လူကိုဖျက်တော့ အပိုင်း (၁၄)
"မိနွယ်ရယ် မိဘနဲ့သားသမီးဆိုတာ မပြတ်ပါဘူး။
စိတ်အားမငယ်ပါနဲ့
ပြီးတော့ အစ်ကိုနဲ့ သမီးမိဖြူလည်း ရှိတာပဲ။
စိတ်တင်းထားပါ
တစ်နေ့နေ့မှာ ဦးကြီး စိတ်ပြေသွားမှာပါ။
ရွာဦးဆရာတော်ကိုလည်း အစ်ကို စာရေးပြီး အကျိုးအကြောင်း လျှောက်ထားပါတယ်"
"အင်းပါ အစ်ကိုရယ် အဖေက မိနွယ်ကို အချစ်ကြီးလို့ အမျက်ကြီးနေတာလို့ မိနွယ်ထင်ပါတယ်။
အဖေ့ကို အပြစ်မမြင်ပါဘူး။
အဖေ့ကိုလည်း မိနွယ်ချစ်ပါတယ်။
ဒါပေမဲ့ အကို့ကို ချစ်လွန်းလို့ ..."
"သြော် ... မိနွယ်ရယ်"
ဆရာတင့်လူ၏ ပညာပေးဇာတ်လမ်းတိုများ စုစည်းခြင်း