တဲလေးဆောက်ပြီးတော့ ပစ္စည်းလေးတွေ ဝယ်စရာရှိတာဝယ် တောင်းလို့ ရတန်တာတောင်း ဓါးပြတိုက်သလို မစရာရှိတာ မချလာပြီးတော့ စုံလောက်ပြီအထင်နဲ့ တဲမှာ စအိပ်ပါလေရော ။ ဇာတ်လမ်းက အဲ့ဒီမှာစပြီ ဘုရားပန်းလှူမယ်လုပ်တော့ ပန်းအိုးပါပြီး ပန်းပါမလာဘူး အယ်ဘုရားလဲ မပင့်လာရသေးဘူးဘဲ 😁😁😁 ။
ထူးပါဘူး ပန်းကန်လေးတွေ ဆေးမယ်ဆိုပြန်တော့ ဇလုံက မရှိ ။ တော်ပါသေးရဲ့ ဒန်အိုးတော့ရှိပါရဲ့ ။ ထမင်းလေး မချက်တတ်ချက်တတ် ခပ်တူးတူး မာမာလေးချက်ပြီးတော့ အနားက ဘုန်းကြီးကျောင်း တောကျောင်းလေး သွားပို့ ။ ပြီးမှ စားကြည့်တော့ ထမင်းက 😁😁😁 ။
![IMG_20211210_171844.jpg](
ဟင်းကတော့ ကိစ္စသိပ်မရှိ ကြက်ဥကို နှစ်မျိုးကြော်တတ်သည် ။ ရိုးရိုး ဖောက်ထည့်ပြီးကြော်တာရယ် မကြော်ခင် ပန်းကန်ထဲထည့် မြေွှပြီးကြော်တာရယ် ။ ဒီလိုနဲ့ အဆင်ပြေမယ်ထင်ထားပေမဲ့ ဒယ်အိုးမီးဖိုပေါ်က ချစရာ လက်နီးက မရှိ အရွှက်တွေပြေးကောက်ချရ ။ ဒီလိုနဲ့ အပူတွေလောင်ပြီးတော့ ဘယ်ဆိုင်ကမှနဲ့ မတူတဲ့ ထမင်းဆီဆမ်း အစစ် လေးစားလိုက်လေသည် ။ မစစ်မှာစိုးလို့ ဆားပင်မဖြူးလိုက် ဆားဝယ်ရဦးမှာဘဲ ။
ဒီလိုနဲ့ ကမောက်ကမများနဲ့ ပထမနေ့ တစ်ပိုင်းလေးပါ ကျန်တာတော့ အဆင်ပြေအောင် နေရမှာပါဘဲလေ ။
အားမငယ်နဲ့ညီရေ လူဆိုတာ လာတော့လဲ တစ်ယောက်ထဲ ပြန်တော့လဲ တစ်ယောက်ထဲ ကိုယ့်အားကိုယ်ကိုးတတ်လာရင် အရာရာလွယ်ကူလာမယ်၊။
ဟုတ်ကဲ့ပါ အကိုရေ ဆက်ပြီး ကြိုးစားပါအုံးမယ်😊😊😊
အော်
စျေးဗန်းတွေ ခင်းနေပြီပဲ ဟီးဟီး
!PIZZA
ဟုတ်ရပါဘူးဗျာ ဒါနဲ့
PIZZA Holders sent $PIZZA tips in this post's comments:
kachinhenry tipped domelay (x1)
donjaun tipped domelay (x1)
@htwegyi(5/8) tipped @domelay (x1)
You can now send $PIZZA tips in Discord via tip.cc!
ကြက်ဉကို မီးဖုတ်စားရတာ မီးဖိုထဲပစ်ထည့်ထားလိုက် !LOL
lolztoken.com
It was a weapon of math disruption.
@domelay, I sent you an $LOLZ on behalf of @ansoe
Use the !LOL or !LOLZ command to share a joke and an $LOLZ. (1/2)
ဖုတ်စားမှာနောက်ခါ 🤣🤣🤣
ဒိုမီ... ပုံထဲက ချောင်းလေးထဲမှာ ငါးရှိသလား..? !PIZZA. !LOL
lolztoken.com
You are out of jokes for the day!
@kachinhenry you can call @lolzbot a maximum of 6 times per day.
Level up by buying more $LOLZ so you can share more jokes per day!
တဖြည်းဖြည်းတော့အဆင် ပြေသွားမှာပါ
!PIZZA