တရားနာ ဆိုလို့ တရားနာရတယ်။ စိတ်ကမပါ...အိပ်ချင်လိုက်တာ ဆိုတာလေ မပြောပါနဲ့တော့။အမေ့သားလေးက လိမ်မာပါတယ်ဆိုလို့သာ လိမ်မာပြရတာ ဝါသနာက တရားနာလည်း မဟုတ်နဲ့။ ဆော်ကြည့် ဘီယာသောက် ရီဝေယစ်မူး ကိုယ့်ဘာသာ ပျော်နေရတာလေးကိုပဲ ကျွန်တော်က စည်းစိမ်။ ဘုန်းကြီးတွေတရားဟောတာက အဲ့လိုတွေ မဟုတ် ။ ကျွန်တော်တော့ အတော်ကို ဒုက္ခရောက်ခဲ့တော့တာပဲ။ဘယ်ဟာတွေ ဖြစ်လို့ ဘယ်ဟာတွေ ပျက်နေလည်း မသိ ဘယ်ဟာတွေရုပ်လို့ ဘယ်ဟာတွေ နာမ်မှန်းလည်း နားမလည်။ စိတ်ကူးထဲမှာတော့ မဒီလေးတွေနဲ့ ဝဲလို့ လည်လို့..။
အေးရာအေးကြောင်း တရားနာစမ်းတဲ့ ကျွန်တော်က အဲကွန်းခန်းထဲမှာ ဘီယာအေးအေးလေးနဲ့ နတ်ပြည်တက်နေချင်သူ။
အဲ့ဒီကနေ စလွှဲတော့တာပဲ။
လူဖြစ်လာရင် ဘာဖြစ်တယ် ညာဖြစ်တယ်လို့ ဘုန်းကြီးကဟောပြတာပဲ။ ကျွန်တော်ကတော့ ဘယ်အပျော်ကိုမှ ကြိုက်တယ်။ပျက်တာနောက်မှ ခုလောလောဆယ် ပျော်နေရတာနဲ့တင် ကျေနပ်နေပြီ..ဘယ်သူဘာပြောပြော နိဗ္ဗာန်ကိုလည်း နားမလည်သေးဘူး။ ဘာဝနာကိုလည်း မသိတတ်သေးဘူး..
ကျွန်တော်သိတာ ကျွန်တော်လုပ်ရရင် လုပ်ချင်ရာ လုပ်နေရတာကိုပဲ ဘဝက ပျော်စရာကောင်းလို့မှ..။
ငိုက်ရင်း မြည်းရင်း တရားတစ်ပုဒ်ဆုံးသွားပြီးလို့ အိမ်ပြန်ရောက်လိုက်တာနဲ့ တစ်ရက်နှစ်ရက်တော့ အလကားနေ လိမ်မာပြရသေးတယ်။ လွယ်တော့မလွယ်ဘူး ခေတ်တော့ဆန်ရတာပေါ့...
လိမ်မာပြီးရင် မုန့်ဖိုးတွေ ရ ရ နေတတ်တာကိုး။ကျွန်တော်က တရားမနာပဲနဲ့ကို အဲ့လိုတော်တာပါဆို..
ယုံချင်ယုံ မယုံချင်နေကြပေါ့။ကိုယ်တတ်တာ ကိုယ်အသုံးချရပဲကိုး။အဲ့လိုလေးတွေနဲ့ပဲ သာယာတာ သာယာတာ ဘဝက သာယာနေတာ...
ဘုရားသွားကျောင်းတက်ကို ပုဆိုးလေးနဲ့ အင်္ကျီဖြူလေးနဲ့ သွားရင်ကို လူအထင်ကြီးလို့။ မြို့တော်တွေဆီမှာ လေဒီလေးတွေနဲ့ ကိုယ့်ဘာသာ ဘီယာလေးနဲ့ အမြည်းလေးနဲ့ ကျတော့ ကိုယ့်ပတ်ဝန်းကျင်နဲ့ ဝေးရာကို ရှာနေရပြန်ရော..ကိုယ့်ပတ်ဝန်းကျင်မှာ ကိုယ်လိမ်မာတာ သူတို့သိကြပါစေလေ။
အမှန်က အေးချမ်းနေတဲ့ကိုယ့်ပတ်ဝတ်ကျင်ကို မဖျက်ဆီးချင်လို့ပါ။ ကိုယ်တွေက စိတ်ကောင်းရှိသူလေ။ ယုံချင်ယုံ မယုံချင်နေ။
ဘုရားသွားကျောင်းတက်တော့ ဘုန်းကြီးနဲ့ မကင်းနိုင်တာတော့ အမှန်ပဲဗျ။ဟိုဟာလေး သွားပေးပါ ဒီဟာလေး လုပ်ပေးပါ ဆိုတော့လည်း အေးလေ ကင်းချင်တိုင်း ကင်းလို့မှ မရတာ ဝတ်ကျေတန်းကျေထဲမှာ စေတနာလေး နည်းနည်းပါ ထည့်လို့ လုပ်ပေးလိုက်တာပေါ့။ ဆိုးဘူးဗျ အဲ့လိုဆိုတော့လည်း မျက်နှာလည်းရတယ် တစ်ခါတစ်လေ မုန့်ဖိုးလည်း ရတယ်။ကုသိုလ်လည်း ရချင်ရအုံးမှာဗျ။
ဒါပေမဲ့ အဲ့မုန့်ဖိုးလေး ဘီယာခွက်ထဲ ဝင်သွားတာ တော့ ရင်နာစရာရယ်..။
ကျွန်တော်က ငွေနဲ့မတည့်လို့ သူများဆိုင်ကို သွားပေးထားတာပါ။ကျွန်တော့်လက်ထဲမှာ ထားရင် ကုန်သွားမှာစိုးလို့ လို့ပဲ ဆိုပါတော့။ငွေကုန်သွားတော့ အိမ်မှာ လိမ်မာပြလိုက် ပြီးတော့ အညောင်းလေးခံပြီး တရားလေးနာပြနဲ့ အင်း....ဆိုးပါဘူး.ကျွန်တော်က တော်သားပဲ..
ဒါပေမဲ့ သံပေါက်တွေ လင်္ကာတွေ ဆရာတော်တွေ ချပေးချိန် ကျွန်တော်ကစိတ်ကူးလေးတွေထဲ အိမ်မက်လေးတွေထ..ဲအဟဲ...ဟဲ
အဲ့ဒီလို တရားနာ အဲ့ဒီလို စိတ်ကူး
ဘုန်းကြီးတွေသာ သိသွားရင် ကျွန်တော့်အတွက် ငရဲပြည်မှာ ကြိုတင်လက်မှတ် ယူချင်ယူထားနေမှာ....
ဘယ်လိုဖြစ်ဖြစ် ကျွန်တော်ကတော့ တရားထဲ စိတ်ပါဖို့ တောထွက်မှပဲ ရတော့မယ် ထင်တယ် ဗျို့
36 ပါဗျ
Smt40
SMT 45
Smt-34
SMT37
SMT 32
Smt29
Smt26
SMT 35
smt39
Smt31
Smt43
SMT 46
Smt33
SMT 30