ကျွန်နော်ကတော့ ပေးလာတဲ့အထိ ရေးချတင်ပြနေဦးမည်

in #esteem6 years ago

image
ဈေးကျနေသည်ဖြစ်စေ ဈေးတက်နေသည်ဖြစ်စေ တစ်ရက်တစ်ပုဒ် ရေးဖြစ်အောင်ရေးတင်မယ်လို့ ဆုံးဖြတ်ထားခဲ့ပါတယ်……………
ဒါပေမယ်ဗျာ ယခုလောက်ထိ ဈေးကထိုးကျနေပြီဆိုတော စာရေးရမှာလည်း လက်ကတွန့်လာခဲ့သလို ဘုတ်သမားတွေကို ငွေပေးပြီး ဘုတ်ခိုင်းရမှာလည်း ကြောက်လန့်လာမိပါတယ်………………
ဘုတ်တိုင်းအရှုံးနဲ့ ရင်ဆိုင်တွေ့နေကြရတဲ့အချိန်လေးပေါ့…………………
ရင်းနှီးထားသမျှ အရင်းနှီးတွေကလည်း အက်စ်ပီပါဝါထဲသို့ ရောက်လို့သွားပြီ လက်ရှိမပြောပလောက်တဲ့ အက်စ်ဘီဒီလေးကလည်း ဘုတ်မသုံးရဲလောက်အောင် နည်းပါးလွန်းနေပြီ…………………
စပေါ့ပေးပါဆိုပြီးတော့လည်း ခွက်တစ်လုံးနဲ့ လိုက်မတောင်းချင်တော့ မပေးလည်းရေးမယ် ပေးရင်ဒီထက်ပိုပြီးရေးမယ်လို့သာ ကျွန်နော်စိတ်ကို ဆုံးဖြတ်ခဲ့ရတယ်…………………
စပေါ့မပေးတော့ရင် မရေးတော့ဘူးဆိုတဲ့ တယူတန်စိတ်က လွဲမှားနေတယ်လို့ ပြောရပေလိမ့်မည်…………
စပေါ့ရချင်ရင် စာရေးပို့စ်တင်မှရပါလိမ့်မည်……………
စာကိုနေ့တိုင်းရေးတင်ရမည်………………
စာနေ့တိုင်းရေးတင်နေသော လူကို စပေါ့ပေးကြမည့် ပုဂ္ဂိုလ်များက လက်မထောင်ကာ ဂုဏ်ယူချီးမွင်းသည့်အနေဖြင့် အသိအမှတ်ပြုလာပါလိမ့်မည်…………
ကျွန်နော်တစ်ရက်မှမပျက်အောင် စတီးမစ်မှာ စာရေးပိုစ့်တင်လာခဲ့ပါတယ်……………
တစ်ရက်လောက်ပင် မပျက်ကွပ်ရဲဘူးဗျာ တစ်ရက်လောက်ရေးချင်စိတ်မရှိလို့ မအားလို့ပါဆိုပြီး အကြောင်းပြချက်ထုတ်လိုက်ပြန်ရင် နောက်ရက်များ၌ စာမရေးဖြစ်မှာကို စိုးရိမ်နေမိတယ်လေ……………
ယခုလို ငွေဈေးက မြေကြီးကို ထိုးဆင်းနေတဲ့အချိန်မှာဆိုရင် ပိုပြီးတော့ စာရေးနိုင်အောင် အားစိုက်ထုတ်ရမယ်လေ……………
ဈေးကျနေခြင်းကြောင့်ဖြစ်စေ ဘုတ်စရာအက်စ်ဘီဒီမရှိခြင်း နည်းလွန်းခြင်းကြောင့်ဖြစ်စေ အားငယ်နေသည့်စိတ်ကို ထိန်းကျောင်းနေရင်း တစ်ရက်တစ်ပုဒ်လောက်တော့ စာတိုသည်ဖြစ်သေ စာရှည်သည်ဖြစ်စေ ရေးပြီးတင်ပြနိုင်ရပါမည်………………
ပေးသူမရှိလို မရေးတော့ပါဘူးကွာ ဆိုပြီးမရေးရင်တော့ ကိုယ့်ကိုပေးချင်နေသူ ရှိလာတဲ့နေ၌ စာရေးပြီး ပို့စ်တင်ပြထားခြင်းမရှိပါက ပေးချင်ပါလျက်နဲ့ မရရှိပဲဖြစ်နေပါလိမ့်မည်……………
မပေးလည်းရေး ပေးရင်ပိုရေး မရေးချင်ရင်လည်းရေး ရေးချင်ရင် ပိုကောင်းအောင်ရေး ရေးချင်စိတ်မရှိတိုင်းသာ မရေးဘူးဆိုရင် ဘယ်တော့မှ စာရေးပို့စ်တင်နိုင်မှာမဟုတ် မရေးတက်လို့မရေးပြန်ရင်လည်း ဘယ်တော့မှ စာရေးတက်မှာမဟုတ်ပေ……………
ဒါကြောင့် ရေးတက်သလိုလေးရေးချရမည် စာရေးမှ ပိုက်ဆံရမည့် ကိစ္စတစ်ခုတွင် အရှည်ကြီးတွေးပြီး စဉ်းစားနေစရာမလို မရေးတက်ရင် စိတ်ထဲပေါ်လာတာတွေကို ရေးချရပေလိမ့်မည်………………
ဘယ်အကြောင်းကိုပဲ ရေးချနေပါစေ အပြုသဘောနဲ့တော့ ရေးချသင့်ပေသည်……………
author:@thura

Sort:  

ပေးတာ မပေးတာ သူ့အလုပ် ရေးတာမရေးတာ ကိုယ့်အလုပ်

ရေးမှပေးမယ်ကိစ္စဆိုတော့လည်းတစ်ရက်တစ်အဆင်ပြေအောင်ရေးနေလျက်ပါပဲဗျာ

တစ်ရက်တစ်ပုဒ်ရေးတဲ့ အကျင့်လေး လုပ်ထားပေါ့ကွာ

ရေးနိုင်အောင်တော့အာရုံစိုက်နေပါတယ်ခင်ဗျာ

ဈေးကကျသွားတော့ဘုတ်ထားသမျှအှုံးတွေပဲအားလုံး

ဒီလိုတော့ဖြစ်တက်ပါတယ်

ရေးသာရေးပါ
အားပေးဖတ်ရှုပေးနေပါ့မယ်

ကျေးဇူးတင်ပါတဟ်ဗျာ