သတ်​မှတ်​ထား​သော ထိုက်​တန်​မှု

in #esteem6 years ago

လူ​တွေရဲ့ သဘာဝက

မရနိုင်​တဲ့ အရာကို ပိုပြီးလိုချင်​တာမျိုးပါ

မရနိုင်​တဲ့ အရာ​တွေ​နောက်​လိုက်​ရင်းနဲ့ပဲ

ကိုယ်​အပိုင်​ရထားတဲ့ အရာတစ်​ချို့

အ​လျော်​​ပေးလိုက်​ရတယ်



မဖြစ်​နိုင်​​သေးတဲ့ အရာတစ်​ချို့ကို

စိတ်​ကူးယဉ်​ တမ်းတ​နေရင်းနဲ့ပဲ

ဖြစ်​​နေတဲ့ တန်​ဖိုးကြီးတဲ့ အရာတစ်​ချို့ကို

စ​တေးလိုက်​ကြရတယ်



ဖြစ်​ပြီးသွားတဲ့ ၊ ဆုံးရှုံးသွားတဲ့

အရာတစ်​ချို့်​ကို လွတ်​တဲ့ငါး ပိုကြီး​သလိုထင်​​နေရင်းနဲ့ပဲ

လက်​ရှိ မိ​နေတဲ့ ငါး​တွေက

ပုပ်​သိုးသွားသလို တန်​ဖိုးမဲ့သလိုဖြစ်​လာကြတယ်



တကယ်​​တော့

တန်​ဖိုးဆိုတာ ကိုယ့်​စိတ်​ပါပဲ

ပြည်​တန်​ပတ္တမြားရထား​ပေမယ့်

တန်​ဖိုးမသိရင်​ အ​ပေါစား​ကျောက်​လိုတန်​ဖိုးမဲ့​သလို

ဖြစ်​​နေအုံးမှာပါပဲ



လောကကြီးက ကိုယ်​နဲ့ထိုက်​တန်​လို့

ပေးထားတဲ့ အရာရာတိုင်းကို

တန်​ဖိုးသိပြီး တန်​ဖိုးထားတတ်​မှ

ပြီးပြည့်​စုံခြင်းဆိုတာ ဖြစ်​လာမှာပါ



မပြည့်​နိုင်​လွန်းတဲ့ အစွန်း​ရောက်​​လောဘ​နောက်

အဆက်​မပြတ်​ လိုက်​​နေမိရင်​​တော့

ကိုယ်​နဲ့ထိုက်​တန်​တဲ့ အရာဆိုတာ

လောကကြီးမှာ မရှိသ​လောက်​ ရှားပါးလာမှာဖြစ်​ပြီး

လောကကြီးရဲ့ ဒဏ်​ခတ်​ခြင်းကို

ခံရတတ်​ပါတယ်​။