Thinking My mind

in #esteem7 years ago (edited)

ပထမဆုံး msc ရတဲ့ပို့ဒ်​​လေးမို့လို့ အမှားပါရင်​ခွင့်​လွှတ်​​ပေးကြပါ။ အမှားပါရင်​လဲ​ထောက်​ပြကြပါ။
ညီ​လေး​ရေ ၊သဘာဝတရားက ၊အလှအပ​တွေနဲ့မို့ ၊ပကာသန​တွေ​ ၊​ဘေးဖယ်​ထားပါ။
ညီ​လေး​ရေ ၊အနန္တဂိုဏ်းဝင်​ ၊​ကျေးဇူးရှင်​ မိနဲ့ဖကို ၊လိမ္မာနှလုံး ၊ချိုသာစကားလုံးဖြင့်​ ၊ကိုယ်​နှုတ်​နှလုံး​ ၊​စောင့်​ထိန်းနိုင်​​စေ။
ညီ​​လေး​ရေ ၊​ပြောဆိုဆုံးမ ၊မိနဲ့ဖနှုတ်​က ၊မလွဲဧကန်​ ၊အမှန်​ဖြစ်​မည်​ ၊လိုက်​နာစည်းကမ်း ၊ဆုံးမစကားကို ၊တစ်​သက်​လုံးပင်​ ၊စွဲ​အောင်​မှတ်​​ပေါ့။
ညီ​လေး​ရေ ၊တစ်​ခါတစ်​ရံ ​ဒေသထွက်​မူ ၊သဘာဝအလှတရားကို ၊ကာလာမ​ပြောင်း​အောင်​ ၊မာန်​မာန​တွေ ၊​ဒေါသ​တွေကို ၊ရင်​ဝယ်​ဖယ်​ရှား ၊​စောင့်​ထိန်းနိုင်​​စေ။
ညီ​လေး​ရေ ၊ဘဝဆိုတာ ၊ဘနဲ့ဝမို့် ၊အလွန်​တို​တောင်း ၊ဒီချိန်​ခါဝယ်​ ၊တရား ဥပုဒ်​​စောင့်​ထိန်းနိုင်​​စေ။
ညီ​လေး​ရေ ၊သံသရာမှာမကျင်​လည်​​အောင်​ ၊ဗုဒ္ဓ​ဟောကြား မြတ်​တရားကို ၊ကိုယ်​နှုတ်​နှလုံး စိတ်​ခန္ဓာတွင်​ ၊စွဲစွဲမြဲမြဲရှိပါ​လေ။
ညီ​လေး​ရေ ၊လူကြီးသူမသြဝါဒ​ပေး ၊သူတို့​တွေ့ကြုံဘဝခုံဝယ်​ ၊ကျင်​လဲဖြတ်​သန်း ဘဝခရီးလမ်းမှာ ၊​ကျော်​ဖြတ်​ပုံ​တွေ နား​ထောင်​​လေ။
ညီ​လေး​ရေ ၊ငယ်​စဉ်​ပညာ ၊သင်​စဉ်​ခါဝယ်​ ၊ဆရာစကား ၊ဆိုဆုံးမကို ၊နားတွင်​အမြဲ ၊ကြားနားမြဲ​စေ။
ညီ​လေး​ရေ ၊မာန်​မာ​တွေဖြုံးလွှမ်း ၊ပကာသန​တွေနဲ့ ၊​မေတ္တာဆိုတာ ၊ရှာ​၍မ​တွေ့ ၊သည်​ကမ္ဘာငယ်​ကို ၊လမ်းမှား၍​တောင်​ ၊မ​ရောက်​​စေနဲ့။
ညီ​လေး​ရေ ၊သာယာလှပ ၊ဒို့ကမ္ဘာဝယ်​ ၊ပညာထွန်းကား ၊မိတ်​​ဆွေများမယ်​ ၊မာန်​မာနကင်း ၊​မေတ္တာများမယ်​ ၊​ဒေါသကင်းစင်​ ၊​သောကကင်း​ဝေး ၊​လောကငြိမ်းချမ်း ၊ဒို့ကမ္ဘာသို့ အစဉ်​အမြဲ ၊​ပြောင်း​ရွှေ့လာ​စေချင်​။
ညီ​လေး​ရေ ၊လူကြီး​ပြောစကား ၊ဆိုဆုံးမစကား ၊ရင်​မှာအမြဲထား ၊အမှားကင်းစင်​ ၊အမှန်​ဖြစ်​​အောင်​ ၊​တွေး​တောဆင်​ခြင်​ နိုင်​လိမ့်​မည်​။
ညီ​လေး​ရေ သဘာဝ​လောကတရားကြီးဟာဖြစ်​​ပေါ်လာကတည်းက အလှတရား​တွေနဲ့ပြည့်​စုံ သာယာ​နေပါတယ်​။ လူ​လောကမှာ ပကာသန​တွေ မာန်​မာ​န​တွေ ကိုစွန့်​ပစ်​နိုင်​မှာသာ သာယာလှပတဲ့​လောက သဘာဝပတ်​ဝန်းကျင်​ကိုပိုင်​ဆိုင်​ရလိမ့်​မယ်​။
ညီ​လေး​ရေ မိဘ​တွေဆိုတာက အ​မေဆို ညီ​လေးကိုအသက်​နဲ့ရင်​ပြီး​မွေးရ အ​ဖေဆိုရင်​ ညီ​လေးတို့မိသားစုအတွက်​ ရှာ​ကျွေးရ ဒီလို​ကျေးဇူးတရား​တွေက မြင့်​မိုရ်​​တောင်​ထက်​​တောင်​မြင့်​မားလှတဲ့ အနန္တဂိုဏ်​ဝင်​ ​ကျေးဇူးရှင်​မိဘနစ်​ပါးကို လိမ်​လိမ်​မာမာ နဲ့ ချိုသာတဲ့စကားလုံး​တွေနဲ့သာ ​ပြောကြရမယ်​​လေ။ ဒါမှ ​ကျေးဇူးမဆပ်​ရ​သေးပင်​မဲ့ ​ကျေးဇူးမကန်းရာကျမယ်​​လေ။
ညီ​လေး​ရေ မိဘနစ်​ပါးက ​ပြောဆိုဆုံးမတာ​တွေကိုလဲနာခံရမယ်​​လေ။ မိဘဆိုတာ သူတို့ဘဝနဲ့နှိုင်းပြီး ညီ​လေးတို့ကိုဆုံးမတာကွဲ့။ အဲ့​တော့သူတို့ဆုံးမတာက အမှန်​တရာ​တွေကြီးပဲ​လေ။ ညီး​လေးက မိဘစကားကို​မြေဝယ်​မကျ နား​ထောင်​ရမယ်​​နော်​။
ညီ​လေး​ရေ လူတိုင်းဟာ​ စိတ်​မသက်​သာရာဖြစ်​လို့ရှိရင်​​ဒေသထွက်​တတ်​ကြတယ်​​လေ။ အဲ့လို​ဒေသထွက်​ရင်​ သဘာဝတရားကအ​မှောင်​ကျသွားလိမ့်​မယ်​။ အဲ့​တော့ ​ဒေါသ​တွေ မာန်​မာန​တွေကို ဖယ်​ရှားနိုင်​ရမယ်​​နော်​။
ညီ​လေး​ရေ အကိုတို့ရရှိတဲ့ ဘဝဆိုတာကအလွန်​တို​တောင်းလှတယ်​။ အဲ့လိုတို​တောင်းတဲ့အချိန်​မှာ​တောင်​ အကိုတို့က ဗုဒ္ဓသာသနာ​တော်​နဲ့​တွေ့ကြုံ​နေရတာ အလွန်​ပင်​ကံ​ကောင်းလှတယ်​။ အဲ့​တော်​ တရားဘယဝနာ ကျင့်​ကြံရမယ်​​နော်​။
ညီ​လေး​ရေသံသရာဆိုတဲ့ သုံးဆယ်​တစ်​ပုံမှာ မကျင်​လည်​​အောာင်​ ဗုဒ္ဓဘုရာရှင်​ ​ဟောကြားခဲ့တဲ့ မြတ်​တရား​တွေကို ညီ​လေးတို့က ကိုယ်​နှုတ်​နှလုံး စိတ်​ခန္ဓာမှာ စွဲစွဲမြဲမြဲ မှတ်​သားပြီး ကျင့်​ကြံကမယ်​​နော်​။
ညီ​လေး​ရေ ကိုယ့်​ထက်​ကြီးတဲ့သူ​တွေ အဖိုးအဖွား​တွေ လူကြီးသူမ​တွေ သြဝါဒ​ပေးဆုံးမတာ​တွေကို နား​ထောင်​ရမယ်​​နော်​။ သူတို့က ညီ​လေးတို့ထက်​ ဘဝကို အရင်​ဖြတ်​သန်းခဲ့ရတာ​လေ အဲ့​တော့ သူတို့ဖြတ်​​ကျော်​ခဲ့ရတဲ့ဘဝမှာ ဘာ​တွေက​ကောင်း​လဲ ဘာ​တွေက မ​ကောင်းတာ​တွေလဲ ဘာ​တွေကို​တော့ ပြုလုပ်​သင့်​လဲ ဘာ​တွေကို​တော့​ရှောင်​ရှားသင့်​လဲ ဒါမှညီ​လေးတို့ ဘဝမှာ အမှားနည်း​နေလိမ့်​မယ်​​လေ။
ညီ​လေး​ရေ ငယ်​ရွယ်​နုနယ်​ပညာရှာချိန်​ဝယ်​မှာ ဆရာ ဆရာမ​တွေ ​ပြောဆိုဆုံးမစကား​တွေကိုလဲနား​ထောင်​ရမယ်​​နော်​။ ဆရာဆရာမ​တွေဆိုတာကလဲ အနန္တဂိုဏ်းဝင်​​ကျေးဇူးရှင်​​တွေပဲ​လေ။
ညီ​လေး​ရေ မာန်​မာန​တွေ ပကာသန​တွေ ဖြုံးလွှမ်း​နေတဲ့ ကမ္ဘာဆိုတာက အ​ရောင်​အ​သွေး​တွေမ​ကောင်းဘူးကွဲ့ သစ်​​ကောက်​ဝါး​ကောက်​​တွေသာမြင်​ကတာ ကိုယ့်​ထက်​သာမနာလိုသူ​တွေ​ပေါတယ်​ကွဲ့ ​မေတ္တာတရားဆိုတာဘယ်​ဆီ​နေမှန်း​တောင်​မသိရှာဘူး​လေ။ အဲ့လိုကမ္ဘာငယ်​​လေးကို မ​ရောက်​​အောင်​​ရှောင်​ရှားရမယ်​​နော်​။
ညီ​လေး​ရေ သာယာလှပတဲ့ အကိုတို့ရဲ့ကမ္ဘာက​တော့ ပညာတတ်​​တွေလဲ​ပေါများတယ်​ ​တွေး​ခေါ်နိုင်​တဲ့သူ​တွေလဲ​ပေါများတာ​ပေါ့ မိတ်​​ဆွေ​တွေလဲ​ပေါများတယ်​ မာန်​မာန​တွေကင်းစင်​ပြီး ​မေတ္တာတရားကို​အ​လေးထားတဲ့သူ​တွေ​လေ ​ဒေါသကင်းစင်​ပြီး ​သောက​တွေငြိမ်းချမ်းတဲ့ အကိုတို့ကမ္ဘာက​နေ ညီ​လေးကိုအစဉ်​အမြဲ ကြိုဆို​နေပါတယ်​။
ညှီ​လေး​ရေ လူကြီးသူမ​တွေ​ပြောတဲ့စကား ဆိုဆုံးမစကား​တွေကို နား​ထောင်​တဲ့သူ​တွေဟာ အမှား​တွေကင်းစင်​ပြီး အမှန်​တရား​ကို​တွေး​တောနိုင်​တဲ့သူ​တွေဖြစ်​လာလိမ့်​မယ်​။
ဒါမှသာညီ​လေးက မိမိကိုယ်​မိမိတိုးတတ်​​အောင်​လုပ်​​ဆောင်​နိုင်​မယ်​။ မိမိမိသားစု ၊မိမိ​ဆွေမျိုး ၊မိမိပတ်​ဝန်းကျင်​ ၊မိမိတိုင်းပြည်​ကို တိုးတတ်​​အောင်​လုပ်​​ဆောင်​နိုင်​မဲ့ လူရည်​ချွန်​​တစ်​​ရောက်​ဖြစ်​လာနိုင်​လိမ့်​မယ်​။
image
@smileking
MSC NO-255

Sort:  

First Impression အ​နေနဲ့ဆိုရင်​ ​ကောင်းပါတယ်​​ညီ​ရေ။စာလုံး​ပေါင်းအမှား​လေး​တွေ တတ်​နိုင်​သမျှနည်း​အောင်​ပြင်​​စေချင်​ပါတယ်​။Author Name​လေးမှာလည်း "e"ကျန်​ခဲ့ပါတယ်​လို့။MSC proယူမယ်​ဆိုရင်​ မြန်​မာTag​ ​ရှေ့ဆုံးက​နေထား​ပေးပါ။ကျန်​တဲ့အချိန်​​တွေ​တော့ မ​တောင်းဆိုပါဘူး ထားရင်​​တော့အ​ကောင်းဆုံး​ပေါ့။Welcome to MSC and G4 ညီ​ရေ

Hote အကိုကြိုးစားပါ့မယ်

ပထမဆုံးပိုစ်​ အား​ပေးပါတယ်​ ကွန့်​မန့်​​လေး​တွေက
လိုအပ်​တာ​လေး​တွေ​ထောက်​ပြထားတာပါ
ဆက်​ကြိုးစားကြတာပ

ဟုကဲ့

ကြိုဆိုပါတယ်​ ညီ .. MSC မှာ စည်းလုံးခြင်း စည်းကမ်းလိုက်​နာခြင်းက အရမ်းအ​ရေးကြီးပါတယ်​ ​နောက်​ထပ်​ အ​ရေးကြီးဆုံးက လုံးဝ Copy မလုပ်​ဖို့ပါ ..စည်းကမ်း​တွေက​တော့ နားလည်​ပြီးသားဖြစ်​မှာပါ ... အတူ ချီတက်​ကြပါစို့ ...

Tag မှာ myanmar ကို ထိပ်ဆုံးက ထည့်ပေးပါနော်။

Hote sister.

Hote sister

တူတူပါပဲ့broရေ MSC proစရတဲ့Postချင်း .အားပေးနေပါတယ်bro

Hote kal par bro

welcome ,fighting

Hote sis .fighting

လှိုက်လှဲစွာကြိုဆိုပါတယ်ဗျာ။

ဟုကဲ့

ကြိုဆိုပါတယ်​ ညီ​ရေ

ဟုကဲ့

author name လေး ပြင်လိုက်ပါအုံး bro

ဟု အမှား​ထောက်​ပြတဲ့အတွက်​​ကျေးဇူးပါ

Welocme ညီလေးရေ။ဂျီဖိုးမှလှိုက်လှဲစွာကြိုဆိုပါတယ်ဗျာ။

ဟုကဲ့

လူရည်ချွန်လေးဖြစ်ပါစေကွယ်

ဟုကဲ့

Sneaky Ninja Attack! You have been defended with a 1.43% vote... I was summoned by @smileking! I have done their bidding and now I will vanish...Whoosh

This post has received a 1.42 % upvote from @drotto thanks to: @smileking.

Congraucation pr bro

ညီလေး အသက်ဘယ်လောက်ရှိပီလဲ ကြိုဆိုပါတယ်။

Hello အကို ညီအသက်​ ၂၀ပဲရှိ ပါ​သေးတယ်​ ကဗျာ​ရေးတာ သဘာဝနဲ့ညီ​အောင်​လို့ ညီ​လေး​ရေလို့ထည့်​လိုက်​တာပါ အကို

Welcome to Steemit Myanmar Community.
Moving forward together steemit platform.
You should try more and more before.
Correct writing.

Ok moving together

ညီလေးရေ . . . Steemitလမ်းမပေါ်မှာ MSCနဲ့အတူ ပျော်ရွှင်အောင်မြင်ပါစေကွယ်

ဟုအကို အကိုလဲ​အောင်​မြင်​ပါ​စေ