ချစ်​​သောမြို့​လေး

in #esteem7 years ago

image
image
ကျွန်​​တော်​ချစ်​​သောမြို့က​လေးသည်​မြန်​မာနိင်​ငံ၏တတိယအချက်​အချာကျ​သောရတနာပုံ​ရွှေမြို့​တော်​ကြီးနှင့်​(21)မိုင်​အကွာတွင်​ရှိပါတယ်​။
ရွှေမန်း​တောင်​ကြီး၏​မြောက်​စူးစူးတည့်​တည့်​လမ်းမကြီးကလာလျှင်​​ရောက်​နိင်​ပါတယ်​။ကျွန်​​တော်​ချစ်​​သောမြို့က​လေးသည်​​ရှေ့ရာဇဝင်​တွင်​ကျန်​ဖူးတဲ့သမိုင်းဝင်​​ရှေ့​ဟောင်း​အမွေးအနှစ်​ဖြစ်​​သောဘုရား​စေတီ၊
ပုထိုးများ​ပေါ့ကြွယ်​ဝပါတယ်​။
‌ အဲဒါ​ကြောင့်​​ရှေ့လူကြီးတစ်​ချိုကဒုတိယပုဂံဟုလည်းခေါ်တွင်​သည်​ဟုကြားသိရပါတယ်​။ချစ်​​သောမြို့​လေးကိုလည်း​ရှေ့လူကြီးများစကားပုံအရပုဂံတွင်​စကားပုံရှိသလိုကျွန်​​တော်​တို့မြို့​လေးလည်းစကားပုံတွင်​ကျန်​ရစ်​ပါတယ်​။
‌ လူကြီးများ၏ပုဂံစကားပုံမှာ"လှည်​ဝင်​ရိုးသံတညံညံ ​ပုဂံဘုရား​​ပေါင်း​​" ဟုဆိုရိုးစကားမှာပုဂံတွင်​ဘုရား၊​စေတီ၊ပုထိုး​ပေါင်း(4446733)ဆူရှိသည်​ကိုမှတ်​မိလွယ်​​အောင်​စကား
ပုံ​လေးနှင့်​ဖွဲ့နွဲ့ထားသလို။
ကျွန်​​တော်​တို့မြို့​လေးကိုလည်း"တံခွန်​ဆန်​​ဆေး​တောင်း"မတ္တရာဘုရား​ပေါင်းဟုစကားပုံအရဘုရား
စေတီ၊ပုထိုး​ပေါင်း(72337)ဆူရှိသည်​ကိုလည်းစကားပုံ
လေးနှင့်​​ဖော်​ပြထားပါတယ်​။
ကျွန်​​တော်​ချစ်​​သောမြို့​လေးကို​ရှေ့စစ်​သည်​မှူးမတ်​အမတ်​​ပေါင်း(100)ကမြို့တည်​​ထောင်​ထား​သော​ကြောင့်​အမတ်​တစ်​ရာမြို့ဟု​ခေါ်ဆိုရာမှာယခုမ
တ္တရာမြို့ဟု​ခေါ်တွင်​သွားပါတယ်​။
ကျွန်​​​တော်​မြို့ကိုကျွန်​​တော်အ​သည်းနင့်​​အောင်​ချစ်​ပါသည်​။"အလုပ်​ရမည်​​သေချာသည်​ဒါ​ပေမဲ့အ​ဝေး
သို့သွား၍လုပ်​ရမည်​စာ​မေးပွဲဝင်​​ရောက်​​တော့​ဖြေရအုံးမယ်​​ဖြေမလားဆို​တာ​တောင်​မြို့နဲ့မခွဲနိင်​လို့မ​ဖြေချင်​ဘူးဟုဆိုတဲ့ကျွန်​​တော်​"ကိုမြို့ချစ်​ပုဂ္ဂိုလ်​ဟုနာမည်​တွင်​ခဲ့ပါ
သည်​။
‌ ဘယ်​အရပ်​ဘယ်​​ဒေသမှမသွားဘဲ
ကျွန်​​တော်​မြို့မှာနှစ်​ဆယ့်​ငါးနှစ်​တိုင်​တိုင်​​ကျောက်​ချခဲ့သည်​မြို့က​နေထွက်​ခွာရမည့်​မည်​သည့်​သတင်းစကားကို
မျှကျွန်​​တော်​နားမဝင်​မည်​သည့်​အခွင့်​အလမ်း​ကောင်းကို
‌ကျွန်​​တော်​မတပ်​မက်​​ရွှေ​တောင်ကြီးပြိုေ​နသည်​ဆိုလျှင်​​တောင်​ကျွန်​​တော်​မြို့ကထွက်​ခွာ၍​ရွှေသွားမ​ကောက်​နိင်​ပါ။သည်​မျှကျွန်​​တော်​မြို့က​လေးကိုချစ်​မြတ်​နိုးသည်​။သည်​မျှကျွန်​​တော်​မြို့ကိုကျွန်​​တော်​အသည်​နင့်ေ​အာင်
ချစ်​သည်​ဟုဆိုခြင်​ဖြစ်​ပါတယ်​။
အထီးကျန်​မြို့က​လေးဟုမတ္တရာမြို့သူ၊မြို့သားများကဆိုကြပါသည်​။အများပြည်​သူသိရှိ​သော
မတ္တရာမြို့​မြောက်​ဘက်ဆ​​ယ့်​ငါးမိုင်​အကွာမှာစကျင်
ကျောက်​များထွက်​ရှိရာစကျင်​​တောင်​ရှိတယ်​ဆိုတဲ့ဂုဏ်
ယူစရာကလွဲ၍ကျန်​သည့်​ဂုဏ်​အဂါင်္များမရှိသည့်​အထီးကျန်​မြို့က​လေးဖြစ်​ပါတယ်​။
မန္တ​လေး-သပိတ်​ကျင်း-မိုးကုတ်​သွားရာလမ်း ​ဘေးမို့မိုးကုတ်​တက်​သွားသည့်​မှန်​လုံကားကြီးများကို
ငေးကြည့်နေရသည့်​မြိုက​လေးဖြစ်​ပါတယ်​။
ရတနာ​မြေသို့သွားရာကားကြီးများသည်
လည်းမတ္တရာမြို့​လေးကိုအဖက်​မလုပ်​ပါ​ချေ။မြို့ထဲသို့
ဝင်​မဖြတ်​ပဲမြို့​ရှေ့မြို့​ရှောင်​လမ်းမှသာကွင်း​မောင်​သွား
လေ့ရှိပါ၏။ထိုမာနခဲရတနာ​မြေကားကြီးများကို​ငေး​နေရ
သည့်​အထီးကျန်​မြို့က​လေးဖြစ်​ပါတယ်​။
မတ္တရာမြို့​လေးသည်​အ​ပေါင်းအ​ဖော်​မြို့များလည်းမရှိပါ။အရင်းအချာမြို့များလည်းမရှိ​ချေ။လုံး
တည်းမြို့က​လေးဖြစ်​ပါတယ်​။ပြောပြရလျှင်​ရန်​ကုန်​ဆို
လျှင်​မန္တ​လေးမြို့ရှိသလိုမျိုးး၊လားရှိုးဆိုလျှင်​မူဆယ်​၊ပုဂံ
ဆိုလျှင်​​ညောင်​ဦးမြို့ရှိသလိုမျိုးးမတ္တရာဆိုလျှင်​မတ္တရာ
သာဝါကျကဆုံးသွားရသည်​အ​ပေါင်းအ​ဖော်​အရင်းအချာ
မရှိသည့်​လုံးတည်းမြို့က​လေး၏သိမ်​ငယ်​​နေမှု့ကိုသူစိမ်း
မြို့ကြီးများကသိနိင်​မည်​မထင်​ပါ။

image
ဆက်​လက်​တင်​ပြ​ပေးပါအုံးမည်
Steemitအဖွဲ့မိတ်​​ဆွေများအားလုံးsteem$​တွေsbd$များစွာရရှိကြပါ​စေ။
SMT68@mumushein
Photo from gallery

Sort:  

ဗဟုသုတရပါတယ် မှတ်သားထားပါမယ်
smt63

SMT 62
This post has received upvote from @mooen.

Done

SMT 61

Follow me

@kokomyothant

SMT-59
Good

Very good.
SMT 52

အလည်သွားချင်မိတယ်
Smt 57

ဖိတ်​​ခေါ်ပါတယ်​ရှင့်