk
Earn Crypto for your Memes @ HiveMe.me!
@donjaun, the HiQ Smart Bot has recognized your request (1/1) and will start the voting trail.
In addition, @donjaun gets !PIZZA from @hiq.redaktion.
Discord. And don't forget to vote HiQs fucking Witness! 😻For further questions, check out https://hiq-hive.com or join our