ရှုံးနိမ့်မှာကို ကြောက်ရွံ့မိကြောင်း ဂျိုဟွာပြောကြား

in #esteem7 years ago

ရှုံးနိမ့်မှာကို ကြောက်ရွံ့မိကြောင်း ဂျိုဟွာပြောကြား
ဗြိတိန်လက်ဝှေ့ကျော် အန်သော်နီဂျိုဟွာက သူ့အနေနဲ့ ရှုံးနိမ့်မှာကို ကြောက်ရွံ့ပေမယ့်လည် ဂျိုးဆပ် ပါကားလို ကစားသမားမျိုးနဲ့ ထိုးသတ်ဖို့ စီစဉ်ထားတာကြောင့် ရှုံးပွဲတစ်ပွဲတည်းနဲ့ ဖိုက်တာတစ်ဦးကို အဆုံးအဖြတ်မပေးကြောင်းပြောကြားလိုက်ပါတယ်။ရှုံးနိမ့်မှာကို ကြောက်ရွံ့မိကြောင်း ဂျိုဟွာပြောကြား
ဗြိတိန်လက်ဝှေ့ကျော် အန်သော်နီဂျိုဟွာက သူ့အနေနဲ့ ရှုံးနိမ့်မှာကို ကြောက်ရွံ့ပေမယ့်လည် ဂျိုးဆပ် ပါကားလို ကစားသမားမျိုးနဲ့ ထိုးသတ်ဖို့ စီစဉ်ထားတာကြောင့် ရှုံးပွဲတစ်ပွဲတည်းနဲ့ ဖိုက်တာတစ်ဦးကို အဆုံးအဖြတ်မပေးကြောင်းပြောကြားလိုက်ပါတယ်။

ဂျိုဟွာသာ အနိုင်ရရှိခဲ့မယ်ဆိုရင် WBA နဲ့ IBF ချန်ပီယံဆုခါးပတ်များအပြင် ပါကားရဲ့ WBO ချန်ပီယံဆုခါးပတ်ပါ ရရှိနိုင်မှာဖြစ်သလို သူ့သက်တမ်းတစ်လျှောက်ထိုးသတ်ခဲ့တဲ့ ပွဲစဉ်အားလုံးမှာလည်း ရှုံးပွဲမရှိ မှတ်တမ်းတစ်ခု ရေးထိုးနိုင်မှာဖြစ်ပါတယ်။

ဂျိုဟွာက ပါကားနဲ့ထိုးသတ်မယ့်ပွဲစဉ်အတွက် စိတ်ရှုပ်ထွေးမှုများရှိနေပြီး သူ့အတွက် ရှုံးနိမ့်မှုလည်း ကြုံတွေ့နိုင်ကြောင်းဆိုပါတယ်။ “ လက်ဝှေ့မှာတော့ ရှုံးနိမ့်တယ်ဆိုတာ လူတိုင်း ကြောက်ရွံ့ကြတဲ့ အခြေအနေတစ်ခုပါ။ ရှုံးပွဲမရှိသေး တဲ့ မှတ်တမ်းမှာ ဘယ်သူကမှ ရှုံးပွဲတစ်ခု မကြုံတွေ့ချင်ပါဘူး။ ဘယ်အားကစားမှာပဲဖြစ်ဖြစ် အမြဲတမ်း အနိုင်မရနိုင်ပါဘူး။ ရှုံးနိမ့်မှုရှိနိုင်တယ်။ ပြီးရင် ပြန်နိုးထရမယ်။ ” လို့ ဂျိုဟွာက Sky Sports ကိုပြောပါ တယ်။

မည်သည့်အချက်တွေက သူ့ကို စိုးရိမ်စိတ်ဖြစ်ပေါ်စေသလဲ ဆိုတဲ့မေးခွန်းကို မေးမြန်းခဲ့ရာမှာတော့ – “ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ ကစားနေတဲ့ အားကစားဖြစ်နေလို့ပါ။ ဥပမာ ရော်ဂျာဖက်ဒဲရား ဆိုရင် အရမ်းကောင်းတဲ့ ကစားသမားဆိုတာကို ကျွန်တော်တို့ သိတယ်။ ဒါပေမယ့် သူ့ကို အနိုင်ယူ ဖူးတဲ့ (၁၀)ယောက်လောက်က ဘယ်သူတွေလဲဆိုတာ ကျွန်တော်တို့မသိဘူး။ လက်ဝှေ့မှာ အရှုံးဆိုတာက ကိုယ့်မှတ်တမ်းမှာ လည်ပတ်နေပါတယ်။ ရှုံးနိမ့်မှုက ကိုယ်ဘယ်လို ရှေ့ဆက်တက်မလဲ ဆိုတာကိုပြနေပေမယ့် ဒါက အရာရာကို အဆုံးအဖြတ် ပေးလိုက်တာ မဟုတ်ပါဘူး။ ဟဲဗီးဝိတ်လက်ဝှေ့လောကမှာလည်း ကြည့်လို့ရပါတယ်။ ခလစ်စခို လိုကစားသမား မျိုးဆိုရင် ကမ္ဘာ့ဟဲဗီးဝိတ် ချန်ပီယံဆုကို (၃)ကြိမ်လောက်ရဖူးတယ်။ ဒါပေမယ့် လည်း ရှုံးနိမ့်ခဲ့တယ်။ ပြန်နိုးထခဲ့တယ်။ တကယ်လို့သာ ကျွန်တော်ရှုံးခဲ့မယ်ဆို အချိန်တစ်ခုလောက်မှ ကျွန်တော် ပြန်လည်နိုးထလာတာမျိုးလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ တကယ်လို့သာ ကျွန်တော်လုပ်ခဲ့သမျှအရာအားလုံးကို ရှုံးပွဲကြုံတွေ့ချိန်မှ မယုံကြည်တော့ဘူးဆိုရင် ဒါက လူတွေရဲ့ စိတ်ဓာတ်ဘယ်လိုဆိုတာကို ပြနေပါတယ်။ ” လို့ ဂျိုဟွာက ပြန်လည်ဖြေကြားခဲ့ပါတယ်။

ဂျိုဟွာကတော့ ဒါဟာ ကမ္ဘာ့ချန်ပီယံအတွက် ဖြတ်သန်းရမယ့်နေရာတစ်ခုရဲ့အစသာရှိသေးတာကို ယုံကြည်ထားပြီး နောက်ထပ် အနည်းဆုံး ဆယ်စုနှစ်တစ်ခုလောက် ထိုးသတ်ချင်သေးတယ်လို့ ဆိုပါတယ်။

ဂျိုဟွာကပြောကြားရာမှာ – “ ကျွန်တော် ပါကားနဲ့ပွဲအတွက် အာရုံစိုက်ထားပါတယ်။ ဒါပြီးရင် နောက်ထပ် (၁၀)နှစ်လောက် ကျွန်တော်မထိုးနိုင်တော့ဘူးလို့ ဘယ်သူပြောမလဲ။ ကျွန်တော့် အသက် (၂၈) ပဲရှိပါသေးတယ်။ ခလစ်စခို က အသက် (၄၀)မှာ အနားယူတယ်။ မေ၀ယ်သာက (၄၁)နှစ်မှာ နားတယ်။ လူတွေကတော့ သူတို့ ထိုးသတ်နိုင်သေးတယ်လို့ ပြောကြပါတယ်။ ကျွန်တော် အသက် (၃၈) နှစ်လောက်မှာ မထိုးနိုင်တော့ဘူးလို့ ဘယ်သူပြောမလဲ။ သမိုင်းမှတ်တမ်းတွေက ကစားသမား တွေ သူတို့ ကြံ့ခိုင်မှုသူတို့ အများကြီး ဂရုစိုက်ရမယ်ဆိုတာကို ပြပါတယ်။ ကျွန်တော် လက်ဝှေ့လောကကို မစွန့်ခွာချင်သေးဘူး။ ကျွန်တော်လုပ်ချင်သေးတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်ဒါကိုချစ်တယ်လေ။ ကျွန်တော် ကျော်ကြားမှုအတွက် မလုပ်ချင်ဘူး။ ထိုးသတ်ရတာပျော်လို့ ကျွန်တော်လုပ်ပါတယ်။ ပြီးတော့ ဒီထက်မြင့်တဲ့အဆင့်တစ်ခုကို ကျွန်တော် ရောက်ချင်ပါသေးတယ်။ ”လို့ ဆိုပါတယ်။

Sort:  

To get upvote from @artzone, the post needs at least 300 characters! Please describe your work in detail ;-)