အားကျပြီးသကာလ

in HIVE-MYANMAR16 hours ago

အားလုံးသော မိတ်ဆွေအပေါင်း မင်္ဂလာပါ.....

Hive Myanmar မှာ ပို့စ်ရေးမတင်ဖြစ်ခဲ့တာ အတော်ကြာနေပြီ။ တွေးစရာတွေများလွန်းတဲ့ကာလ၊ စိုးရိမ်ပူပန်မှုတွေနဲ့နပမ်းလုံးနေကြရတဲ့ကာလမှာ စာရေးရတာပင်ပန်းလွန်းပါတယ်။ ညီညွတ်မှုတွေပျောက်ဆုံးနေတဲ့အချိန်မှာ စကားပြောတာကအစ ဆင်ခြင်နေထိုင်ရပါတယ်။ ထားလိုက်ကြပါစို့။ အချိန်တန်ရင်တော့ လူအားလုံးက လောကကြီးကို ထားရစ်ခဲ့ကြရမှာပါပဲ။



တယ်လီဂရမ်ဘော့တွေကပေးတဲ့ လေပြုတ်ကျတွေနောက်ကို လိုက်နေကြတဲ့သူတွေ ရှိနေကြတယ်မဟုတ်လား။ ကျွန်တော်လည်း လိုက်နေမိတာပဲ။ ဒါပေမယ့် ရလာတဲ့ဆုလာဘ်တွေကတော့ လက်ဖက်ရည်ဖိုး၊ မုန့်ဖိုးတောင်မရခဲ့ဖူးပါဘူး။ များပြားလိုက်တဲ့ တယ်လီဂရမ်ဘော့များကလည်း လူတွေကို အချိန်အားမရအောင်ပြုလုပ်ပေးနေကြပါတာ်။ ဒါပေမယ့် အချိန်ကုန်ခံ အားစိုက်ထုတ် ရတာနဲ့ တူညီတဲ့ ခံစားခွင့်ပြန်ရရင်တော့ မဆိုးဘူးပေါ့။




ဒီတော့ အရင်က လုပ်ခဲ့ဖူးတဲ့ မိုင်းနင်းလိုအရာတွေဆီကို ပြန်လှည့်ကြည့်မိတယ်။ အဲဒီထဲက သိပ်မဆိုးလှတဲ့ ဆိုဒ်တစ်ခုကို ချပြပေးချင်ပါတယ်။ အများကြီးရတာမဟုတ်ပေမယ့် အများကြီးရအောင်လုပ်နိုင်တဲ့အရာတွေပါရှိတယ်။ ကျွန်တော်ကတော့ အများကြီးရအောင် မလုပ်နိုင်ပါဘူး။ အချိန်အနည်းငယ်တော့ပေးရပါလိမ့်မယ်။ ငါးမိနစ် ဆယ်မိနစ်လောက်ပါပဲ။ ဆိုဒ်ရဲ့ နာမည်ကတော့ Coin Pay Uလို့ခေါ်ပါတယ်။ ကြော်ငြာတွေကို စက္ကန့်ပိုင်း(အများဆုံး တစ်မိနစ်)ကြည့်ပေးရတာပဲဖြစ်ပါတယ်။ လုပ်ပြီးသားလူတွေ သိပြီးသားလူတွေကတော့ ဗို့လေးပေးပြီး ကျော်သွားလိုက်ပါ 😁 တကယ်လို့များ စိတ်ဝင်စားခဲ့ရင်တော့ဒီနေရာကိုနှိပ်ပြီး အကောင့်အသစ်ဖွင့်နိုင်ပါတယ်။ အရင်ကတော့ ကွိုင်အတော်များများကို ပေးခဲ့ပေမယ့် ခုတော့ကွိုင်အများကြီးမပေးတော့တာကိုတွေ့ရပါတယ်။





အဆင်မပြေတဲ့ကာလမို့ လက်ဖက်ရည်ဖိုးလေးမှရရ လုပ်ထားကြဖို့လည်း တိုက်တွန်းလိုပါတယ်ဗျာ။

**မှတ်ချက်။။ ကျွန်ုပ်သည် ဆရာ @donjaun ကို အားကျပြီး သကာလ နေ့စဉ် ပို့စ်တစ်ခုဖြစ်‌စေရန်အလို့ငှာ ဤပို့စ်အား ရေးတင်လိုက်ခြင်းဖြစ်ပါပေသည် 😄


သတ္တဝါအားလုံးတို့သည် မိမိပြုသော ကောင်းမှု မကောင်းမှုသည်သာ ကိုယ်ပိုင်ဥစ္စာ ရှိကြကုန်၏။


အားလုံးကို လေးစားလျှက် -


@ansoe

(09 January 2025)


Sort:  

ကျနော့် အဖို့တော့
ဘီယာဖိုးလို့ ပြောင်းရေးမှ ရမယ် ထင်တယ်။ ခုက လက်ဖက်ရည်က ဘီယာနဲ့ ဈေးတန်းတူနေလို့။
😅

😂 ရေးချင်တာသာ ပြောင်းရေး

ဟိုအရင်လို မဟုတ်တော့
စာရေးချင်စိတ် ပျက်
ရေးစရာအကြောင်းအရာ မတွေ့
လိုင်းက မကောင်း
ဒီတော့ တစ်ပတ် တစ်ပို့ အနိုင်နိုင်ပါပဲ။
!LOLZ
!MEME

Did you hear about the actor who fell through the floorboards?
He was just going through a stage.

Credit: reddit
@ansoe, I sent you an $LOLZ on behalf of golden.future

(1/10)

PLAY & EARN $DOOM

ကျွန်တော်တော့ မျက်လုံးကို ချွေတာနေရတော့
တရက်ခြားပိုစ့်တင်နေရတယ်။
LOLZ
!MEME