ဟာသအတိုအထွာ ရယ်မောစရာ (၁၉)
အဖေတူသား
လင်မယားနှစ်ယောက် အခန်းထဲတွင် အတူရှိနေစဉ် ...
မိန်းမ ။ ။ "ယောကျာ်းရေ ဒီခေတ်မှာ DNA စစ်တာတွေ ခေတ်စားနေတယ်နော်"
ယောကျာ်း ။ ။ "အေ့ ... ကြားတော့ ကြားဖူးတယ် ဘာဖြစ်လို့လဲကွ"
မိန်းမ ။ ။ "ဘာမှမဖြစ်ပါဘူးတော် ... ညက ကိုရီးယားကားကို ကြည့်ပြီး အသဲယားလို့ရယ်"
ယောကျာ်း ။ ။ "ဟုတ်လား"
မိန်းမ ။ ။ "ဒါပေမဲ့ တလောကလုံးက သားအဖတွေသာ ရှင်တို့သားအဖလိုဆို DNAအစစ်ခံတဲ့ဌာနတွေ မွဲသွားလိမ့်မယ်"
ယောကျာ်း ။ ။ "ဟေ ... ဘာကြောင့်"
မိန်းမ ။ ။ "ရှင့်သားက ရှင်နဲ့ တစ်ပုံစံတည်းပဲလေ"
ယောကျာ်း ။ ။ "အဖေတူသားလေ ဒါကြောင့်ချောမှာကွ"
မိန်းမ ။ ။ "မဟုတ်ပါဘူး ... အကျင့်ချင်းပြောတာ ... ကြည့်ပါလား ရှင့်သားကို ... ကျူပ်ကစကားပြောလို့မပြီးသေးဘူး
သူကအိပ်သွားပြီ ... တထေရာတည်းတွေ ...ဟင်း"
မှတ်ချက် ။ ။ 'ရယ်သောသူ အသက်ရှည်ပါသည်' 😄😄