အဆိပ်နဲ့ဆူးနဲ့

in HIVE-MYANMAR3 years ago

တစ်ခါက အဆိပ်ရှိတဲ့ ဆူးပင်ကြီးတစ်ပင်ရှိသတဲ့ အဲ့ဒီ အပင်ထဲကနေ ထူးဆန်းစွာနဲ့ ကောင်လေးတစ်ယောက် မွေးဖွားလာခဲ့တာပေါ့ ။ ကလေးလေး မှာလဲ ဆူးတွေနဲ့ ရုပ်ကလဲ ဆိုးသတဲ့ ။ အနီးနားမှာ ရွှာတွေရှိတော့ သဘောကောင်းတဲ့ ရွှာသူရွှာသားတွေက သနားစရာကောင်းတဲ့ ဆူးတွေနဲ့ ကောင်လေးကို မွေးချင်ကြပေမဲ့ ဘယ်သူမှလဲ မမွေးရဲဘူးပေါ့ ။ သူ့အနားရောက်တယ်ဆိုတာနဲ့ ဆူးတွေတောင်မထိရသေးခင် အဆိပ်ငွေ့တွေကလဲ ရှိတာကြောင့် အနားကပ်တဲ့သူတွေတောင် အလွန်နာကျင်ရပြီး အတော်ကုသရသတဲ့ ။ ဒီလိုနဲ့ ကောင်လေးက တောထဲမှာ နေတန်တာနေ ရွှာသားတွေ အဝေးကနေချပေးတဲ့စားစရာလေးတွေစားရင်း အရွှယ်ရောက်လာတာပေါ့ ။

ကောင်လေးအရွှယ်ရောက်လာတော့ ရွှာထဲက သာမာန်ကောင်မလေး တစ်ယောက်ကို ချစ်မိသတဲ့ ။ ဒါပေမဲ့ ဖြစ်မလား ကောင်လေးသာ အနားကပ်ရင် ကောင်မလေးက အဆိုးတွေဖြစ်မှာလေ ။ ကောင်လေးက အသံကြားရာလောက်က စကားပြောရင်တောင် အဆိပ်ငွေ့တွေ လွှင့်သွားပြီး ကောင်မလေးကို ထိခိုက်စေနိုင်သတဲ့ ။ ဒါကြောင့် ကောင်မလေးကို အဝေးကသာ ငေးကြည့်နေရတော့တာပေါ့ ။ ဒီလို နဲ့ တစ်ရက်ပြီးတစ်ရက် ။

download (2).jpeg

ကောင်မလေးကလဲ အဆိပ်ကောင်လေး ကြိုက်နေတာ သိရှာပါတယ် ။ ကောင်မလေးရဲ့စကားသံသဲ့သဲ့ကိုတော့ သူကြားဖူးလိုက်သေးတယ်လေ အလွန်သာယာပြီး မေ့မရနိုင်စရာ ခံစားချက်အစုံအလင်နဲ့ ။ `` နင်ကလူကောင်း ငါကလူဆိုး ´´ တဲ့ ။ ကောင်လေးရဲ့ ရင်ထဲမှာ ပြောနေမိတာကတော့ `အဆိပ်သင့်နေတဲ့ ဆူးတွေနဲ့ ရုပ်ဆိုးဆိုးကောင်ကြီးကသာ လူဆိုးပါသဲရယ် ´ ။

Sort:  

အယ် တန်းလန်းကြီးထားသွားပြန်ပြီ။
ဒီလိုမရဘူးနော် ဇာတ်သိမ်းထိစောင့်နေမှာ 😀

!PIZZA

Connect

Trade


@domelay! I sent you a slice of $PIZZA on behalf of @myanmarkoko.

Learn more about $PIZZA Token at hive.pizza (3/20)

ဘယ်လိုစောင့်မှာလဲလို့စ် ပြီးပြီလေကိုကိုလေးရဲ့


Posted via proofofbrain.io