အပိုင်း.၂.၆.
အခြေအနေအားလုံး ပုံမှန် ပြန်ဖြစ်သွားသောအခါ ပရိတ်
သတ် အများစု မရိပ်မိခင် နောက်အစီအစဉ် ကိုဆက်ရ
သည်...
ရင်က မောပန်းလှုပ်ရှားနေသော စိတ်ကိုထိန်းပီး မိုက်က
ရိုဖုန်း စကားပြောခွက်ကို ယူ၍ ဘာမျှ ထူးထူးခြားခြားမ
ဖြစ်သောလေသံမျိုးဖြင့် ကြေငြာသည်...
ရွှေပွဲလာ ဧည့်ပရိတ်သတ်များ ခင်ဗျာ...ခုဆက် လက်ပီးတော့ ဖြေဖျော်မယ့် အစီအစဉ်ကတော့ ကိုးတန်း တန်းခွဲ(က) မှ တင်ဆက်မယ့် အကပဒေသာ အစီအစဉ် ပဲ ဖြစ်ပါတယ်..ပထမဆုံး ကပြဖျော်ဖြေမယ့်သူကတော့ ကျောင်းသူ မလင်းလင်းအောင်ပဲ ဖြစ်ပါတယ် မလင်းလင်း အောင်ကနေ ရှေးအငြိမ့်မင်းသမီးကြီး လေဘာတီမမြရင် ရဲ့ ခင့်သဘောဆိုတဲ့သီးချင်းကို အကအလှနဲ့တကွ က ပြဖျော်ဖြေပါလိမ့်မယ်´´ ကြေငြာသံ ဆုံးသည်တွင် ရန်က စင်ပေါ်တွင် အဆင်သင့် ရောက်နေပီဖြစ်သော လင်းလင်းကို တချက်လှမ်းကြည့် သည်..လင်းလင်းက ခေါင်းညိတ်လိုက်သဖြင့် အောက်တီး ဝိုင်းနှင့်ကားဆွဲဆရာကို အချက်ပြလိုက်သည်... တလိပ်လိပ် တက်သွားသော ကန့် လန့် ကာ နောက်မှနေ ၍ လင်းလင်း၏ လှပသောကိုယ်နေဟန်လေး တဖြည်း ဖြည်း ပေါ်လာသည်... မိတ်ကပ်..အဝတ်အစား..မီးရောင်နှင့် လင်းလင်း အရမ်း လှနေသည်..ပရိတ်သတ်များထံမှ လက်ခုပ်သံများတ ဖြောင်းဖြောင်းပေါ်ထွက်လာသည်..
ဟာ..လင်းလင်း အရမ်းလှနေပါလား´´
ရန်ပင် စိတ်ထဲကနေ အလန့် တကြား ရေရွတ်လိုက်မိ
သည်...
စောစောက ဗျာများပူပန်နေသောစိတ်များ ရုတ်တရက်
လွင့်ပျောက်အေးငြိမ်းသွားပီး လင်းလင်း အလှ၏ ဆွဲ
ဆောင်မှုတွင် ငိုက်ကနဲပါသွား၏...
https://goo.gl/images/GUUEzj
အောက်ဘက်မှ တီးလုံးအစနှင့်အတူ သီချင်း၏ ခြေဆင်း
စာသားလည်း ထွက်ပေါ်လာသည်...
မြရင်...လေဘာတီ...မင်းသမီး အမည်ကျော် မေတ္တာတော် မောင်ကမဆုံး...´´ လင်းလင်းက မျက်နှာလေးဝင်းလက် သွားအောင်ပြုံး လိုက်ရင်းက... ခြေဆင်းအဆုံးမှာ ဝါးနှင့်အညီ ဆတ်ကနဲ လှုပ်ရှားလိုက် ပီး လက်ကလေးကို ဘယ်ညာနွဲ့၍....
ကုသိုလ်ကံနော် ဖန်လာသော် ကံဇာတာကျော်...ဆယ်နှစ်လောက်က ရောက်ခဲ့ရသော်...ခုထက်ထိ မှတ်မိလောက်အောင်နော် ရွှေမေတ္တာတော်ကြောင့် အ
ငြိမ့်ထဲမှာလည်း အနေတော်...ဇာတ်ထဲမှာလည်းအနေ
တော်´´
ပြောလျှင် လွန်သည်ဟု ထင်ကြမည်..လင်းလင်း ကနေ
သည်ကို ကြည့်ပီး ရန့် တစ်ကိုယ်လုံး ကြက်သီးများပင်
ဖြန်းခနဲ ထသွားမိသည်...
လင်းလင်း ကတတ်မှန်းသိသည်..ငယ်ငယ်လေးကတည်း
က ကျောင်းကပွဲတိုင်းမှာ ဝင်ကနေကျမို့  သင်တန်းတွေ
ဘာတွေနှင့် တိတိကျကျမသင်ဖူးသည့်တိုင် တော်ရုံအက
ကတော့ လက်လွတ်ကတတ်နေသည်...
မင်း လင်းလင်းက အရမ်းမိနေပါလား ရန်..တ ကယ့်မင်းသမီး ကျနေတာပဲ..ပီးတော့ လှလာလိုက်တာဟ ငါတောင် စိတ်ထဲ တမျိုးဖြစ်သွားတယ်´´ ဘယ်တုန်းကမှ လင်းလင်းဆိုလျှင် ကြည့်မရခဲ့သောဖိုးကို က ရန့် အနားကပ်ပီး ခပ်တိုးတိုးပြောသည်..ဖိုးကိုသာမက ပရိတ်သတ်အားလုံးလည်း လင်းလင်း၏အကနှင့် အလှ တွင် အချုပ်အနှောင် ခံသွားရသည်..ပွဲခွင်တခုလုံး ငြိမ်ပီး တုပ်တုပ်မျှမလှုပ်ကြ... ရန်က ဖိုးကို ကိုပြုံး၍ ခေါင်းညိတ်ပြသည်..အကြည့်တို့ က တော့ လင်းလင်းထံမှ ခွာ၍မရ..တဒိတ်ဒိတ် ရင်ကခုန်လာ ပီး အမျိုးအမည်မသိသော ခံစားမှုတခုသည်လည်း ရင်ထဲ မှာ တစ်စထက်တစ်စ ကြီးထွားလာတော့သည်... ထိုအချိန်က မြင်ကွင်းလေးများကို ပြန်သတိရရင်း ရန် သက်ပြင်းချသည်... လင်းလင်းနှင့်ပတ်သက်၍ သတိရမိတိုင်း ထိုစဉ်က မြင် ကွင်းသည် မျက်လုံးထဲမှ ထွက်သွားမှာ စိုးရလောက် အောင်ပင် မက်မက်မောမော အမှတ်ရနေသေး၏... မေ့စရာ အကြောင်းလည်းမရှိ..ငယ်ငယ်လေးကတည်းက မောင်နှမလို နေလာသော သူတို့ နှစ်ယောက်ဘဝတွင်ရန့်  ဘက်က ပထမဆုံး စပြောင်းလဲသည့်နေ့ ဟုဆိုရမည်...
လှရဲ့လားလို့ နင့်ကို ခေါ်မေးမလို့ ´´ဟု တကူးတက ခေါ်ကြည့်ခိုင်းတုန်းက အမှတ်တမဲ့သာကြည့်ပီး တာဝန်ကျေ
လှပါတယ်ဟု ပြောလိုက်မိသော်လည်း စင်အောက်တွင်
ရန့် ရင်ထဲမှာ
လှလိုက်တာ´´ဆိုသော စကားလုံးများ ရေ ရွတ်မိနေသည်မှာ အသိစိတ် ကင်းမဲ့သွားလိုက်သလို ပင်...
အဲ့ဒီနေ့ ကစပီး နင့်ကို ငါ့ဘဝမှာ တခါမှ မချစ်ဖူးသေးတဲ့ အချစ်မျိုးနဲ့ချစ်မိတယ်လို့ ထင်တာပဲလင်း
လင်းရယ်...´´
သက်ပြင်းနှင့်အတူ ရန် တီးတိုးရေရွတ်မိလိုက်သည်...
This post has received a 0.76% upvote from thanks to: @zayarminkhant.
For more information, click here!!!!
Try the new Minnowhelper Bots for more information here
Help support @minnowhelper and the bot tracker by voting for @yabapmatt for Steem witness! To vote, click the button below or go to https://steemit.com/~witnesses and find @yabapmatt in the list and click the upvote icon. Thank you.
Voting for @yabapmatt