IBM Think 2018 event ကိုလတ်စ်ဗီးဂတ်စ်မှာ ပြုလုပ်ခဲ့ပြီး အဲဒီအထဲမှာ စိတ်ဝင်စားစရာကောင်းတာကတော့ IBM ရဲ့ ကမ္ဘာ့အသေးငယ်ဆုံးကွန်ပျူတာကို ပြသသွားခဲ့ခြင်းဖြစ်ပါတယ်။
လက်ချောင်းပေါ်မှာ တင်ထားသောကွန်ပျူတာလေးကို ပြသခဲ့ပြီး 64 motherboard နဲ့ ကွန်ပျူတာလေးနှစ်ခုဖြစ်ကြောင်းသိရပါတယ်။ အခြားပုံတစ်ပုံမှာမူ ကမ္ဘာ့အသေးဆုံးကွန်ပျူတာနဲ ဆားပွင့်တွေကို ယှဉ်ပြထားခြင်းဖြစ်ပါတယ်။ အဲဒီ chip တစ်ခုမှာ 1990 ခုနှစ်ကာလတွေဆီက x 86 chip စွမ်းအင်နဲ့ တူညီကြောင်းသိရပါတယ်။ IBM မှ အဲဒီ chip မှာ transistor သိန်းချီပါဝင်တယ်လို့ ဆိုပါတယ်။ IBM မှ အဲဒီကွန်ပျူတာလေးကို ပြုလုပ်ခဲ့ခြင်းမှာ ပစ္စည်းအတုများကိုကာကွယ်ရန်ဖြစ်ပြီး အဲဒီကွန်ပျူတာလေးကိုပစ္စည်းတွေထဲမှာ ထည့်သွင်းထားရင် အတု ၊ အစစ် လွယ်ကူစွာခွဲခြားနိုင်မှာဖြစ်ပါတယ်။ ပိုပြီးအံ့အားသင့်စရာကောင်းတာကတော့ အဲဒီကွန်ပျူတာလေးအားထုတ်လုပ်ရန် 10 ဆင့်မျှပင် မကုန်ကျဘူးလို့သိရပါတယ်။ လက်ရှိကာလမှာ ပထမဆုံး prototype ကိုစတင် စမ်းသပ်လျက်ရှိပါတယ်။
Very nice post have a nice day