အဲ့ဒီလိုနေ့ရှိတယ် ... နံနက်ခင်းနိုးထလာထဲက ကိုယ် မျှော်လင့်ထားသလို တစ်ခုမှ ဖြစ်မလာတာမျိုး။
အဲ့ဒီလိုနေ့က ကိုယ့်ကိုကိုယ် ကောင်းတဲ့အရာတွေ ဖြစ်လာတော့မှာပါလို့ ပြောရမဲ့နေ့ပဲ။
အဲ့ဒီလိုအချိန်ရှိတယ် ... လူတွေက သင့်ကို စိတ်ပျက်ပြီး အားငယ်စေတဲ့အချိန်မျိုး။
အဲ့ဒီလိုအချိန်က ကိုယ့်ကိုကိုယ် ယုံကြည်ပြီး ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ အကောင်းဆုံးကြိုးစားပြသွားမယ်လို့ သတိပေးရမဲ့အချိန်ပဲ။
အဲ့ဒီလိုစိန်ခေါ်မှုမျိုးတွေရှိတယ် ... ရှောင်လွဲမရပဲ မဖြစ်မနေ ထိတွေ့ရမဲ့စိန်ခေါ်မှုမျိုး။
အဲ့ဒီလိုစိန်ခေါ်မှုမျိုးတွေက ကိုယ်တိုင်ရင်ဆိုင်ပစ်လိုက်ပြီး ကိုယ့်ဘဝကိုယ် ပြောင်းလဲပစ်ဖို့ အခွင့်အရေးပဲ။
ကိုယ့်ကိုကိုယ် အမြဲ မှန်ကန်တဲ့လမ်းကြောင်းကနေ ပုံမှန် ရှေ့ဆက်သွားနေပါ။
ဘဝမှာ အချိန်တိုင်းကတော့ မလွယ်ကူနေနိုင်ပါဘူး။
ဒါပေမဲ့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရချိန်မှာ ပိုသန်မာနေဖို့ လိုအပ်တယ်။
ဒါကြောင့် အဲ့ဒီလို အခက်အခဲတွေ ပင်ပန်းမှုတွေနဲ့ ရင်ဆိုင်ရတဲ့နေ့ ကြုံလာခဲ့ရင် ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိနေဖို့ အမြဲသတိရပါ၊ ပြီးတော့ ကိုယ်ဖြစ်ချင်တဲ့ အိပ်မက်အကြောင်းတွေးပြီး ဇွဲမလျော့ဘဲ အားတင်းထားလိုက်ပါ။
ပြသနာကို ဘယ်တော့မှ မရှောင်ရှားပဲ ရင်ဆိုင်ပြီး ရှေ့ဆက်ပစ်လိုက်ပါ။
ဘာဖြစ်လို့လဲဆိုတော့ စိန်ခေါ်မှုတွေနဲ့ အခွင့်အရေးတွေက သင်လိုချင်တဲ့ ပန်းတိုင်ကဘာလဲဆိုတာ ပိုတိကျစွာ မြင်လာစေမှာမို့ပါ။
ကိုယ့်ကိုကိုယ်ယုံကြည်မှုနဲ့ အရာရာကို အနိုင်ယူပစ်လိုက်ပါ။
ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိပြီး အရာရာကို ရှေ့ဆက် ရင်ဆိုင် ကျော်ဖြတ်သွားနိုင်ကြပါစေ ဆုခြွေလျက် ...
ချစ်ခြင်းများစွာဖြင့် ...
Yadanar Poekyuu