မျက်နှာများတယ်လို့ ယူဆကြမလားတော့ မသိ......
.....
ကျွန်တော့်ပထမဆုံးချစ်သူက ရမည်းသင်းသူ။
ရမည်းသင်းကဆိုတော့ သိတဲ့အတိုင်း ကုလားဆင်လေး။
မျက်လုံးမျက်ဖန်ကောင်းကောင်းနဲ့ အဲ့ ကုလားဆင်မလေးဟာ ကြိုက်တော့လဲ အာလူးပူရီမှ စားတော့လဲချာပါတီ။
့ကြာတော့ ကိုယ်ပါကြိုက်လာရော....။
သူ့မျက်ဝန်းကြီးနဲ့ ညှို့တာခံလိုက်ရ ကုလားစားတွေစားလိုက်ရနဲ့ ဘဝတစ်ခုလုံး ချစ်ခြင်းထဲပျော်ဝင်ခဲ့ပုံ......
......
ဒုတိယချစ်သူကျ ပုဂံညောင်ဦးသူ... ။
ပုဂံကိုချစ်တဲ့စိတ်နဲ့ ပုဂံသူကိုချစ်သူတော်ထားရတဲ့ စိတ်။
အဲ့ စိတ်နှစ်စိတ်နဲ့ မော်ကြွားခဲ့တယ် ဆိုကြပါစို့ ။
ပြဿနာတစ်ခုပဲ ....
ပုန်းရည်ကြီး အရမ်းကြိုက်တဲ့ ချစ်သူ ဖြစ်နေတာပဲ။
ကိုယ်လဲ သူစားတိုင်းလိုက်လိုက်စားရင်း ပုန်းရည်ကြီးကြက်သွန်နီသုပ်ကိုကြိုက်တတ်လာတယ်ဆိုပါစို့.....
ကြာတော့သူ့ခံတွင်းကကြက်သွန်နံ့ကိုပါ ချစ်တတ်လာရော....
ပုဂံရာဇဝင်လဲ တမေ့တမောနားထောင်ရတာကလား
ထုမှာ ဓမ္မရံ ဆိုတာမျိုး
စွယ်တော်လေးဆူနေ့ချင်းဖူး ဆိုတာမျိုး... မရိုးရဘူးရယ်
......
တတိယမြောက်ချစ်သူက လှိုင်းဘွဲ့သူ ။
ကရင်ပြည်နယ်အောက်သူဆိုတော့ မှတ်မှတ်ထင်ထင်ဖြစ်မိတာက ရေကူးကျွမ်းတာပဲ။ကိုယ်က ရေဆို ခြေကျင်းဝတ်မြုပ်ရုံလောက်ကဆင်းမိရင်ကို မေ့လဲချင်နေပြီ.....။
ဆိုတော့ သူရေကူးကျွမ်းတာ ကိုယ့်အတွက် အားကျစရာကြီး ထောပနာပြုချင်စရာကြီး
ရေထဲလက်ပစ်ကူးသွားရင် ပါးစပ်အဟောင်းနဲ့ငေးရ
ပက်လက်ကလေးများ ကူးပြရင် ဂလုကနဲ ဖြစ်ရ
အင်း..... အောက်သူ ချစ်သူလေး.....
....
လေးယောက်မြောက်ချစ်သူက တနိုင်း က...။
ကချင်ပြည်နယ် အထက်ပိုင်းဆိုတော့ သူ့ဆီက ကြားလိုက်ရင် တိုက်ပွဲအကြောင်းတွေများတယ်....။
ကားတန်းကြီးနဲ့ သွားနေတုန်း ဝုန်းကနဲ လက်နက်ကြီးကျသံတို့
အိမ်မှာ ဗုံးခိုကျင်းရှိတာတို့
သေနတ်သံ တရွှီရွှီဟာ ခေါင်းပေါ်ကဖြတ်သွားတတ်တာတို့
သူပြောပြနေရင် ရင်တလှပ်လှပ်နဲ့ နားထောင်ရတာကလား။
၁၀ တန်းအောင်စာရင်းကို ရေဒီယိုကနားထောင်ရတာ
တစ်ကျောင်းလုံးမှာ တစ်ယောက်ထဲအောင်တယ် ဆိုတာ
ကိုယ့်မှာ ဟယ်ကနဲ ဟင်ကနဲ ဖြစ်လို့
.....
ငါးယောက်မြောက်နဲ့နောက်ဆုံးချစ်သူက ဝမ်းတွင်းသူ။
ကျွန်တော် အချစ်ဆုံးမိန်းမတစ်ယောက်......
အညာသူဆိုတော့ ညိုချော။
ဆုံတာကလဲ တက္ကသိုလ်နယ်မြေမှာ....။
ဘယ်ပြောကောင်းမလဲ လူကို မြောက်ကြွကြွကို ဖြစ်လို့ ။
ပြဿနာက သူ့ဆီလိုက်လည်တော့ တစ်ညလုံးကြားနေရတဲ့ ယက္ကန်းခတ်သံကို နားမခံနိုင်တာပဲ....
တဂျုန်းဂျုန်း တဂျက်ဂျက်နဲ့ အိပ်လို့ကမရ
နားကိုခေါင်းအုံးနဲ့ဖိ မရဘူး
ဘာသံတွေတုန်းကွာ ဒေါသတွေထွက်
သူက တခိခိ ရယ်.....
နောက်ဆုံးတော့ ချစ်ရင်သည်းခံနိုင်ရတယ်ဆိုတဲ့လောကနိယာမအတိုင်းပဲ....
အခုကျ အဲ့ယက္ကန်းခတ်သံတဂျုံးဂျုံးအသံကို မကြားရရင် တစ်ခုခုလိုနေသလိုကြီး ဟာတာတာနဲ့ရယ်.....
....
ကျွန်တော့်ချစ်သူတွေဟာ ကျွန်တော့်ကို ရသမျိုးစုံပေးစွမ်းနိုင်ခဲ့ပါတယ်....။
ကျွန်တော် သူတို့ကို အရမ်းချစ်ခဲ့ပါတယ်။
အရမ်းလဲ မြတ်နိုးခဲ့ရပါတယ်။
....
အချစ်ဦး
အချစ်လယ်
အချစ်နှောင်း......
အားလုံးကို အတူတူချစ်ခဲ့တာပါပဲ.....
ကိုယ့်ဘေးနားမှာ ရှိနေသည်ဖြစ်စေ မရှိသည်ဖြစ်စေ
သစ္စာတရားကို အခြေခံထားရင် ချစ်ခြင်းဟာ မြဲမြံနေတာမဟုတ်လား.....
ယောင်္ကျားတစ်ယောက်ရဲ့ချစ်ခြင်းမှာ အလွမ်းတွေလဲ ပါနေတတ်တယ်ဆိုတာ သိစေချင်လို့ ဒီစာစုကို ကျွန်တော်ရေးပါတယ်ခင်ဗျား.....။
တိုင်ပြောမယ် တိုင်ပြောမယ် တို့မမနဲ့တွေ့ရင် တို့မမကို ခေါက်ခေါက်ပြီးကွယ် လျောက်လျောက်ပြီးလည် ဘာဟုတ်ဘူး သီချင်းလာဆိုပြတာ
ရွာသူလေး ဘယ်သွားထားတာတုန်း တိုင်ပြောမှာနော်