Today I make barbecue and hot pot at home. It is very easy to make hotpot.
Ingredients:
Meat (chicken, pork, shrimp)
Hot Pot
Lettuce
Mustard leaves
cucumber
oil
water
Mankyi Thee
garlic
Ginger
Chili
I buy vegetables and meats at the market near our house. Hotpot is purchased from the store. Hotpot has a variety of flavours.(hot pot, tome ram, mar lar). I buy the hot pot flavour.
First, the meat and fish are washed in clean water, cut into any shape you want, and mixed with seasoning powder. Then I make vinegar. Then add water to the hot pot. When the water boils, add the hotpot and your favorite meat, fish and vegetables. At the grill, the pre-mixed meat is lightly oiled in a pot and grilled. We eat the barbecue with Man Kyi vinegar.
It's a lot of fun to make hotpot like that. It's a great way to spend time with your family and friends. It brings us closer to each other. I advise everyone to make hot pot at home.
ဒီနေ့အိမ်မှာအကင်နှင့်ဟော့ပေါ့ လုပ်စားဖြစ်ပါတယ်။ ဟော့ပေါ့လုပ်ရသည်မှာ အရမ်းလွယ်ကူပါသည်။
ပါဝင်ပစ္စည်းများကတော့ -
အသား (ကြက်သား၊ ဝက်သား၊ ပုစွန်)
ဟော့ပေါ့အနှစ်ထုပ်
ဆလပ်ရွက်
မုန်ညှင်းရွက်
သခွားသီး
ဆီ
ရေ
မန်ကျည်းသီးမှည့်
ကြက်သွန်ဖြူ
ဂျင်း
ငရုတ်သီးစိမ်း
နံနံပင် တို့ပဲဖြစ်ပါသည်။
အသားငါး၊ ဟင်းသီးဟင်းရွက်တွေကိုတော့ ကျွန်မတို့အိမ်နားလေးက ဈေးမှာပဲဝယ်ပါသည်။ ဟော့ပေါ့အနှစ်ထုပ်ကိုတော့ စတိုးဆိုင်ကဝယ်ပါသည်။ အနှစ်ထုပ်တွင် ဟော့ပေါ့၊ တုန်ရမ်း၊ မာလာ ဆိုပြီး အရသာအမျိုးမျိုးရှိပါသည်။ ကျွန်မသည် ဟော့ပေါ့အရသာအနှစ်ထုပ်ကိုဝယ်ယူခဲ့ပါသည်။
ပထမဦးစွာ အသားငါးများကို ရေစင်အောင်ဆေးကြောပြီး ကိုယ်လိုချင်သည့်ပုံစံအတိုင်း လှီးဖြတ်ပြီး အရသာမှုန့်များဖြင့် နှယ်ထားရပါသည်။ ထို့နောက်မန်ကျည်းသီးမှည့်ကို ရေနွေးနှင့်စိမ်ထားရပါသည်။ ကြက်သွန်ဖြူ၊ ဂျင်း၊ ငရုတ်သီးတို့ကို ငရုတ်ဆုံထဲတွင်ပေါင်းထည့်ကာ ထောင်းရပါသည်။ ပြီးလျှင် မန်ကျည်းနှစ်ထဲသို့ ဆား၊ ထောင်းထားသောပစ္စည်းများထည့်မွှေပြီး အပေါ်ကနံနံပင်လေးအုပ်ပြီးလျှင် အလွန်အရသာရှိသော မန်ကျည်းချဥ်ရည်လေးရပါပြီရှင်။
ပြီးလျှင် ဟော့ပေါ့အိုးထဲသို့ရေများထည့်ထားရပါသည်။ ရေများဆူပွက်လာလျှင် ဟော့ပေါ့အနှစ်ထုပ်အား ဖောက်ထည့်ပြီး ကိုယ်ကြိုက်နှစ်သက်ရာ အသားငါး၊ ဟင်းသီးဟင်းရွက်များ ထည့်ပြုတ်စားလို့ရပါသည်။ ကင်ရသည့်နေရာတွင် စောစောက နှယ်ထားသောအသားများကို အိုးတွင်ဆီလေးသုတ်ကာ ကင်စားရပါသည်။ ရရှိလာသောအကင်လေးများကို ကျွန်မတို့သည် မန်ကျည်းချဥ်ရည်လေးနှင့်တွဲဖက်ကာ စားသောက်ကြပါသည်။
ထိုသို့ဟော့ပေါ့လုပ်စားရသည်မှာပျော်စရာ အလွန်ကောင်းလှပါသည်။ စကားများပြောရင်း ကင်လိုက်စားလိုက်နှင့် မိသားစုများဝိုင်းဖွဲ့စားသောက်ရသည်မှာ ချစ်ခြင်းမေတ္တာ၊ တစ်ဦးနှင့်တစ်ဦးရင်းနှီးမှုကိုပိုမိုရရှိစေပါသည်။အားလုံးလည်း ကိုယ့်အိမ်တွင် ဟော့ပေါ့လုပ်စားကြရင်း မိသားစုများရင်းနှီးမှုများ ရယူကြပါလို အကြံပေးရင်း
မေတ္တာဖြင့်
@yuzinmoe
18-12-2021
ASEAN Hive Community မှာ တင်တာက အထောက်အကူ ပိုရပါတယ်။
!LOL
lolztoken.com
Because he hated capitalism.
@yuzinmoe, I sent you an $LOLZ on behalf of @golden.future
Use the !LOL or !LOLZ command to share a joke and an $LOLZ. (2/6)
ဟုတ်ကဲ့ပါ
အကင်တွေ စားချင်ပါဘိ
!LUV
ဟုတ်ကဲ့ လာစားပါရှင့် အိမ်မှာလုပ်စားရတာလည်းအရမ်းလွယ်ကူပါတယ်
စားချင်ပါသော်လည်း ညှော်နံ့ မကြိုက်သောအခါ။
!PIZZA
အဲဆို ပြုတ်စားပါ ကင်မစားပါနဲ့
PIZZA Holders sent $PIZZA tips in this post's comments:
@htwegyi(3/7) tipped @yuzinmoe (x1)
Learn more at https://hive.pizza.