အခန်း.၃.၂.
သြော်...လေးလေးပါလား ဘယ်တုန်းကရောက်တာလဲ´´ လင်းလင်းနှင့် အအေးဆိုင်ကပြန်လာပီး အိမ်ပေါ်အတက်တွင် အိမ်ရှေ့တွင်ရပ်ထားသောကားကို မြင်သဖြင့် လေးလေး ဒါမှမဟုတ် လေးလေးအိမ်က တယောက်ယောက် ရောက်နေသည်ကို သိ လိုက်သည်... အိမ်ပေါ်တက်၍ အခန်းထဲ ဝင်လိုက်သောအခါ ဧည့်ခန်းတွင်း၌ ဖေဖေနှင့် စကားပြောနေသော လေးလေးကို မြင်၍ နုတ်ဆက်လိုက်သည်..လေးလေးက သောက်ထားသော မျက်နှာရဲရဲ..မျက် လုံးနီနီမှေးမှေးဖြင့် ကြည့်၍ ပြုံးရင်း...
အခုပဲရောက်တာ ငါ့တူ..မင်းကော ဘယ်ကပြန်လာတာလဲ´´
လမ်းထိပ်ကပြန်လာတာ လေးလေး..လေးလေး သီချင်းတွေလည်း သိပ်မထွက်ပါ လား..ဘာဖြစ်လို့ လဲ´´ လေးလေးက မျက်နှာရှုံ့မဲ့ပီး...
အဲ့ဒါတွေ မမေးစမ်းပါနဲ့ ငါ့တူရာ..အဲ့အ
ကြောင်းတွေပြောရမှာ စိတ်ပျက်လွန်းလို့ ´´
လေးလေးက ရန့် ဖေဖေနှင့် ညီအစ်ကို တဝမ်းကွဲတော်
သည်..အသက်ကတော့ သိပ်မကြီးသေး.သုံးဆယ်ဝန်း
ကျင်ပဲရှိမည်..လေးလေးက စိုးကျော်ထက် အမည်ဖြင့်
စတီရီယို လောကတွင် အတော်အောင်မြင်ခဲ့ပြီးသည့်
အဆိုတော်တယောက်ဖြစ်သည်...
သို့ သော် လွန်ခဲ့သည့် တနှစ်လောက်မှစ၍ လေးလေး
နာမည်ကျလာသည်...
ကိုင်ဇာတို့  ခိုင်ထူးတို့  အတက်လောက်မှာ သိသိသာသာ
မှိန်သွားသည်...
သီချင်းအကြောင်း မေးမိတာ မှားသွားပီဟု ရန် နောင်တ
ရရင်း...
ကျွန်တော် အခန်းထဲသွားလိုက်ဦးမယ် လေးလေး..စာကြည့်တော့မလို့ ´´ လေးလေး ခေါင်းညိတ်သည်..ရန် အခန်းထဲ လျောက်လာ ခိုက် လေးလေးနှင့်ဖေဖေ စကားပြောသံများကိုကြားနေရ သည်...
ကျွန်တော် အရမ်းစိတ်ပျက်တယ် အစ်ကို
လူတွေကလည်းခက်တယ်..အောင်မြင်နေချိန်တုန်းကတ
မျိုး..နာမည်ကျလာပီဆိုတာနဲ့ ဘာကျေးဇူးမှ မထောက်
တော့ပဲ ပစ်ပစ်ခါခါ လုပ်ကြတာ´´
လေးလေးအသံအဆုံးမှာ ဖေဖေက...
ဒါကတော့ ဒီလောက သဘာဝပဲလေကွာ အနုပညာနဲ့ လုပ်စားတဲ့သူဟာ ဒီလိုပဲ လောကဓံရဲ့ အ တက်အကျကို များများနဲ့ မြန်မြန် ကြုံရတာ ထုံးစံပဲ´´ ဖေဖေ သက်ပြင်းချသည်..ပြီးမှ...
အေးလေ..ငါကတော့ အစကတည်းကမှ
ဒီအလုပ်ကို အားပေးတာမှမဟုတ်တာလေ..တခုပဲ မင်းကို
ပြောချင်တယ်..အောင်မြင်တုန်းကလည်း လျှမ်းလျှမ်း
တောက်အောင်မြင်ခဲ့တယ်..ခု အဆင်မပြေဖြစ်တော့
လည်းဖြစ်တာပဲပေါ့..အဲ့ဒါတွေ အကြောင်းပြပီး အရက်
သောက်တာတော့ ငါ မကြိုက်ဖူးကွာ´´
ကျွန်တော် စိတ်ညစ်တယ် အစ်ကို´´
ဟ စိတ်ညစ်တိုင်း အရက်သောက်ရရင်
လဲသေဖို့ ပဲ ရှိတော့မှာပေါ့ကွာ..လူဆိုတာ တက်တုန်းက
ပျော်ခဲ့ရင် ကျတဲ့ချိန်လည်း ခံနိုင်ရည် ရှိရမပေါ့..မင်းတို့ 
က ကျတယ်ဆိုပေမယ့် တိုက်နဲ့ကားနဲ့နေနိုင်ပါသေး
တယ်..ငါတို့ ကိုကြည့် စကတည်းက အစိုးရအလုပ် အစိုး
ရတိုက်ခန်းမှာနေ အစိုးရကပေးတဲ့ ကားပဲ စီးလာရတာ..
ကိုယ်ပိုင်ဆိုတာ စိတ်ကူးထဲတောင် မထည့်နိုင်သေးဘူး´´
ရန်က အခန်းထဲက စားပွဲမှာထိုင်ရင်း ဧည့်ခန်းမှ စကားသံ
များကို အာရုံစိုက်နားထောင်နေရာကနေ ဆက်ပီးနားမ
ထောင်ချင်တော့သဖြင့် ပြတင်းပေါက်ဖက်သို့ လျောက်
လာခဲ့သည်...
တချိန်က လေးလေး အောင်မြင်တုန်းက ပျော်ရွှင်တက်
ကြွစရာ စကားများသာ ကြားခဲ့ရပေမယ် ခုနောက်ပိုင်း
လေးလေး လာတိုင်း သည်လိုစကားမျိုးတွေပဲ ကြားနေရ
သည်...
အိမ်ရှေ့ ပြတင်းပေါက်မှ လှမ်းကြည့်လိုက်သောအခါ
လင်းလင်း တို့ အိမ်ကို မြင်နေ၏ ။
Congratulations @zayarminkhant! You have completed some achievement on Steemit and have been rewarded with new badge(s) :
You got your First payout
Click on any badge to view your own Board of Honor on SteemitBoard.
To support your work, I also upvoted your post!
For more information about SteemitBoard, click here
If you no longer want to receive notifications, reply to this comment with the word
STOP