မုန်း၍မဟူ အပိုင်း(၆၆)
ဖခင်ဝေဒနာ သက်သာရာ ရသွားမှာပဲဟု အောက်မေ့ကာ ...
"ဖေဖေတော့ ဒီနေ့မနက်ပဲ ချောင်းဆိုးရင်း သွေးစပါလာလို့
သမီးတို့ အဖေ့အတွက် စိုးရိမ်ပူပန်နေကြရပါတယ်။
ဆရာဝန်ခေါ်ပြီး ဆေးထိုးပါတယ်။
ညနေပိုင်းတော့ သွေးပါ နည်းနည်းသက်သာလာပါတယ်။
ဖေဖေက မရေးပါနဲ့၊ စိတ်ချမ်းချမ်းသာသာ တရားအားထုတ်ပါစေလို့ ပြောပါတယ်။
ဒါပေမဲ့ မယ်တော်သိစေဖို့ ရေးလိုက်ပါတယ်။
မယ်တော် သွန်သင် ပို့ချတဲ့ တရားတော်ကို အားထုတ်လေ့လာပါမယ် မယ်တော်ရှင့်။
အပိုင်း (၆၇)ဆက်ရန်