အဖွဲ့အစည်းအတွင်း စည်းလုံး ညီညွှတ်စွာနေထိုင်ခြင်း ( ၁ )

in #esteem6 years ago (edited)

အဖွဲ့အစည်းတစ်ခုဘဲ ဖြစ်ဖြစ် မိသားစု တစ်ခုမှာဘဲဖြစ်ဖြစ် အုပ်စု တစ်ခုမှာဘဲ ဖြစ်ဖြစ် လူ နှစ်ဦးထက်ပိုပြီဆိုတာနဲ့ သဘောထားကွဲလွဲတက်ကျတာ ကျမတို့ လူမျိုးတွေရဲ့ ထုံးစံလိုဖြစ်နေပါပြီ။ ငယ်စဉ်ကတည်းက အဖွဲ့အစည်းစိတ်ဓာတ် ပျိုးထောင်မှုအားနည်းတဲ့ ရလာဒ်လို့ မြင်မိပါတယ်။ ခေါင်းဆောင်ဘဲ ဖြစ်ဖြစ် နောက်လိုက်ဘဲဖြစ်ဖြစ် အားနည်းချက်တွေကိုယ်စီနဲ့ လျှောက်လှမ်းနေကျတဲ့ အဖွဲ့အစည်းတွေမှာ ဒီအားနည်းချက်ဟာ ပိုပြီး ထင်သာမြင်သာ ရှိလှပါတယ်။ ဒီဆောင်းပါးလေးကနေ ခေါင်းဆောင်ကောင်းနဲ့ နောက်လိုက်ကောင်းတွေရဲ့ သဘောထား အမူအကျင့် စံထားအပ်တဲ့ စိတ်ဓာတ်လေးတွေကို ဆွေးနွေးကြည့်ကျရအောင်ပါ။

image
source

ပထမဦးစွာ အမေစုရဲ့ စကားလေးတစ်ခွန်းနဲ့ စ လိုက်ကျရအောင်ပါ။ ''မြန်မာတွေ ဘာလုပ်လုပ် မတည့်ကျဘူး ကွဲကျတယ်ဆိုတာ တစ်ခုတည်းသော အကြောင်းကြောင့်ဘဲ ဘာလည်းဆိုတော့ နေရာတကာမှာ အရေးပါချင်ကျလို့ပါ''တဲ့။ ဒီစကားဟာ သိပ်မှန်တယ်လို့ ကျမ တော့ ထင်ပါတယ်။ ခေါင်းဆောင် လုပ်သူဘဲ ဖြစ်ဖြစ် ငယ်သားနောက်လိုက်လုပ်သူဘဲ ဖြစ်ဖြစ် နေရာဆိုတာကို အင်မတန် မက်ကျပါတယ်။ ကိုယ်ရထားတဲ့ ထိုင်ခုံ နေရာ ရာထူး တစ်နေရာစာလေးကနေ ရတဲ့ အခွင့်အရေးကို အမိအရဆုတ်ကိုင်ပြီး အရေးပါဖို့ ကြိုးစားကျပါတယ်။ တာဝန်ယူဖို့ တာဝန်ခံဖို့ထက် နေရာရဖို့ မျက်နှာရဖို့သာ အဓိက လုပ်ချင်ကျပါတယ်။ နေရာမရခင်က စိတ်ထားကောင်းတဲ့သူတွေတောင် ထိုင်ခုံလေးပေါ်ထိုင်လိုက်တာနဲ့ အောက်ကို ငုံ့ကြည့်တက်ပါပြီ။ အမြင့်မှာ ထိုင်တဲ့အတွက် အောက်ကို ငုံ့ကြည့်တယ်ဆိုတာ သဘာဝကျပါတယ်။ ဒါပေမဲ့ ထိုင်ခုံပေါ်ကနေ အောက်က လူကို ငုံ့ကြည့်တဲ့ အကြည့်ဟာ အထင်သေးတဲ့ နိမ့်ချတဲ့ အကြည့်လား။ သနားကြင်နာ ငဲ့ညှာတဲ့ အကြည့်လား။ ဘယ်လို အကြည့်မျိုးနဲ့ ကြည့်မှာလည်းဆိုတာကတော့ ထိုင်ခုံပေါ်ကလူရဲ့ စာရိတ္တနဲ့သာ သက်ဆိုင်ပါတယ်။

image
source

ဒီတော့ ကျမ ဆောင်းပါးရဲ့ ရည်ရွယ်ချက် ၂ခု ဖြစ်တဲ့ နောက်လိုက် ငယ်သား အသင်းသားတွေ အနေနဲ့ ဘယ်လိုစိတ်ဓာတ်တွေ လိုက်နာကျင့်သုံး ထားရှိအပ်တယ်ဆိုတဲ့ ပထမ တစ်ချက်ကို ဆွေးနွေးလိုပါတယ်။ ဒီနေရာမှာ ဓမ္မဒူတ ဆရာတော်ရဲ့ စကားလေးတစ်ခွန်းကို ပြန်လည်မျှဝေချင်ပါတယ်။ '' ကိုယ်က နောက်လိုက်ပါ ပညာတက်ကို ဆရာတင်ထားမိတော့ လုပ်သမျှအားလုံးအောင်မြင်အောင် နောက်က လိုက်လုပ်ပေးရတယ်။ ကိုယ်က နောက်လိုက်ပါ ပညာရှိကို ဆရာတင်ထားမိတော့ စီမံသမျှအားလုံး ပြ
ဿ နာကင်းအောင် နောက်က ကာကွယ်ပေးရတယ်''။ ဆရာတော်ရဲ့ စကားဟာ တိုတိုတုတ်တုတ်နဲ့ အဓိပ္ပါယ်ကို ကွင်းကွင်းကွက်ကွက် မြင်သာစေပါတယ်။ အောက်လက်ငယ်သားရဲ့ အရေးပါပုံနဲ့ ဆောင်ရွက်ရတဲ့ လုပ်ငန်းစဉ်လေးတွေကို ဖော်ပြထားပါတယ်။ အင်မတန် မှတ်သားထိုက်တဲ့ စကားပါဘဲ။

ဆက်ရန်...

@suhlaing
msc 175

Sort:  

ဟုတ်ပ။ဘာကြောင့်အဲလောက်အရေးပါချင်မှန်းမသိဘူးနော်မစု

Posted using Partiko Android

နေရာလေးတစ်နေရာက သွင်းလိုက်တဲ့ မှော်အတက်ပေါ့ ကိုအေးရေ

အင်းဟုတ်တယ်

Posted using Partiko Android

အင်း ဟုတ်တယ်မစု

Posted using Partiko Android

ဆရာ​တော်​ရဲ့စကားတစ်​ခွန်းကတကယ့်​ကိုမှတ်​သားလိုက်​နာထိုက်​ပါတယ်​...ဆက်​ရန်​​မျှော်​​နေပါ့မယ်​....

Posted using Partiko Android

ဆရာတော်ဘုရားရဲ့ စကားတွေကမှတ်သားစရာပါ

ပညာရှိများရဲ့ စကားတိုင်းက မှတ်သားစရာ ချည်းပါ

တင်ပါ့ ဦးဇင်း

ကောင်းရာ​ကောင်း​ကြောင်းကိုပဲ အကျိုးပြုချင်​ပါတယ်

Posted using Partiko Android

သဘောထားကွဲလွဲခဲ့ရင်တောင် နားလည်မှုလေးနဲ့ ရှေ့ဆက်ချင်ပါတယ်

ဟုတ်​တယ်​ မမစု

Posted using Partiko Android

ကောင်းရာ​ကောင်း​ကြောင်းကိုပဲ အကျိုးပြုချင်​ပါတယ်

Posted using Partiko Android

အ​မေစု ​ပြောဖူးတယ်​ ​ကုလားထိုင်​ဆိုတာကိုယ်​ယူချင်​တိုင်းယူမရဘူးတဲ့
ပြည်​သူက​ပေးမှရတာတဲ့

ဟုတ်ပ ရပြီးရင်လည်း မမြဲချင်းသဘောတရားက တွဲကပ်လာတာ

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

thanks, esteemapp


ပိုစ့်ရွေးချယ်ပေးသူများ၏ Curation Collective Discord community ရှိ မြန်မာ ရွေးချယ်ပေးသူ ချန်နယ်တွင့် မျှဝေထားသော အထက်ပါပိုစ့်ကို @C-Squared အဖွဲ့အစည်းအကောင့်မှ ကိုယ်တိုင်စိစစ်ရွေးချယ်ပြီးနောက် မဲပေးခြင်းနှင့် မျှဝေပေးခြင်းများ ပြုလုပ်ခဲ့ပြီးဖြစ်ပါသည်။
This post was shared in the #burmese-curation channel in the Curation Collective Discord community for curators, and upvoted and resteemed by the @c-squared community account after manual review.

ဘာမဟုတ်တဲ့နေရာလေးကိုတောင် နေရာယူချင်တဲ့ အာဏာပြချင်တဲ့သူတွေက များနေတာကိုး။

Your post has been chosen by C2 myanmar curation team.Members: @mmunited, @aggamun @nayhlaingsoe and @lwanwai.

နေရာယူချင်တဲ့ စိတ်နဲ့ လုပ်နေသရွှေ့တော့ ဘယ်အဖွဲ့အစည်းမဆို တိုးတက်ဖို့ နှေးပါတယ်

စည်းလုံးခြင်းသည်အင်အားပေါ့ မတ်မတ်စု။

စည်းလုံးခြင်းဟာ တကယ့်ကို အားပါဘဲ ခိုဇာ

ဆက်ဖတ်ပါ့မယ် စုရေ😁

Posted using Partiko Android

ဟုတ်ကဲ့ပါ မယ်ကြည်ရေ

မတ်မတ်စု ကျန်တာအကောင်းကောင်းပါတယ် စည်းလုံးကြပါလို့အော်နေတာလည်း ကြာခဲ့ပါပြီ ဘာပြောရမှန်းကိုမသိတော့တာလည်း အတော်ကြာသွားပါပြီ ☺ myanmar tag လေးကို ရှေ့ဆုံးကနေထားပေးစေချင်ပါတယ်ဗျ

ပြင်ထားတယ် ကစိုးရေ ဘီလိုဖြစ်တယ် မသိဘူး

ပထမဆုံး tag ကို ပြန်ပြင်လို့မရဘူး နောက်က tag လေးခုကိုသာ ပြင်လို့ရတာပါ

ဟုတ်မယ် ကစိုးရေ ပြင်နေတာ မရတော့ဘူး