သူ့ဖက်ကိုယ့်ဖက် နှစ်ဖက်မျှကြည့်ပါ။
အတ္တစိတ်တွေ လွှမ်းမိုးအားကြီးတဲ့သူတွေက ဘယ်သူတွေဘယ်လိုအခြေနေရောက်ရောက် ကိုယ်အဆင်ပြေရင် ပြီးရော လက်လွတ်စပယ် ပြုမူပြောဆိုလေ့ရှိကြတယ်။
ကိုယ့်အတွက်ဘာမှမဟုတ်ဘူးလို့ထင်ပြီး လက်လွတ်စပယ် ပြောဆိုပြုမူလိုက်တဲ့ ကိစ္စတစ်ခုက အပြုခံရသူအတွက် အရမ်းနာကျင်ခံစားသွားရတာတွေရှိတယ်။
ကိုယ့်နေရာကသာကြည့်ပြီး တဖက်သားရဲ့ အခက်ခဲဒုက္ခအခြေနေတွေကို ထည့်မစဉ်းစားတတ်တဲ့အခါ ကိုယ့်ဟာ တစ်ဘို့ထဲသမား၊ ကိုယ့်ကိုယ်ကျိုး ကွက်ကွက်လေးသာကြည့်တဲ့ စာနာစိတ်ကင်းမဲ့သူတစ်ယောက်ဆိုတာ သိသာပေါ်လွင်စေတယ်။
ဒါကြောင့် အရာရာတိုင်းကို သတိတရားလက်ကိုင်ထားလို့ တဖက်သတ်အမြင် တဖက်သတ် အပြောတွေ မဖြစ်ပါစေပဲ သူဖက်ကိုယ့်ဖက် နှစ်ဖက်မျှကြည့်ပြီးမှသာ ပြောဆိုပြုမူဆောင်ရွှက်သင့်ပါတယ်။