Funny

in #funny7 years ago

image
ဆာကေ နေမကောင်း ဟာသ တစ်သောင်း


(၁)
သင်ခန်းစာမဆုံးခင် မယိုးမရွ ဖြစ်နေသော ဆာကေ အား
ဆရာ မှ လှမ်းမေး လိုက်သည်။

''ဟေ့ မောင်ဆာကေ ဘာဖြစ်နေသလဲ ကွ''

''နေလို့ မကောင်းဘူး ဆရာ''

''နေလို့ကောင်းမယ့်နေရာ ရွေ့နေလေကွာ ရှေ့တန်းက မောင်ကေဂျီးနဲ့
နေရာလဲ လိုက်…''

''အမ်''
++++++++++++++++

(၂)
"ဟယ်လို ဒေါက်တာ ကျွန်တော့်
အမေမူးလဲသွားလို့ အမြန်လာခဲ့ပါလား ခင်ဗျာ''

''ဟုတ်ကဲ့ အခုလာခဲ့ပါမယ် ဒါနဲ့
ဘာကြောင့် မူးလဲရသလဲ ဆိုတာ သိရမလား…''

''ဟုတ်ကဲ့…ကျွန်တော့် အဖေ ကေတီဗွီသွားတာကို သိပြီး
စိတ်တိုတိုနဲ့ ကျွန်တော့် ဘီယာပုလင်းတွေ ဖောက်သောက်
လိုက်တာ… အခုလို မူးလဲသွားတာပါပဲ ဆရာ…"

"ဂိန်''
++++++++++++++++

(၃)
''ဆရာ ဆေးခန်းရှေ့ကလမ်းပေါ်မှာ လူတစ်ယောက်ကို
ကားတိုက်သွားလို့…''

''အင်း…ဒါက…ဒီ…လို…ရှိတယ်လေ…
(မျက်မှန်ကို ချွတ်…မျက်လုံးကိုပွတ်ကာ
ခဏငြိမ်နေ… … ပြီးမှ…ဆက်ပြော)
ဒါက… …ရာဇဝတ်မှု့မြောက်တယ်…
ရဲ၊မော်တော်ပီကယ်တို့ရဲ့ လုပ်ထုံးလုပ်နည်း
အဆင့် ဆင့်နဲ့ ဆောင်ရွက်ပြီးမှ… …
(စမ်းသပ်နားကြပ်ကိုလည်ပင်းမှ ချွတ်…
အင်္ကျီအိတ်ထောင်ထဲ ထည့်…
ပြောင်နေသော နဖူးကို ပွတ်…အသက်ကို
ခပ်လေးလေး ရှုထုတ်…ပြီးမှ ဆက်ပြော)
ဆရာဝန်က ကုသရတာ…ဒီအတိုင်း ရမ်းလုပ် လို့
မရဘူး…"

"ဟုတ် အဲ့ဒါတော့ ဟုတ်ပါတယ် ဆရာ ဒါပေမယ့်…
အခု ကားတိုက်ခံရတာက ဆရာ့သား မောင်ဆာကေပါခင်ဗျာ…"

"အမ် နင့်အမကေလွှား…ငါ့သားဟုတ်လား…ကွာ…
မင်းတို့ ဘာလုပ်နေကြတာလဲ ငါ့ဆေးခန်းထဲ ခေါ်လာကြလေ
သွား သွား မြန်မြန် ခေါ်ခဲ့ အတော်အသုံးမကျတဲ့ ကောင်တွေ''

''ဟုဟု''
++++++++++++++++++++++

(၄)
"မေမေ နေကောင်းလား…မေမေ…"

"အေး နင်မုန့်ဖိုး ခဏခဏ မတောင်းရင် ကောင်းတယ်''

''ဂွမ်''
+++++++++++++++++++++

(၅)
ဆီးချုပ် ဝမ်းချုပ်ဖြစ်ပြီး တစ်ရှောင်ရှောင် ဖြစ်နေသော ဆာကေ တစ်ယောက် ဒီနေ့ ထူထူထောင်ထောင် ရှိနေသည်။ထိုမျှ မက
သူငယ်ချင်း ဘောဒါ တစ်သိုက်ကိုလည်း နံနက်စာ အဝကျွေးကာ
ဒါန ပြုနေသည်။
သူငယ်ချင်းများကလည်း ဒါမျိုးတော့ အားကိုးရပါသည်။
ပလုပ်ပလောင်းနှင့် ဝမ်းသာအားရ ဝါးမြို ပေးကြ၏။

''နေရမ်းဘာအူး ဘာအထိမ်းမှတ်မို့ ကျွေးရဒါရုံး…"
(အမှန်က 'နေစမ်းပါဦး ဘာအထိမ်းမှတ်မို့ ကျွေးရတာတုန်း' ဖြစ်သည်။
အမှန်အကန် ဝါးမြိုနေရင်း ပြောခြင်းကြောင့် မပီမသ ဖြစ်ရခြင်း ပင်…)

"ဝုတ်တယ် ဘာနေ့မို့ယဲ ပြောရမ်း"

ဆာကေ က ပီသော၊ကျယ်သော၊အောင်မြင်သော အသံကြီးဖြင့်
ဝင့်ကြွားစွာ အောက်ပါအတိုင်း ပြောချလိုက်သည်။

''ဒီနေ့ ငါ ချီးရော…သေးရော အားရပါးရ ပါရလို့ဟေး…
နည်းတာမဟုတ်ဘူး…ဟီးဟီး…အဲ့ဒါကြောင့် ပျော်လို့ ကျွေးတာ
ဟားဟားဟား…"

"အမ်…''

''ဂိန်''

''ဝေါ့…ထွီ''

''ခွေး ဂျဒေါင်းချား…"

                                                      Crd  ဆာကေ

SMT 57

Sort:  

smt 80

SMT67
ဘဝအမောပြေ
thank ညီမလေး