ကျွန်နော်အတွေ့ကြုံနှင့် ကျွန်နော်အဖြစ်ပျက်

in #esteem6 years ago

image
မနက်မိုးလင်းလို့ နေရောင်ခြည်၏အလင်းရောင်ဟာ ကျွန်နော်နေထိုင်သော နယ်စပ်မြို့တွင် ဆယ်ရက်ကျော်လောက်မမြင်တွေ့ရခြင်းမှ ဒီနေ့တစ်ရက်မှာတော့ အလင်းရောင်အားကောင်းကောင်းနဲ့ အရှိန်မြင့်စွာနဲ့ ထွက်ပေါ်လာခဲ့ပါတယ်။
ကောင်ကင်ကိုမော့ကြည့်လိုက်မိစဉ်မှာ အရင်နေ့တွေကနဲ့မတူ တိမ်မည်းတွေ ကင်းစင်လွင့်ပျောက်ပြီး ကောင်းကင်တစ်ခုလုံး ကြည်လင်စွာဖြင့် ကြည့်ကောင်းနေလေသည်။
လေးလံထိုင်းမှိုင်းသော ကျွန်နော်၏စိတ်တွေဟာလည်း ရွှင်ပြလို့ပါပဲဗျာ။
ဒီလို ပြောလိုက်လို့ အရင်နေ့ရက်တွေက စိတ်ရွှင်လန်းခြင်းမရှိဘူးလားလို့ မေးကောင်းမေးနိုင်ကြပေလိမ့်မည်။
"ဟုတ်ကဲ့"
ကျွန်နော်အရင်နေ့ရက်တွေက ရွှင်လန်းသောစိတ်မရှိတာတော့ ဝန်ခံလိုက်ပါရစေဗျာ။
မိုးတွေကရွာ မိုးရွာနေသည့်ကြားက အလုပ်ကိုသွား လုပ်တဲ့အလုပ်က တရုတ်နယ်စပ်ထဲမှာဆိုတော့ နယ်စပ်အတွင်းထဲဝင်ဖို့ ဂိတ်ကဖြတ်သန်းရသေး မိုးရွာထဲ ထီးဆောင်းပြီး ဖြတ်သန်းခွင့်စာအုပ် စစ်ဆေးခံဖို့ တန်းစီရသေး လူကသိပ့်များတော့ တဖက်နိုင်ငံ နယ်စပ်ထဲရောက်ရှိရေးအတွက် တစ်နာရီခွဲနှစ်နာရီလောက်မှတန်းစီပြီးစောင့်မှ အတွင်းထဲသို့ လိုရာခရီးကို သွားရောက်နိုင်တယ်ဗျာ။
လူတစ်ယောက် ဝမ်းသုံးထွာအတွက် နယ်စပ်ဖြတ်ကျော်ပြီး အလုပ်သွားလုပ်ရတာလည်း အတော်လေးကိုမလွယ်ပါဘူးဗျာ။
မလွယ်သော်လည်း ကျွန်နော်မှာ နယ်စပ်အားကိုးပြီး ဝမ်းရေးအတွက် အဆင်ပြေအောင် ဖြေရှင်းနေရတော့ငြီးတွားနေခြင်းမှတစ်ပါး မသွားလို့မှမရတာဗျာ။
ပိုက်ဆံရနိုင်မယ့်နေရာသွားမှ ဝမ်းရေးအတွက် ဖြေရှင်းနိုင်မှာလေ။
image
သတိရတုန်း ပြောလိုက်ဦးမယ်။
ဟိုတစ်နေ့က ကျွန်နော်အလုပ်သွားတော့ အရင်နေ့ကသွားနေကြ နန်းတော်ဂိတ်ပေါက်ကနေ ဂျယ်ကောင်ထဲဝင်မယ်ဆိုပြီး ကျွန်နေည်နေထိုင်တဲ့ တဲအိမ်လေးကနေ ကောင်းမှုတုံ ကုန်းဆင်းကြီးကနေ ခပ်ဖြေးဖြေး တလှိမ့်ခြင်း ဆင်းခဲ့တာပေါ့။
ကုန်းဆင်းလို့ မြို့ပတ်လမ်းဆုံလောက်လည်းရောက်တော့ စတင်မိတ်ဆက်လိုက်တာက ကားလမ်းပိတ်ခြင်း
ဘယ်လောက်ထိအောင်ပိတ်သလဲဆိုတော့ မန်ဝိန်းဂိတ်ပေါက်ထိပိတ်တာဗျို့။
အလည်ပေါက်လို့အများခေါ်ကြတဲ့ နန်းတော်ပေါက်ကို ကွေ့ကာဝိုက်ကာ ရှောင်တိမ်းပြီး သွားလာလိုက်တာ နန်းတော်ပေါက်ရောက်မှပဲ ရင်ထဲအလုံးကြီးကျလုနီးနီးပေါ့ ။
အလုံးကြီးဆိုတာက မောလုံးကြီးကိုပြောတာပါဗျာ။
မောလုံးကြီး ကျလုနီးနီးမှာပဲ နန်းတော်ဂိတ်ရောက် ကျွန်နော်ကို ဂိတ်ပေါက်ဝမရောက်ခင် မိတ်ဆက်လိုက်တာက ရှည်လျားပြီး တစ်ဖက်နိုင်ငံ နယ်စပ်ဆိုတဲ့ ဂျယ်ကောင်ထဲ မိမိတို့လိုရာခရီးကို ဦးတည်ရာ သွားနိုင်ရေန် ဖြတ်သန်းခွင့်စာအုပ် စစ်ဆေးခံခြင်းအတွက် တန်းစီးစောင့်နေကြသော လူတန်းရှည်ကြီးကို တွေ့မြင်လိုက်ရပါတော့တယ်။
အရင်နေ့တွေကလည်း ဒီလိုပဲ တန်းစီပြီးစောင့်နေကြရပါသော်လည်း ထိုနေ့၌ အရင်နေ့တွေကထက် တန်စီသောလူက များတာထက်များနေပါတယ်ဗျာ။
ဒီလူတန်းရှည်ကြီးကိုသာ စီနေရာအတိုင်း တန်းစီစောင့်နေရင်တော့ ဂျယ်ကောင်ထဲသို့ဝင်ရောက်ကာ အလုပ်ဆိုက်ထဲရောက်ဖို့မလွယ်ဘူး။
ဒီလိုနဲ့ ဂျယ်ကောင်အတွင်းထဲဝင်နိုင်ရေးအတွက် ဆင်ဖြူဂိတ်ဘက်သို့ ပြန်သွားခဲ့ပါတယ်။
ဆင်ဖြူဂိတ်ရောက်တော့ မြင်လိုက်ရတဲ့ မြင်ကွင်းက ထိုနေ့တစ်ရက် ဆင်ဖြူဂိတ်ကသာ ဂျယ်ကောင်ထဲဝင်လျှင်တော့ အိမ်ပြန်ပြီး ထ္မင်းထုပ် သွားယူပြီး တန်းစီစောင့်ရမယ့်ကိန်းပဲဗျို့။
နန်းတော်ဂိတ်ပေါက်ထက် ဆင်ဖြူဂိတ်က ဂျယ်ကောင်ထဲဝင်ရန် တန်းစီစောင့်နေကြသူတွေက ပိုများနေခြင်းကြောင့်ပါလေ။
ဒီလိုနဲ့ ဂျယ်ကောင်ထဲဝင်ပြီး ကျွန်နော်၏ ဝမ်းတစ်ထွာ ဖြေရှင်းနိုင်ဖို့ အလုပ်လုပ်ရန် နောက်ဆုံး မျော်လင့်ချက်နဲ့ နောက်ဆုံး ဆုံးဖြတ်ချက်ဖြစ်သော မန်ဝိန်းဂိတ်ပေါက်ဝသို့ မရောက်ရောက်အောင် ဝှေ့ကာဝိုက်ကာ ရှောင်တိမ်းပြီး မန်ဝင်ဂိတ်ပေါက်ဝအထိအရောက်လှမ်းလာခဲ့ပါတော့တယ်။
လမ်းတွေပိတ် ကားတွေကြပ် ဖြတ်သန်းခွင့် စစ်ဆေးခံတဲ့နေရာမှာ ဘယ်လောက်ထိ လူများသလဲဆိုတာကိုတော့ ကျွန်နော်အထူးမတင်ပြတော့ပါဘူးဗျာ။
မန်းဝိန်းဂိတ်မှမဝင်ရင်လည်း နောက်ထက်အထဲသို့ဝင်နိုင်ရန် မှုဆယ်မြို့တွင် နောက်ထက်ဂိတ်အသစ်က မဖွင့်သေးချေ။
ဒီဂိတ်သုံးဂိတ်ကို စိတ်တွေများပြီး သွားလာလိုက်မိတာ မှတ်မှတ်ရရ မနက်ရှစ်နာရီမှစပြီး တစ်ဂိတ်ဝင် တစ်ဂိတ်ထွက်နဲ့ ဂျယ်ကောင်အလုပ်ဆိုဒ်ထဲသို့ နေ့ခင်းပိုင်းဆယ်နှစ်နာရီလောက်မှ ရောက်ပါတော့တယ်။
"အော်"
ပြန်စဉ်းစားကြည့်တော့ ဝမ်းရေးအတွက် သူများနိုင်ငံ နယ်နိမိတ်ထဲသို့ အလုပ်သွားလုပ်ရတာ တကယ်ကို မလွယ်ပါလာဗျာ………………………။
author:@thura
photo:my

Sort:  

အတွေ့အကြုံတွေက မလွယ်ပါ့လားဟ

ဒီလိုပဲနေ့စဉ်တွေ့ကြုံနေရတာပဲဗျာ

တစ်နေ့ တစ်မျိုး မရိုးရအောင်ပေါ့
ကောင်းပါတယ် အတွေ့အကြုံက
ငွေနဲ့ ၀ယ်လို့မရနိုင်ဘူးလေ

ဒီလိုတွေ့ကြုံမှုလေးတွေကိုစိတ်ကူးပေါ်တဲ့အချိန်ရေးစပ်တင်ပြပါဦးမယ်ခင်ဗျာ

ဒီရက်တွေမှာ ဂိတ်အဝင်အထွက်လူတွေစောင့်ပြီးသွားနေရတာ ဘာကြောင့်လဲရှင့်

အတိအကျတော့မစုံစမ်းမိပေမယ့်
တစ်လစီမန်ကိန်းရှိတယ်ကြားတယ်ပဲဟ
ဂိတ်စစ်ဆေးရေးတက်ကြပ်မှုမှာပါ

ဂိတ်တစ်ခုထဲလူတွေပြည့်နေတာမဟုတ်ဘူး
လမ်းတွေပါကားတွေကြပ်နေတာရှင့်

ဒါကြောင်းလဲအလုပ်သွားလာခြင်းတွေအဝင်အထွက်တွေမှာအဆင်မပြေဖြစ်နေရတယ်ဗျာ