တောင်ဝိုင်း တောင်ပေါ်သို့တခေါက်ရောက်ခဲ့စဥ်က

in HIVE-MYANMAR2 years ago (edited)

အားလုံးသော Hive Myanmar အဖွဲ့သားများအားလုံး ကျန်းမာ ချမ်းသာရှိကြပါစေခင်ဗျာ။

အားလုံးသိပြီးဖြစ်တဲ့အတိုင်းပါပဲ hive စျေးကတော့ 0.62$ ၀န်းကျင်အထိ ရောက်ရှိခဲ့လို့ messenger group မှာ ပွဲဆူ စည်ကားခဲ့သလို အခုတော့လည်း သူမဟုတ်သလို 0.42$ ၀န်းကျင်မှာ ပြန်လည် ငြိမ်သက်သွားပြီပဲ ဖြစ်ပါတယ်။ ဘယ်လိုပဲ hive စျေး အတက်အကျ ဖြစ်ပါစေ ကျွန်တော်တို့လို hive platform ပေါ်မှာ မုန့်ဖိုး ပဲဖိုး( ဒီအရွယ်ကျတော့ ဘီယာဖိုး အရက်ဖိုး) ရှာနေသူတွေအတွက် ရောက်ရှိနေတဲ့ hive စျေးကိုမကြည့်ပဲ ရနိုင်သမျှ hive စုဆောင်းနိုင်ရေး အတွက် ကြိုးစားပြီး ပုံမှန်ရေးသားနေရဦးမှာဖြစ်ပါတယ်။

ကျနော်ကလည်း မူးစု ပဲစု စုနိုင်သမျှ စုလိုက် ရောင်းစားလိုက် လုပ်နေရသူမို့ hive ပေါ်မှာ စာပုံမှန်ရေးနိုင်ရေးဟာလည်း ဒို့အရေးတစ်ခုပဲ ဖြစ်ပါတယ်။ ဒါတောင် ပုံမှန်မရေးဖြစ်နေပဲ တစ်ပတ်ကို ပို့စ် ၂ခု ၃ ခုသာ ထွက်နေပါတယ်။ ပိုပြီး ဖိဖိစီးစီး ရေးနိုင်ဖို့ကတော့ ကြိုးစားရင်း ပျင်းရိနေဆဲပါဗျာ။

ဘယ်လိုဖြစ်ဖြစ် စာရေး ပို့စ်တင် ၀င်ငွေ ရွှင်မို့ ရေးတာကတော့ ရေးနေရမှာပဲ ဖြစ်ပါတယ်။
ဒီနေ့တော့ လွန်ခဲ့တဲ့ ရက်အနည်းငယ်ခန့်က တောင်ပေါ် တောင်၀ိုင်းပေါ်သို့ သွားဆရာက်ဖြစ်ခဲ့တဲ့အကြောင်းပါပဲ။ မော်လမြိုင်သား ဆိုပေမယ့် တောင်ဝိုင်း တောင်ပေါ်ကိုတော့ အခုမှပဲ ရောက်ဖူးတာပါ။ နေတာကြာခဲ့ပေမယ့်လည်း တစ်ခါမှ ဒီတောင်ပေါ်ကို ထိပ်ဆုံးထိ မရောက်ဖူးပါဘူး။ ဒီတစ်ကြိမ်တော့ ညီကိုတွေ စုသွားရင်းနဲ့ ရောက်ဖြစ်ခဲ့ပါတယ်။

တောင်ပေါ်ကို မနက်ခင်း အစောပိုင်းသွားရောက်ခဲ့တာမို့ လမ်းလျောက်သူများနဲ့ စည်ကားပါတယ်။ အရင်ကတော့ လမ်းမပေါက်သေးတာမို့ သွားလာရခက်ခဲပေမယ့် အခုကတော့ လူသွားလမ်း ကားဆိုင်ကယ် များဖြင့် တက်နိုင်နေပါပြီ။ ဒါကြောင့်လည်း ကျနော်တို့က ဆိုင်ကယ် ၂ စီးဖြင့် တက်ရောက်ခဲ့တာဖြစ်ပါတယ်။

မနက် ၇ နာရီလောက်ဆိုရင်တော့ မြူနှင်းများကြောင့် တောင်ထိပ်ကကြည့်လျှင် တိမ်ပင်လယ်လိုဖြစ်နေတာကို တွေ့နိုင်ပါတယ်။ ဒါကြောင့်ပဲ လူတွေက မနက်စောစောတောင်ပေါ်က တိမ်ပင်လယ်ကို လာကြည့်ကြတာပါ။ညနေခင်းမှာလည်း နေ၀င်ဆည်းဆာချိန်ရဲ့ အလှကို လာရောက်ကြည့်ရှုနိုင်ပါတယ်။

ကျနော်ကတော့ မနက်ပိုင်းရောက်ခဲ့တာမို့ ဓာတ်ပုံအနည်းငယ်သာရိုက်ယူခဲ့ပါတယ်။ အချို့သော ပုံများကိုတော့ လွန်ခဲ့တဲ့ ရင်အနည်းက post တစ်ခုအဖြစ် တင်ခဲ့ပြီးပါပြီ။

အခု post မှာတော့ တောင်ထိပ်က ဘုရားတစ်ဆူကို ဓာတ်ပုံရိုက်ယူခဲ့ပြီး hive myanmar အဖွဲ့သားများ ဖူးမျှော်ကြည်ညိုနိုင်စေဖို့ မျှဝေပေးလိုက်ရပါတယ်ဗျာ။


7.Feb.2023@callmemaungthan