စက်ရုပ်ကြောင်လေး ဒိုရာမွန်း

in #esteem7 years ago

သူငယ်ချင်းဖြစ်သူ လိုအပ်တိုင်း ၀မ်းဗိုက်ရှိ ရတနာအိတ်ကပ်ထဲကနေ လျှို့ဝှက်ပစ္စည်းတွေ ထုတ်ပေးတတ်တဲ့ စက်ရုပ်ကြောင်လေးအဖြစ်လည်း လူသိများကြပါတယ်။ ဒိုရာမွန်းစက်ရုပ်ကြောင်လေး ပါဝင်တဲ့ ဇာတ်လမ်းတွေဟာ ၁၉၆၀ ခုနှစ်ဝန်းကျင်မှာ အများပြည်သူအကြား ပျံ့နှံ့ခဲ့ပြီး ကြိုက်နှစ်သက်သူ များပြားခဲ့ပါတယ်။ ဂျပန်ကာတွန်းဆရာ Fujiko Fujio ရေးသားဖန်တီးခဲ့တဲ့ ဇာတ်လမ်းဖြစ်ပြီး ကလေးငယ်တွေအကြား အထူးနှစ်သက်တဲ့ ကာတွန်းဇာတ်လမ်းတစ်ခုဖြစ်ခဲ့ပါတယ်။
image
၁၉၆၉ ခုနှစ် ဒီဇင်ဘာကနေ ၁၉၉၆ ခုနှစ် ဇွန်လအထိ ရုပ်ပြဇာတ်လမ်းအနေနဲ့ ဖြန့်ချိခဲ့ပြီး ၁၉၇၃၊ ၁၉၇၉ နဲ့ ၂၀၀၅ ခုနှစ်တွေမှာတော့ ကာတွန်းရုပ်သံဇာတ်လမ်းအနေနဲ့ ဖန်တီးခဲ့ပါတယ်။ ဂျပန်ဘာသာစကားနဲ့ တင်ဆက်တဲ့ ဇာတ်လမ်းဖြစ်ပြီး ဒိုရာမွန်းအပါအ၀င် ကာတွန်းဇာတ်ကောင်တွေရဲ့ ချစ်စဖွယ်ပုံစံလေးတွေကြောင့် ကြိုက်နှစ်သက်သူများပြားပြီး အာရှဒေသတစ်ခွင်ကျော်ကြားပါတယ်။
ဒိုရာမွန်းဇာတ်လမ်းဟာ ကာတွန်းသက်ဝင်လှုပ်ရှားမှုနယ်ပယ်နဲ့ ဖျော်ဖြေရေးကဏ္ဍတွေအထိ အောင်မြင်ခဲ့တဲ့ ဇာတ်လမ်းလည်းဖြစ်ပါတယ်။ အပြာနုရောင် စက်ရုပ်ကြောင်လေး ဒိုရာမွန်းဟာ သူငယ်ချင်းဖြစ်သူ နိုဘိနိုဘိတကို ခင်မင်သူဖြစ်ပါတယ်။
image
သူငယ်ချင်း နိုဘိတဟာ ကိုယ်ပိုင်စွမ်းရည်နဲ့ မလုပ်ကိုင်တတ်သူဖြစ်တာကြောင့် အခက်အခဲတွေ့ကြုံတိုင်း ဒိုရာမွန်းက အကူအညီပေးရလေ့ရှိပြီး ရတနာအိတ်ကပ်ထဲကနေ လိုအပ်တဲ့ ပစ္စည်းကိရိယာတွေကို ထုတ်ပြီးကူညီပေးရလေ့ရှိပါတယ်။ သူငယ်ချင်းနိုဘိတ၊ နိုဘိတရဲ့သူငယ်ချင်း ရှိဇုကတို့နဲ့ အတူ အတိတ်ကာလကို ခရီးသွားတာ၊ အတိတ်ကာလကို ခရီးသွားတာ စတာတွေကို ဇာတ်အိမ်ဖွဲ့ တင်ဆက်ထားတဲ့ ဇာတ်လမ်းတွဲတွေဖြစ်ပြီး သင်ခန်းစာယူဖွယ်၊ သာယာကြည်နူးဖွယ်၊ ရယ်ရွှင်ဖွယ်၊ အံ့သြဖွယ် စတာတွေကို ထည့်သွင်း ဖန်တီးထားတဲ့ ဇာတ်လမ်းလေးဖြစ်ပါတယ်။ ဒိုရာမွန်းရဲ့ အိတ်ကပ်ထဲကနေ အလိုအလျောက်ထွက်လာတဲ့ ပစ္စည်းတွေ၊ တိရစ္ဆာန်အကောင်တွေ၊ အစားအစာတွေ စတာတွေကိုလည်း ကြည့်ရှုသူ ကလေးသူငယ်တွေက ပိုမိုစိတ်ဝင်စားကြလေ့ရှိပါတယ်။ ဒိုရာမွန်းဇာတ်လမ်းကို ပြည်တွင်းရုပ်သံလိုင်းမှာလည်း ပြသခဲ့ဖူးပြီး ဇာတ်လမ်းအခွေတွေလည်း ထွက်ရှိခဲ့ပြီး ၀ယ်ယူကြည့်ရှုသူများပြားခဲ့ပါတယ်။ ဟာသနဲ့ဒရာမာ ပေါင်းစပ်ထားတဲ့ စိတ်ကူးယဉ်သိပ္ပံဇာတ်လမ်းဖြစ်ပြီး ဒီကနေ့အထိ ကလေးသူငယ်တွေအကြား ထင်ရှားဆဲဖြစ်ပါတယ်။
@shinethulwin

Sort:  

အရမ်းကောင်းပါတယ်Very good

မိုက်မိုကြိုကြိုက်လိုက်မယ် ဟီးးးးး