တည်ညိမ်သော

in #esteemapp6 years ago

image

တည်ညိမ်သော

ဒီတစ်ကြိမ်လည်း
အရင်လိုပါပဲ ...
ငါအနိုင်မယူလိုက်ပါဘူး ...
.
.
ကိုယ်ခံခဲ့ရသမျှ
အမုန်းနဲ့ပြန်ပြီး
လက်စားချေဖို့
ငါ့ငြိမ်သက်မှုကို
အပျက်ဆီးမခံလိုက်ဘူး ...
.

အနိုင်ယူလို့ရတဲ့စကား
ငါ့နှုတ်ဖျားမှာ
အဆင်သင့်ရှိပါတယ် ...

ဒါပေမယ့်
သူ့ကိုငြိမ်ငြိမ်သက်သက်ပဲ
ရှိစေခဲ့တယ် ....
.
image

ကြာလာတာနဲ့အမျှ
ငါ
ပိုလို့တောင်
တိတ်ဆိတ်လာခဲ့တယ် ...
.
.
ငါ့မှာ အမုန်းမရှိဘူးလေ ...

ဒါဟာ
ငါကောင်းချင်လွန်းလို့
ကောင်းနေတာမဟုတ်ပါဘူး ...
...
.
သူ့ကိုငြိမ်ငြိမ်သက်သက်
ရှိစေချင်တဲ့
ကရုဏာက
ငါ့ကိုယ်ငါပါသက်ရောက်နေတာ
သိနေရလို့ပါ ...
...
အနိုင်ယူရတာထက်
ပိုကောင်းတဲ့အရသာ
ငါခံစားနေရလို့ပါ ...

photo : facebook

image