Paper Crafts Wall Decor

in HIVE-MYANMAR3 years ago

ဒီတစ်ခုကနံရံအလှဆင်တစ်ခုပါ။ပြုလုပ်နည်းတွေကိုပုံနဲ့စာဖြင့်အဆင့်ဆင့်ဖော်ပြထားပါတယ်။ကတ်ထူ၊ရောင်စုံစက္ကူ၊ကတ်ကြေး၊ကော်၊ခဲတံ၊ပေတံတို့ကိုအသုံးပြု၍ပြုလုပ်ထားပါတယ်။ပထမအဆင့်မှာကတ်ထူကိုစက်ဝိုင်းခြမ်းပုံညှပ်၍အစိမ်းရောင်စက္ကူဖြင့်ကော်ကပ်ပါတယ်။ထို့နောက်ကတ်ထူကိုအရွယ်တူအပိုင်းငယ်လေးတွေညှပ်ပြီး၊အဝါရောင်စာရွက်ကော်ကပ်ပါတယ်။ပြီးနောက်စက်ဝိုင်းပုံကတ်ထူဖြင့်ဆက်လိုက်ပါတယ်။ဆက်လက်ပြီးအစိမ်းရောင်စက္ကူခေါက်လေးတွေခေါက်ပါတယ်။စာရွက်ကိုစက်ဝိုင်းပုံညှပ်၍တွန့်ခေါက်ပြီး၊အလယ်မှခေါက်ချိုး၍ကော်ကပ်ပါတယ်။ထိုစက္ကူခေါက်ပုံစံသုံးခုစီကိုကော်ကပ်ထားလိုက်ပါတယ်။ပြီးနောက်ပန်းပွင့်များခေါက်ပါတယ်။စာရွက်ပေါ်ပုံပြထားတဲ့အတိုင်း၊ပုံဆွဲ၍ညှပ်ပြီး၊ပန်းပွင့်ပုံဖြစ်အောင်ခေါက်၍အဆုံးမှာကော်ကပ်ပါတယ်။ထိုပန်းပွင့်များကိုခုနကပြုလုပ်ပြီးတဲ့စက္ကူခေါက်နဲ့ဆက်လိုက်ပါတယ်။ထို့နောက်အရွယ်တူပန်းပွင့်လေးတွေပြုလုပ်ပါတယ်။စာရွက်ပေါ်ပန်းပွင့်ပုံဆွဲ၍ညှပ်ပြီး၊ထိုပန်းပွင့်များကိုထပ်မံအလှဆင်ပါတယ်။ပြီးနောက်ပုံမှာမြင်ရတဲ့အတိုင်းစက္ကူခေါက်လေးတွေ၊ပန်းပွင့်လေးတွေနဲ့နံရံအလှဆင်တစ်ခုဖြစ်အောင်ပုံဖော်ပါတယ်။

img_0.19460426835980082.jpg

img_0.73112106577144.jpg

img_0.1348209847789007.jpg

img_0.9661746760253346.jpg

img_0.663979414511895.jpg
Written by @asterkame
By my photos & made by me

Sort:  

စက္ကူလေးတွေခေါက်ပြီး အလှဆင်ရတာကလည်း စိတ်ချမ်းသာမှုရတဲ့ အနုပညာတစ်ခုပါပဲဗျာ

ဟုတ်ပါတယ်
စက္ကူခေါက်ရတာလည်းပျော်စရာကောင်းပါတယ်
ကျေးဇူးပါ