ကျွန်တော်ရေးသားတင်ပြလာခဲ့သော အပိုင်းဆက်သည် တဖြေးဖြေးနှင့် ယခုရေးသားတင်ပြမည့်တစ်ပုဒ်နဲ့ဆိုလျှင် အပိုင်း( ၅ )သို့ပက် ရောက်ရှိလာခဲ့လေပြီ။ စိတ်ကူးထဲတွေးယူကြည့်ပြီး မြင်တွေ့ခဲ့သမျှတို့ကို ရေးတက်သလို ရေးချတင်ပြလာခဲ့သည်မှာလည်း မပြီးဆုံးနိုင်သေးသည့်အပြင် ရေးချစရာများသည် တိုးတာထက်တိုး၍ ပေါ်ထွက်လာခဲ့ပြီ။
ကျွန်တော်သည် ရွှေလီမြို့တွင် နေထိုင်ပြီးအလုပ် လုပ်ခဲ့စဉ်အစက ကျွန်တော်ခန္ဒာကိုယ်ပေါ်၌ ဝတ်စားဆင်ယဉ်ခဲ့ပါသော ကောင်းပေ့ဆိုသည့် အဝတ်အစားများသည် တရုတ်လူမျိုးတို့အတွက် အိမ်မှာနေလျှင်ဝတ်သော အဝတ်အစားအရောင်အဆင်းလောက်သာရှိ၏။ကျွန်တော်အိမ်မှာနေလျှင် ဝတ်သောအဝတ်အစားသည် တရုတ်လူမျိုးတို့၏ အလုပ်ထဲတွင်ဝတ်သော အလုပ်ဝတ် အနေအထားမျိုး ထိုသို့ဆိုလျှင် ကျွန်တော်အလုပ်ထဲ၌ ဝတ်၍အလုပ် လုပ်သော အဝတ်အစား ၏ အနေအထား အရောင်အဆင်းသည် တရုတ်လူမျိုးတို့၏ မည်သည့်နေရာ၌ သုံးစွဲသော အနေအထားရှိမည်ကို ကျွန်တော်ရေးချတင်ပြခြင်းမရှိပဲ စာဖတ်သောသူများခန့်မှန်လိုက်သော် သိရှိနိုင်ပေလိမ့်မည်။
ဝတ်စားဆင်ယဉ်မှုနဲ့ပတ်သက်ပြီး ရွှေလီနယ်စပ်မြို့သို့ လာရောက်အလုပ် လုပ်ကိုင်သော အလုပ်သမားလူတန်းစားများထဲတွင် ကျွန်တော်အပါအဝင် အလုပ်သမားလူတန်းစားအားလုံးတို့သည် ထိုနည်း၎င်း မထူးခြားနား ထိုပုံစံအနေအထားတိုင်းပင်ဖြစ်သည်။အလုပ်သမားလူတန်းစားများထဲ၌ တရုတ်လူမျိုး အများစုတို့သည် အလုပ်ထဲတွင် မည်မျှဟောင်းနွမ်းနေသည့် အဝတ်အစားများကိုဝတ်၍ မည်မျှကြမ်းတမ်းသည့်အလုပ်ကို လုပ်ကိုင်နေစေကာမှု အလုပ်ပြီးလို့ မိမိတို့နေထိုင်သောအိမ်သို့ ပြန်သောအချိန်၌ သပ်ရပ်သန့်ရှင်းတောက်ပြောင်သောအဝတ်အစားများကို ဝတ်ဆင်ပြီး မော်ထော်ဆိုင်ကယ်တစ်စီးဖြင့် နေထိုင်သောအိမ်သို့ သားသားနားနားပြန်သွားလေ့ရှိကြသည်။ထိုအနေအထားလေးကို မသိရှိကြသော လူတချို့အတွက်ကတော့ အလုပ်ကြမ်းလုပ်ပြီး အိမ်သို့ပြန်လာသည်ဟုမထင်ရလောက်အောင်ပင်ရှိ၏။
ကျွန်တော်တို့ မြန်မာလူမျိုး အလုပ်သမားလူတန်းစားတွေမှာတော့ ကျွန်တော်အပါအဝင် အလုပ်သမားလူတန်းစားအားလုံးလိုပင် ကိုယ့်မြို့ကိုယ့်ရွာမှာ နေထိုင်အလုပ်လုပ်တုန်းကလို တောတောင်ထဲမှ တောင်ယာလုပ် ကောက်စိုက် မျှစ်ချိုး ထင်ခွေလို့အပြီး နေထိုင်ရာအိမ်သို့ ပြန်လာသည့်ပုံစံမျိုးကို မျက်စိထဲမြင်ယောင်ကြည့်သော် သိရှိနိုင်ပေလိမ့်မည်။ထိုအနေအထားမျိုးသာ ရှိခဲ့ပေသည်။
author:@thura
Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq
စိတ်ကူးထဲမြင်တွေ့ခဲ့သမျှတို့ကို ရေးသားတင်ပြလျက်ပါပဲ
ဝတ်ဆင်ပြီး မော်ထော်ဆိုင်ကယ်တစ်စီးဖြင့် နေထိုင်သောအိမ်သို့ သားသားနားနားပြန်သွားလေ့ရှိကြသည်။ထိုအနေအထားလေးကို မသိရှိကြသော လူတချို့အတွက်ကတော့ အလုပ်ကြမ်းလုပ်ပြီး အိမ်သို့ပြန်လာသည်ဟုမထင်ရလောက်အောင်ပင်ရှိ၏။
ကျွန်တော်တို့ မြန်မာလူမျိုး အလုပ်သမားလူတန်းစားတွေမှာတော့ ကျွန်တော်အပါအဝင် အလုပ်သမားလူတန်းစားအားလုံးလိုပင် ကိုယ့်မြို့ကိုယ့်ရွာမှာ နေထိုင်အလုပ်လုပ်တုန်းကလို တောတောင်ထဲမှ တောင်ယာလုပ် ကောက်စိုက် မျှစ်ချိုး ထင်ခွေလို့အပြီး နေထိုင်ရာအိမ်သို့ ပြန်လာသည့်ပုံစံမျိုးကို မျက်စိထဲမြင်ယောင်ကြည့်သော် သိရှိနိုင်ပေလိမ့်မည်။ထိုအနေအထားမျိုးသာ ရှိခဲ့ပေသည်။
မဆုံရတာကြာ. နေကောင်းရား 🙄
Posted using Partiko Android