လူကိုဖျက်တော့ အပိုင်း (၁၃)
အိမ်တွင် မိနွယ်က အိုးမကွာ အိမ်မကွာဖြင့် မျက်နှာသိ ရပ်ကွက်သူ ရပ်ကွက်သားများကို နေ့သွင်းဖြင့် ပြန်လည်ရောင်းချသည်။
သည်အခြေအနေအထိကာလတိုင်အောင် မောင်ငြိမ်းတို့မိသားစုမှာ ရွာနှင့် အဆက်အသွယ် မရှိသေးပေ။
သမီးမိဖြူ လေးနှစ်သမီးအရွယ်၌ မနွယ်တွင် ဒုတိယ ကိုယ်ဝန်ရလာသည်။
မိနွယ်က သူ့မိဘများကို သတိတရရ တအောင်းမေ့မေ့ရှိ၍ ပူစာသဖြင့် မောင်ငြိမ်းတစ်ယောက် ရွာအခြေအနေကို လေ့လာစုံစမ်းသည်။
သို့သော် ဦးဘမော်က ယောင်းမမြင်းစီးထွက်သွားသော သမီးကို စိတ်နာကြောင်း မောင်ငြိမ်းကိုလည်း မကျေအေးနိုင်ကြောင်းတို့ကိုသာ သိရသည်။
ဆရာတင့်လူ၏ ပညာပေးဇာတ်လမ်းတိုများ စုစည်းခြင်း