သဘာဝအလှနဲ့ လှရက်နိုင်လွန်းတဲ့ပန်းလေး

in HIVE-MYANMAR3 years ago

သဘာဝအတိုင်းပေါက်ရောက်နေတဲ့ပန်းလေး။ လှရက်နိုင်လွန်းတယ်နော်။ ဝေဆာနေအောင် ပွင့်ခဲနေတော့ လှလိုက်တာ။ အလှမွေးထားလို့တော့မရဘူး။ကျွန်မတို့ စိုက်ထားတဲ့သီးနှံခင်းကြီးထဲမှာ သူက ပေါက်နေတယ်လေ။ သီးနှံပင်လေးတွေ အုပ်မိုးသွားမှာမို့ သူ့ကိုရှင်းလင်းပေးရတယ်။

သီးနှံပင်လေးတွေက အရိပ်လည်းမကြိုက်သလို အပင်တွေ နွယ်ပင်တွေ အုပ်နေရင်လည်း မကြိုက်ကြဘူးလေ။ ကျွန်မကတော့ ဒီပန်းလေးတွေကို တော်တော်သဘောကျတယ်။ အရာင်လေးကလည်း လှနေတယ်။ စိတ်ကိုကြည်လင်စေတယ်လေ။

သူ့အပင်က နည်းနည်း ကြီးတယ်။ဘေးက အကိုင်းခက်တွေက ပျံကားနေပီးတော့ အကိုင်းခက်တွေမှာ အဖူးအငုံလေးတွေနဲ့ အပွင့်လေးတွေ။ကျွန်မကတော့ လှလွန်းလို့ ပေါင်းသင်ရှင်းလင်းပီးရင်ဘအိမ်ယူလာတာပဲ။ မမတို့သိရင် ဆူတာပါပဲ။ ‌မျိုးစေ့ကျလို့တဲ့လေ ။ အပင်လေးတွေ အိမ်မှာ ပေါက်မှာမို့တဲ့။ ကျွန်မတော့ အလှကြည့်ဖို့ အိမ်ယူယူလာတယ်။ တစ်ခါလေ စိတ်ကူးရရင် ပန်ရတာကြိုက်သေးတယ်လေ။

အဲ့ဒီပန်းလေးတွေကြည့်ပီးတော့ မင်္ဂလာဆောင်တွေမှာ ပန်းကိုင်ကြတာလေ။ အဲ့ပန်းလေးတွေဆို ဘယ်လောက်လှလိုက်မလဲနော်။ အဲ့ပန်းလေးတော့ မသုံးကြဖူးဆိုပီး တွေး‌မိသေးတယ်။ ပန်းအမည်တော့ မသိပါဘူးရှင့်။မိတ်ဆွေတို့ရော ပန်းနာမည်လေး သိကြလားရှင့်။သိရင်share ပေးပါအုံးနော်။

Sort:  

အောက်ဆုံးပုံ အပေါ်ဆုံး တင်ရမှာ အ‌ေတာ်လှတာကို
!LUV

ဟုတ်နောက်ဆို မှတ်ထားပါ့မယ်ရှင့်

!LUV
!LOL

My cat is so impatient?
He always wants everything meow.

Credit: reddit
@azzm984, I sent you an $LOLZ on behalf of @walarhein

(1/8)
Use the !LOL or !LOLZ command to share a joke and an $LOLZ

PIZZA!

$PIZZA slices delivered:
@uthantzin(7/10) tipped @azzm984