ဟာသအတိုအထွာ ရယ်မောစရာ (၂၄)
ဒါကြောင့်ကိုး
မင်္ဂလာဆောင်တစ်ခုတွင် ဖြစ်သည် _
အမေ ။ ။ "သတို့ သမီးလေးက ဂါဝန်ဖြူလေးနဲ့ လှလိုက်တာကွယ်"
သားငယ် ။ ။ "မမက လှတယ်နော် မေမေ ... ဒါပေမဲ့ ဘာလို့ ဂါဝန်အဖြူကြီးဝတ်တာလဲ တခြားအရောင်စုံလေးဆို ပိုတောင်လှဦးမှာကို"
အမေ ။ ။ "သတို့ သမီးဆိုတာ ဂါဝန်အဖြူရောင်ပဲ ဝတ်ရတာ သားရဲ့"
သားငယ် ။ ။ "ဘာလို့လဲ မေမေ"
အမေ ။ ။ "အော် သားရယ် ... သတို့ သမီးတွေက မင်္ဂလာဆောင်မှာ အဖြူရောင်ဝတ်တယ်ဆိုတာ သူတို့အတွက် ဘဝမှာ ပျော်စရာအကောင်းဆုံးနေ့မို့ပေါ့ကွယ်"
သားငယ် ။ ။ "အော် ... သဘောပေါက်ပြီ မေမေ ... ဒါကြောင့် သတို့သားတွေက အနက်ရောင်ဝတ်တာကိုး"
မှတ်ချက် ။ ။ 'ရယ်သောသူ အသက်ရှည်ပါသည်' 😄😄