steem value

in #esteem6 years ago (edited)

လောကမှာ တန်​ဖိုး( ၂)မျိုးရှိပါတယ်



၁)ပကာသနတန်​ဖိုး



ပကာသနတန်​ဖိုးဆိုတာ

စည်းစိမ်​ဥစ္စာ ပြည့်​စုံခြင်း ၊ အတန်းပညာတတ်​ခြင်း

ရုပ်​ရည်​လှပခြင်း ၊ ရာထူးမြင့်​မားခြင်း ၊

အသိုင်းအဝိုင်းကြီးခြင်း ၊ အ​ခြွေအရံ​ပေါများခြင်း

စသည်​တို့ဖြစ်​ပါတယ်​။



၂)ဘဝတန်​ဖိုး



ဘဝတန်​ဖိုးဆိုတာ

စိတ်​ဓာတ်​​ကောင်းခြင်း ၊ ကတိတည်​ခြင်း ၊

အသိပညာပြည့်​စုံခြင်း ၊ ရိုးသားခြင်း ၊

ကူညီတတ်​ခြင်း ၊ ကိုယ်​ချင်းစာစိတ်​မြင့်​မားခြင်း ၊

အမြင်​ကျယ်​ခြင်း ၊ အတ္တနည်းပြီး အများအကျိုး

ဆောင်​ရွက်​တတ်​ခြင်း စသည်​တို့ဖြစ်​ပါတယ်​။



လူတစ်​ချို့မှာ ဘဝတန်​ဖိုး​ရော ပကာသနတန်​ဖိုး​ရော

ရှိ​နေတတ်​​ပေမယ့်​ လူတစ်​ချို့က​တော့

ပကာသနတန်​ဖိုးကိုမှ တန်​ဖိုးကြီးတယ်​လို့

ယူဆ​နေတတ်​ကြတယ်​။
image

လူတစ်​ချို့က​တော့ ဘဝတန်​ဖိုး​တွေကိုပဲ မြင့်​မား​အောင်

ကြိုးစားကြ​ပေမယ့်​ လူတစ်​ချို့က​တော့

ပကာသနတန်​ဖိုးကိုသာ မြင့်​သထက်​မြင့်​​အောင်

ကြိုးစား​နေတတ်​ကြတယ်​။



လူအမျိုးမျိုး စိတ်​အ​ထွေ​ထွေဆိုသလိုပဲ ​ပေတံ​တွေ

ကွဲပြား​နေတတ်​ပြီး အမြင်​​တွေလည်း ဆန့်​ကျင်​ဘက်

ဖြစ်​​နေသလိုပဲ တန်​ဖိုးသတ်​မှတ်​မှု​တွေကလည်း

ကွဲပြား​နေတတ်​ပါတယ်​။



ဘာပဲဖြစ်​ဖြစ်​ပါ

ပကာသနတန်​ဖိုးဆိုတာ အချိန်​အကြာကြီး

တန်​ဖိုးတက်​​နေမှာ မဟုတ်​သလို

အချိန်​ကြာလာ​လေ တန်​ဖိုးကျဆင်းလာ​လေဖြစ်​တတ်​ပါတယ်​။
image

လူတစ်​​ယောက်​က အမြဲချမ်းသာကြွယ်​ဝ​နေမှာမဟုတ်​သလို အမြဲတမ်းလှပ​နေဖို့ဆိုတာကလည်း မဖြစ်​နိုင်​ပါဘူး

ဖြစ်​ပြီးရင်​ ပျက်​တတ်​တဲ့ ​လောကနိယာမအရ

ပကာသနတန်​ဖိုး​တွေက အချိန်​နဲ့ဆိုင်​ပြီး

ဘဝတန်​ဖိုးကသာ အချိန်​ကြာ​လေ တန်​ဖိုးတက်​​လေပါပဲ။



ဘဝတန်​ဖိုးကို မြင့်​မား​အောင်​ အမြဲကြိုးစား​နေသူ

တစ်​​ယောက်​က ယခုအချိန်​မှာတန်​ဖိုးတက်​တာ မတက်​တာ

အသာထား ​သေချာတာက​တော့ ​သေသွားရင်​​တောင်

မေ့နိုင်​​တော့မှာမဟုတ်​သလို ​နောင်​သံသရာအထိပါ

သူ့သမိုင်းက လှပ​နေမယ်​ဆိုတာ မငြင်းနိုင်​တဲ့

အမှန်​တရားတစ်​ခုလို့ အခိုင်​အမာ​ပြောလိုက်​ပါရ​စေ။