ခေါင်းကြီး စာလုံးကိုတော့ လက်ဖက်ရည်တစ်ခွက် ၊ အတွေးတစ်ချက်လို့ ပေးလိုက်မိပြီ ။
တစ်ကယ်လည်း လက်ဖက်ရည်ဆိုင်ထိုင်ရင်း တွေးမိတဲ့အတွေး တစ်ချက်နဲ့ပဲ ဒီ ပို့စ် ကို တင်ဖို့ အထ မြောက်ခဲ့တာပါ ။ အသက်အရွယ် ၊ ပညာ အရ စီနီယာ ကျတဲ့ ကိုထွေးနဲ့ ကိုသန့်စင်(ဇင်) က လက်ဖက်ရည် ကော်ဖီ အကြောင်း တင်နေတော့ သောက်လက်စ လက်ဖက်ရည် တစ်ခွက်ဟာ ကုန်ကြမ်း ဖြစ်ခဲ့ရပြီ ။ ပို့စ် မတင်ဖြစ်တာလည်း ၃ ရက်ဝန်းကျင် ကြာခဲ့တော့ ဘာတင်ရမှန်း မသိချိန် ၊ လမ်းပျောက်ချိန်မှာ လမ်းလျှောက်ခွင့်ရခဲ့တာပါပဲ။
လက်ဖက် ရည် နဲ့ ကော်ဖီ ကို အရမ်း စွဲလန်းတဲ့ထဲမပါပေမယ့် ကဖင်းဓာတ်ဖြည့်ဖို့ ၊ သူငယ်ချင်းတွေစုံညီစွာ စုပြီး သာရေး၊ နာရေး စုဝေး စကားပြောတဲ့အခါမှသည် ဂိမ်းစုဆော့တဲ့ ဆီအထိ လက်ဖက်ရည်ဆိုင်ဟာလည်း အရေးပါတဲ့ အခန်းကဏ္ဍတစ်ခုပါပဲ ။ လက်ဖက်သုတ်နဲ့ လက်ဖက်ရည်ဟာ မြန်မာတွေရဲ့ ယဥ်ကျေးမှုတစ်ခုဆိုလည်း မှားမယ်မထင်မိပါဘူးဗျာ ။
လက်ဖက်ရည်ကလည်း ဆိုင်ထိုင်သောက်ပြီး
လေကန်မှ ပိုအရသာရှိသတဲ့။
ဟုတ်တယ်အကိုရေ စကားပြောတက်ညီလက်ညီ ရှိတဲ့ သူငယ်ချင်းလေးများနဲ့ဆို ဗဲရီးဂွတ်ပါ
လက်ဖက်ရည်က လေထတယ်လေဗျာ ဟီးဟီး
ခုချိန်ခါကတော့ ဆိုင်မထိုင်တာ အကောင်းဆုံးပဲဗျို့။
!PIZZA
$PIZZA@callmemaungthan! I sent you a slice of on behalf of @tin.aung.soe.
Learn more about $PIZZA Token at hive.pizza (2/10)
ဟုတ်တယ်အကို ကျနော်တို့ဘက်မှာ ပ်ိုးတွေ့လူနာ တအားများနေပြီ
လက်ဖက်ရည်တော့ လက်ဖက်သုတ်နဲ့ ရော မသောက်ပါရစေနဲ့ 😜😜😜
လက်ဖက်သုပ်ကို လက်ဖက်ရည် ဆမ်းပြီး နယ်စားတာ အင်မတန်ကောင်းဗျာ 😜
လက်ဖက်ရည် ပုံမှန် မသောက်ဖြစ်တာကြာပြီဗျာ။
ဘာပဲပြောပြော တွေးရင်းရေးရင်းနဲ့ ရေးစရာတွေရလာမှာပါ။
ဖိုက်တင်း။
!PIZZA
$PIZZA@callmemaungthan! I sent you a slice of on behalf of @myanmarkoko.
Learn more about $PIZZA Token at hive.pizza (4/20)
ဟုတ်အကို စာရေးစသိပ်မရှိတော့ ကုန်ကြမ်းရှာရခက်တယ်😅ရေးစ ရှိပြီးသားလူတွေကျတော့လည်း မြင်သမျှ ကုန်ကြမ်းရနေတာပဲတဲ့ 😁