"အ​ရေးကြီးဆုံး​သောဆုံးဖြတ်​ချက်​"

in #esteem7 years ago

လူတိုင်း​တော်​​တော်​များဟာ....မိမိစိတ်​ကိုအလိုလိုက်​တတ်​ကြတယ်​ ဆုံးဖြတ်​ချက်​ကိုလဲ အလွယ်​တကူ ချမှတ်​တတ်​ကြတယ်​။ ဆုံးဖြတ်​ချက်​ချသည့်​အ​ပေါ် မိမိကတကယ်​လုပ်​နိုင်​လား မနိုင်​ဘူးလား အရင်​စဉ်းစားသင့်​သည်​။
ဒါကြောင့် ဆုံးဖြတ်ချက် တစ်ခု ချဖို့ဆိုတာ အလျင်စလို မလုပ်သင့်ဘဲ အကြောင်းအရာပေါ် မူတည်ပြီး သေသေ ချာချာ စဉ်းစားရလေ့ ရှိပါတယ်။
ဆုံးဖြတ်ရမယ့် အကြောင်းအရာက သက်ရောက်မှု ကြီးကြီးမားမား မရှိရင်တော့ အချိန်ယူစဉ်းစားမှုကို ထိုက်သင့် သလောက်ပဲ ယူရင် ရမှာပါ။
ဒါပေမယ့် သက်ရောက်မှု ကြီးမားမယ် ဆိုရင်တော့ အတွေ့အကြုံ၊ ဗဟုသုတတွေနဲ့ ကိုယ့်ရင်ထဲက ပြောစကား တွေကို ဂရုပြုပြီး ဆုံးဖြတ်ရမှာပါ။
တချို့သော အကြောင်းအရာတွေဟာ လွယ်လွယ်လေး ဆုံးဖြတ်မိပြီးမှ သူ့သက်ရောက်မှုဟာ ကိုယ့်ဘဝတစ် လျှောက်လုံးအတွက် ပုံရိပ်တစ်ခုလို ဖြစ်နေတတ်တာကို သိထားရပါမယ်။

ကဲ...လွယ်လွယ်က စရအောင်..ကျွန်တော်တို့ လက်ဘက်ရည်ဆိုင်ရောက်မယ်။ လက်ဘက်ရည်သောက်မလား၊ တခြားဟာ သောက်မလား။ လက်ဘက်ရည်ဆို ဘယ်လိုမျိုး မှာမလဲ။ ပုံမှန်လား၊ကျစိမ့်လား၊ ချို့ပေါ့လား၊ ပေါ့ကျ လား။
တစ်ချို့ကတော့ လက်ဘက်ရည်ကို ကျွန်တော့်လို ပုံမှန်ပဲ သောက်လေ့ရှိတော့ ထွေထွေထူးထူး စဉ်းစားဆုံးဖြတ် စရာ မလိုဘူးပေါ့နော်...ဒါတောင် ရိုးရိုးလား၊ ရှယ်လား ရှိသေးတယ်။
ကျွန်တော်ဆို ရှယ်လက်ဘက်ရည်သောက် တဲ့အပြင် နို့ဆီကို ဇွန်းတပ်ထားတာမျိုးထက် တစ်ခါတည်း ဆွဲခိုင်းလေ့ရှိတယ်။ ဒါ့အပြင် နှပ်ဖျော်ဆိုင်ဆိုရင် ဘာ ပြောပြော နှပ်ထားတဲ့ အိုးထဲက ခပ်လာတာ အတူတူပါပဲ။
အဲဒီ့လိုပဲ ထမင်းဆိုင်ရောက်ရင်လည်း ဘာဟင်းနဲ့ စားမယ်ဆိုတာ ကိုယ်တိုင် ဆုံးဖြတ်ရမှာနော်...
နောက်တစ်ဆင့်မြှင့်ရအောင်...သင်က ဆယ်တန်းအောင်ခါစ လူငယ်တစ်ယောက်ဆို ဘယ်အသက်မွေးဝမ်း ကျောင်းတက္ကသိုလ် တက်မလဲ။ ဘယ်မေဂျာယူမလဲ၊ နေ့တက္ကသိုလ် တက်မလား၊ အဝေးသင် တက်မလား ဆို တာတွေ ဆုံးဖြတ်ရမှာနော်..
သင်က လူလတ်တစ်ယောက်ဖြစ်ပြီဆို အလုပ်တစ်ခုခုရအောင် ဘယ်အလုပ်မျိုးလုပ်မလဲ ဆုံးဖြတ်ရတော့မယ်။

ဒီ့ထက်ခက်ခဲတဲ့ ဆုံးဖြတ်ချက်က ဘယ်သူနဲ့ လက်ထပ်မယ်ဆိုတာပဲ။ ကဲ ပိုမခက်လာဖူးလား။ ဒီလောက်ခက်ခဲ တာတွေကို တချို့က တစ်ထိုင်တည်း စဉ်းစားဆုံးဖြတ်သူတွေတောင် ရှိသတဲ့။
အဲဒါ တစ်ချို့က ပြောတာတော့ နှလုံးသားက ဆုံးဖြတ်ချက်အတိုင်း လိုက်လုပ်လိုက်တာ။ ကောင်းမယ်ထင်လို့ ဆုံးဖြတ်လိုက်တာတို့ မိဘတိုက်တွန်းလို့ လက်ခံပေးခဲ့တာတို့ မျိုးစုံပါပဲ။
လောကမှာ ဆုံးဖြတ်ရခက်ခဲတဲ့ အကြောင်းအရာမျိုးတွေ တစ်ခုမဟုတ်တစ်ခု ကြုံလာမှာပဲ။ အနည်းဆုံး၂ခုထဲက နေ ၁ ခုရွေးချယ်ရတာမျိုး ရှိလာတတ်တယ်။ အများကြီးထဲက တစ်ခုပဲ ရွေးရမယ်ဆိုရင်တော့ ပိုခက်လေမပေါ။့
အးလေ..ဒါသူ့ဘာသာ ဖြစ်တာပဲ။ဆုံးဖြတ်ချက်နဲ့ ဘာဆိုင်လို့လဲလို့ မေးရင် ဖြေစရာ အဖြေကတော့ ကျွန်တော့် မှာ ပြည့်ပြည့်စုံစုံ ရှိမနေပါဘူး။ မိမိ၏ဆုံဖြတ်​ချက်​​ကြောင့်​ တစ်​ပါးသူနစ်​နာတာက်ုမလိုလားပ..ကိုယ့်​ရဲ့ဆုံးဖြတ်​ချက်​ကိုလဲ.​သေချာစဉ်းစားပီမှ ချမှတ်​ပါလို့ တိုက်​တွန်းပါရ​စေ။...​ကျေးဇူးပါပဲ...
image
Photo credit-google photo

Sort:  

ကောင်းတယ်​...

ဟုတ်