Today Paper Box Idea

in HIVE-MYANMAR3 years ago

ဒီနေ့တော့ box တစ်ခုပြုလုပ်ထားပါတယ်။ကတ်ထူဘူးခွံအကြီးတစ်ခု၊ရောင်စုံစက္ကူ၊ကတ်ကြေး၊ကော်၊ခဲတံ၊ပေတံတို့ကိုအသုံးပြု၍ပြုလုပ်ထားပါတယ်။ကတ်ထူဘူးခွံကိုပုံပြထားတဲ့အတိုင်းညှပ်ပြီး၊အလှစက္ကူဖြင့်ကော်ကပ်ပါတယ်။ပြီးနောက်အရွယ်တူကတ်ထူသုံးခုကိုရောင်စုံစက္ကူဖြင့်ကော်ကပ်ထားလိုက်ပါတယ်။ကတ်ထူကိုအရွယ်တူညှပ်ပြီး၊ခေါက်ချိုးထားလိုက်ပါတယ်။ကတ်ထူဘောက်စ်အကြီးမှာထိုကတ်ထူအသေးသုံးခုကိုခေါက်ချိုး၍ကော်ကပ်လိုက်ပါတယ်။ဆက်လက်ပြီးပုံပြထားတဲ့အတိုင်းကတ်ထူအပိုင်းနှစ်ခုကိုညှပ်၍အလှစက္ကူဖြင့်ကော်ကပ်ပါတယ်။ထိုကတ်ထူအပိုင်းနှစ်ခုဖြင့်နောက်ထပ်ဘောက်စ်အသေးတစ်ခုရအောင်ပုံပြထားတဲ့အတိုင်းကော်ကပ်လိုက်ပါတယ်။ပြီးနောက်ပန်းပွင့်လေးပွင့်ပြုလုပ်ပါတယ်။စက္ကူမှာတစ်ဘက်မှာကော်ကပ်ရန်နေရာချန်၍ကျန်တစ်ဘက်မှာအပိုင်းငယ်လေးတွေညှပ်ပြီး၊ပန်းပွင့်ပုံပေါ်ရန်ခေါက်၍အဆုံးမှာကော်ကပ်ပါတယ်။စုစုပေါင်းပန်းပွင့်လေးပွင့်ပြုလုပ်ပြီး၊ကော်ကပ်အလှဆင်ပါတယ်။

img_0.9807291304013271.jpg

img_0.4986046812371574.jpg

img_0.6860914479562755.jpg

img_0.6248952725762867.jpg

img_0.4203004609608579.jpg
Written by @asterkame
By my photos & made by me

Sort:  

လှတယ်ဗျာ

ကျေးဇူးပါ