ကျတော်က သူများတွေနဲ့မတူဘူးဗျ မမြင်အပ်တာတွေခနခနမြင်ရတယ် မကြားသင့်တာတွေလည်း ကြားနေရတတ်တယ်ဗျ ဒါကြောင့်ကျတော်ကကျတော့ အဖိုးနဲ့ဘဲနေတာများတယ် ကျတော့်အဘိုးကလည်း မကောင်းသူပယ် ကောင်းသူကယ်နေရတဲ့ အလင်းလောကထဲက ဆရာတစ်ဦးဘဲလေ အဲ့ကြောင့်ကျတော်လည်းအဘိုးနဲ့ဆေးလိုက်ကုရင်း အဘိုးတို့ဆီမှာဘဲ နေတော့တာ အဘိုးနဲ့နေနေရင်ကိုယ့်ကိုကိုယ် လုံခြုံသလိုခံစားနေရတယ်ကောင်းကင်မှိုင်းပြာပြာတွင် ဘော်ငွေကြယ်ပွင့်ကလေးများ ဟိုနားတစ်ပွင့် သည်နားတစ်ပွင့်ဖြင့် ကောင်းကင်အနားကပ် တိမ်မှီရပ်၍ မလဲ့တလဲ့ မလင်းတဖုံ လင်းတဖုံဖြင့် လရိပ်လှုံကြချေပြီကော။လူသားသတ္တဝါတို့၏ဖြစ်တည်ရှင်သန်မှု့သည် ဒုက္ခသစ္စာဟုဆိုရသည်ရှိသော နွေညသည် အနှီဒုက္ခသစ္စာတုံးကြီးအား တုပချေဖျက် ချွေးသိပ်ပေးလိုဟန်ရှိပေသည်ထင် တစ်နေကုန်တစ်နေခန်း လျှမ်းလျှမ်းတောက် မထောက်မညှာပွင့်အာခဲ့သော ဥုဏှနေမင်း၏အပူမီးလျှံတို့သည်ပင် နွေလ၏ခြေတော်ရင်းတွင် ဝပ်ဆင်းကျေပျက်ငုံလျှိုးခဲ့ပြန်ပါပကော။
မဟုတ်တဲ့ကားတွေပြနေတာဗျာ ကျတော်လည်းချက်ချင်း ပြန်ထွက်လိုက်တယ် အဲ့ဒါအကိုကအနောက်ကလိုက်လာပီး ဘာညာကိကွပြောဒါပေါ့ဗျာ အဲ့ဒါနဲ့ကျတော်လည်း စိတ်ဆိုးပီး အိမ်ကိုတစ်ယောက်ထဲပြန်လာတာပေါ့ဗျာ စိတ်ထဲကလည်း အိမ်ပြန်ရောက်ရင် အမေနဲ့တိုင်ပြောမယ်ဆို ကိုယ့်ဒေါသနဲ့ကိုပြန်လာတာ လမ်းတစ်ဝက်လောက်လဲရောက်ရော တောသရက်သီးပင်ကြီးအောက်မှာ ကျတော့်လိုအရွယ် ကလေးလေးငါးရောက် ဘောလုံးကန်နေတာဗျ ကျတော်လည်းအံ့အောလို့ကြည့်နေတာ အချိန်အားဖြင့် ည၉နာရီသာငါလောက်လေးဘဲရှိအုန်းမှာ အဲ့ညကလည်းလပြည့်ဆိုတော့ လ လည်းတော်တော်ထွက်နေပီဗျ အံအောဆိုရင်ဘဲ သူ့တို့ကန်တာကမြေကြီးပေါ်မှာမဟုတ်ဘူး မရည်မြသွေးခပ်စိမ်းစိမ်းကလေးကို ခပ်ပြေပြေကလေးလိမ်းကျံသုတ်လူးထားသော ပုပုသေးသေးစံပယ်ရုံတို့၏ ပွင့်ရွက်တို့သည် သွယ်နွဲ့သောရိုးတံဖြူဖြူလေးများကို ရှက်နှိုးဖွယ်ဖုံးအုပ်လျက် သူတို့လည်း လရောင်ကိုလှုံပြန်၏။ဆူးခက်ဆူးမာန်တို့ကို ခဝါချထားသော အနှီစံပယ်ရုံပင်ငယ်လေးများသည် ကမာကောင်ငယ်တို့၍ ဖြူဥသောပုလဲလုံးအဆင်းကိုဆောင်ယူဖြူစွက်ကြဟန်ထင် ဖြူလွှသောပွင့်ဖတ်ငယ်ကလေးများသည် ကမ္ဘာလောကသို့ဖိတ်စင်လာသော လရောင်ကို ပွင့်ဖတ်ငယ်တို့ဖြင့်သောက်သုံးလိမ်းကျံ၍ လရောင်နှင့်ရည်ငံသင့်မြတ်ကြလေပြီ။ဗေလုဝနတ်သား၏ညင်းသဲ့သောနတ်စောင်းတွင် မဓုရတာချိုမြသာယာနာပျော်ဖွယ် စောင်းသံတို့သည် အရှေ့မျက်နှာအနှံ့ပြန့်ပျူးပြေးလွှားကစားခုန်ပျောက်ကြသကဲ့သို့ပင် နွေနတ်သား၏ ညှင်းသဲ့သဲ့လေပြေညင်းတို့သည် လှိုင်ထသောစံပယ်ရနံ့တို့ကိုလိမ်ကျံ၍ ဝန်းကျင်တခိုဖြန့်ကြဲသယ်ဆောင်တော့၏။
သူတို့ကသာ မကြောက်နဲ့ပြောနေတာ ကျတော်ကတော့ နည်းနည်းလန့်လာပီ ဒါပေမယ့် အတွေးတစ်ခုဝင်လာတာက ကျတ်ာဘာကြောင့်သူတို့နဲ့ပြောဆို ဆက်ဆံနိုင်တာလဲဆိုတာမသိဘူး ကျတော်စဉ်းစားနေတုန်းမှာ ဒုန်းဒုန်းဒုန်းဆိုပီး မြေကြီးတွေတုန်ခါသွားတဲ့ထိအသံကြီးကြားတာနဲ့နောက်ပြန်လည့်ကြည့်လိုက်တော့ အောင်မလေးဗျာ လူတွေအဲ့ကြောင့်သရဲကြောက်ကြတာကိုး နည်းတဲ့အကောင်ကြီးမှမဟုတ်တာ အရပ်အားဖြင့်ထန်းပင်ထက် တောင်ပိုမြင့်သေး ကျတော်လည်း ကြောင်သွားတာပေါ့ ရှေးယခင်သော် လုလင်ပျိုတစ်ယောက်သည် ယခုလိုလဖြာသောညတွင် စံပယ်ရုံ နံဘေးရပ်ငေးခဲ့ပေလိမ့်မည်ပင်။ ထိုလုလင်သည် ဖြူသော ဖွေးသော နုသော နွဲ့သော သူ၏ကညာပျိုကလေးအား စံပယ်ပွင့်ကလေးနှင့်နှိုင်းတင့်မြတ်နိုးခဲ့လေသလော။စံပယ်ပွင့်ကလေးလိုမြတ်နိုးယုယတွယ်တာရရှာသော သူ၏ တောစံပယ်အပျိုငယ်လေးအား အဘယ့်များကြောင့်ပင် မပန်ထိုက်ခဲ့ပါသနည်း။ ရေစက်ကယ်မကြုံ ဂုဏ်ချင်းရယ်မမျှ အလွှာအတန်းပင်းခြားနားပေသောကြောင့်လား။သို့တည်းမဟုတ် ဆင်းရဲနုံချာသောသူ၏ဘဝထဲသို့ မခေါ်ဆောင်ရက်သောကြောင့် တပါးသူလက်ထဲထည့်ပေး၍ မပန်ရက်မခူးရက်သောကြောင့်လား။ဤလရောင် ဤစံပါယ်ရုံဘေးဝယ် ထိုလုလင်ငယ်သည်ပင် ဆွေးမြေ့တမ်းမောခဲ့ပေသည်လား။ လားသည်များစွာ မေးခွန်းများချာချာလည်နေမိပြန်၏။
ကောက်နှံပင်ပျိုရွက်တွေ ကူပွေ့ကာထား မြသားငွေတိမ်ဝါခဲရဲ့အလယ် မြင်ယောင်မိပါတယ်ကွယ် သနပ်ခါးပါးကွက်ကြားနဲ့ရယ် တစ်ပွင့်ပန်းပန်ရင်လှရှာသူလေးရယ်ဟု အဆိုတော်ဦးသိန်တန်ကြီးသီချင်းထဲက ရိုးသားအေးချမ်းလှသော ကောက်ရိတ်လုံမေပျိုသည် ခပ်ကျဲကျဲလိမ်းကျံထားဘိသောသနပ်ခါးနံ့သာ နုသားဝါနှင့် ပိတုန်းရောင်ကေဆီမှာပန်ခဲ့ရှာသော ထိုတစ်ပွင့်ပန်းသည် ဤဖြူဆွတ်မြမွှေးသော စံပယ်ပွင့်ကလေးများဖြစ်နေမလား။ ကောက်ငန်းသို့ ပိုးရန်ပန်းရန်လာသော ကာလသားလူပျိုလေးကို ပန်းခူးခဲ့ခိုင်းပေလိမ့်မည်။မြို့ကြီးသူရေဆေးငါးတို့လို ဖြူဖြူဖွေးဖွေးခေတ်မီအောင်မလှနိုင်စေဦးတော့ အုန်းဆီရွှဲရွှဲလိမ်းထားသော တပတ်လျှိကေသာတွင် ပန်းကလေးတစ်ပွင့်တော့ဖြင့် သူပန်ချင်ရှာခဲ့သည်ထင် ထိုလုံမေပျိုကလေး၏ကောက်ငန်းနှင့် မနီးမဝေးသောအရပ်ဝယ် မိုးရေလှောင်ထားသောကန်ဘောင်ကြီးတစ်ခုရှိပေလိမ့်မည်။ထိုကန်ဘောင်တွင် ကာလရင့်သီ၍ တောထဖွဲ့စီပေါက်ရောက်နေသော တောတန်းငယ်လေးရှိပေလိမ့်မည်။ထိုတောတန်းငယ်တွင် ပန်းကလေးတစ်ပွင့်ခူးခဲ့ဖို့ တောင်းဆိုခဲ့ပေလိမ့်မည်။ ထိုကာလသားလုလင်သည်လည်း ပိုးကြေးပန်းကြေးအဖြစ်နှင့် တောပန်းကလေးတစ်ပွင့်ခူးဆွတ်၍ ပေးခဲ့ပေလိမ့်မည်။ထိုပန်းကလေးတစ်ပွင့်သည်ပင်လျင် ဆူးခက်မာန်ဆင့်မခက်ထန်ဝင့်သော စံပယ်ပန်းကလေးတစ်ပွင့် ဖြစ်နေခဲ့မည်။
When the page was again experienced in life will also be sweet