မြိန်ရာဟင်းကောင်း

in #friendship8 months ago (edited)

ဒီနေ့တော့ နေတွေသာရဲ့နော် မိတ်ဆွေတို့ရေ

ဒီမနက် အိပ်ယာနိုးတော့
ကျွန်တော့ ခန္ဓာကိုယ်က
လေးလံနေတယ်

လေးလံနေတာထက် တိတိကျကျဆို
မျက်နှာကြီး တစ်ခုလုံး ဖောယောင်နေတာပေါ့

ဒီပုံစံအတိုင်းဆို
မျက်စိရှေ့က ဖယ်ထုတ်ထားတဲ့ နှလုံးဆေးတွေ
ပြန်ရှာသောက်ရမှာ အတိအကျပါပဲ

မသောက်လို့မရဘူးလေ
ကျွန်တော် လုပ်ချင်တာတွေ
ရှိသေးတာကိုး

စာဖတ်သူ မိတ်ဆွေဘဝမှာကော
မထင်မှတ်ပဲ ရုတ်တရက်ကွယ်လွန်သွားတဲ့
မိတ်ဆွေ ရှိမှာပဲ

ကျွန်တော့ဘဝမှာလည်း ရှိပါတယ်
ထိုပုဂ္ဂိုလ်အမည်ကို
ဦးစိုင်းလို့ ကျွန်တော် မှည့်ပေးဖူးပါတယ်

ဖြူဖြူလုံးလုံးနဲ့ သဘောခပ်ကောင်းကောင်း
လူကြီးတစ်ဦးပါ
ဒီစာကို သူများ ပြန်ဖတ်မိရင်တော့
မဖြိုးသက် ခင်ဗျားတော့ ဖောက်ပြီလို့
ပြောမှာ အသေအချာပါပဲ

ဆယ်နှစ်ကျော် မိတ်ဆွေတွေမှာ
ထောပတ်သီးပေါ်ချိန်နှင့်
မက်မွန်သီး ပေါ်ချိန်ဆို
ရန်ကုန်ပို့ပေးရတတ်ပြီး

ဦးစိုင်း ခရီးပြန်ရောက်ချိန်ဆို
အိတ်ပိစိကွေးလေးတွေ ပို့ပေးတတ်ပါတယ်

မဖြိုးသက် ဘုရားမရှိခိုးလို့
ခင်ဗျားက သရဲအားကြီးခြောက်ခံနေရတာလို့
ဆူတတ်သလို

မေတ္တာသုတ်ရွတ်ပြီးလည်း
လုံးစုံများစွာ သတ္တဝါအစချီတဲ့
မေတ္တာပို့လေးရယ်နဲ့
အမျှဝေလေဗျာ ဆိုပြီး

လမ်းညွှန်ပြတတ်သလို
နားမလည်တဲ့ ဗုဒ္ဓဘာသာ ကိစ္စအချို့ကို
ဆွေးနွေးမေးမြန်းနိုင်တဲ့
ဓမ္မ မိတ်ဆွေဖြစ်သလို
ရယ်စရာနောက်စရာများ
အပြန်အလှန် စတတ်ကြတဲ့
မိတ်ဆွေများပေါ့

မိတ်ဆွေဆိုလို့ တစ်ရံတစ်ခါမှ
ဖုန်းဆက်တတ်ကြပေမယ့်
မမြင်ရင်လည်း မရှာတတ်ပါ

ကိုဗစ် ပထမလှိုင်း
ကိုဗစ် ဒုတိယလှိုင်းထိ

ကျွန်တော်တို့ ဖုန်းဆက်ပြီး
သာကြောင်း မာကြောင်း ပြောခဲ့ကြသေး၏

မှတ်မှတ်ရရ
မေလ ၂၀၂၁ထိပါပဲ

ထိုနေ့က ကိုဗစ်မဖြစ်အောင်
အသက်ရှူလေ့ကျင့်ခန်းလုပ်ဖို့
ဘုရား ပုံမှန်ရှိခိုးဖို့မှာတယ်

ဒါနဲ့ နောက်ပိုင်း အဆက်သွယ်တွေ
မရတော့ဘူး

ဇူလိုင်လ ၂၀၂၁လဆန်းလောက်ကစပြီး
ညစဉ် ပဌာန်းပူဇော်လို့ ပြီးတိုင်း
အမျှဝေတိုင်း

ကျွန်တော့ဦးခေါင်းကို
တစ်စုံတစ်ဦး လာလာကိုင်နေတာ
သတိထားမိခဲ့သော်လည်း
မည်သူမှန်း မသိချေ

အရင်ဆို oversea ထွက်တိုင်း
မိတ်ဆွေကြီးနဲ့ အဆက်သွယ် ပြတ်နေကြမို့
သူ၏ messagerတွင်သာ
စာချန်ခဲ့၏

တစ်လထက် တစ်လသာကြာလာ၏
ပို့သည့်စာကြောင်းရေသာ
များလာသော်လည်း
ပြန်စာ မရှိ

မဟုတ်ချေတော့

သူ့ရုံးမှ တစ်ဦးကို ပြန်ရှာမေးတော့
ထိုအစ်မကလည်း ရှိမှာပါ
မတွေ့တာကြာပြီ
Oversea မှာ ဖြစ်မည်တဲ့

ဩဂုတ်
စက်တင်ဘာ
နိုဝင်ဘာ
ဒီဇင်ဘာ ကုန်လို့ ၂၀၂၂ခုနှစ်ကို ရောက်ခဲ့၏

ဇန်နဝါရီ
ဖေဖော်ဝါရီ

၇ရက် မတ်လ ၂၀၂၂က
ဦးစိုင်း မွေးနေ့ပါ
ထိုနေ့မှာမှ တိုက်တိုက်ဆိုင်ဆိုင်

မမျှော်လင့်ပေမယ့် ယုံကြည်ရခက်တဲ့သတင်း
ကြားရ၏

ဦးစိုင်း ဆုံးတာ ၈လရှိပြီ ညီမလေးတဲ့

ကိုဗစ်တတိယလှိုင်းမှာ
အသိ ဆွေမျိုး မိတ်ဆွေ အတော်လျော့သည်

ကိုဗစ်က အကောင်းကြိုက်သည်

ကိုဗစ်မှာ လေလွင့်နေတဲ့
အရက်သမား ဖဲသမား ဆေးသမား
တစ်ယောက်မှ မပါသွားတာ အမှန်ပင်

ထိုည ဘုရားဝတ်ပြုပြီး
အမျှဝေသည့်အခါ
ကျွန်တော့ခေါင်းကို တစ်စုံတစ်ဦး
လာထိသည့် ခံစားချက်ကို ခံစားရ၏

နေရာပြောင်းပြပါဟု ဆန္ဒပြုသည့်အခါ
ခြေသန်းထိပ်တွင် စူးရှစွာခံစားရ၏

ခြေသန်းကို မထိဘဲ
လက်မောင်းကိုသာ ထိပါဟု ပြောသည့်အခါ
ဘယ်လက်မောင်းသားတွင်
တစ်စုံတစ်ဦး၏
လက်ဝါးဖြင့် ပုတ်သည့် ခံစားချက်ကို
တိတိကျကျခံစားရ၏

၈လလုံးလုံး လာနှုတ်ဆက်နေတာလားလို့
တွေးမိတိုင်း စိတ်မကောင်းပေ

သို့နှင့်
၁၃ရက် မတ်လ ၂၀၂၂ရက်တွင်

သူ နေထိုင်လိုခဲ့သော
တောင်ပေါ်အရပ်တွင်
သူ့အတွက် ရည်စူးရင်း
သင်္ကန်းလှူကာ
အမျှဝေခဲ့ပါသည်

သူကဲ့သို့ ဘုရား တရား
ကြည်ညိုတတ်သူ
နှလုံးသွင်းကောင်းသူသည်
ကျွန်တော့်အတွက်
နမူနာကောင်းအဖြစ်

ယနေ့တိုင် တည်ရှိနေပြီး
မြိန်ရာ ဟင်းကောင်း
ခင်ရာ ဆွေမျိုးမို့

ဦးစိုင်းသည် ကျွန်တော့ဆွေမျိုးပမာ
အမြဲ အမှတ်ရနေမည် ဖြစ်ပါသည်

မိတ်ဆွေကြီး အား အမှတ်ရစွာဖြင့်
တီဖြိုး
၁၉ရက် ဖေဖော်ဝါရီ ၂၀၂၄

Sort:  

မြိန်ရာ ဟင်းကောင်းပေါ့ ဗမာလို။
မင်ရာ ဆိုတာကလည်း ခင်မင်ရာ နှစ်သက်ရာ အဓိပ္ပါယ်ပဲမို့ မြိန်တာ နှင့် မင်တာ သဘောမကွာလှပါဘူး။
!LOL

I don't want my wife any longer.
Her height is perfect.

Credit: reddit
@phyoethet137, I sent you an $LOLZ on behalf of golden.future

(1/10)

PLAY & EARN $DOOM

ကျေးဇူးပါ ဆရာ ရေးချင်ဇောအားကြီးလို့ ပြင်လိုက်ပါ့မယ်ရှင့်