ဘုန်းဘုန်ကြီးဘုရား

in #esteem7 years ago

ဘုန်းကြီးကြီးဘုန်းကြီးဘုရားနေကောင်းလားဗျဟီအမှားပါရင်ခွင့်လွှတ်သောတာပန်ပုဂ္ဂိုလ် ၊အရိယာနွယ်ဝင် ပုဂ္ဂိုလ် တစ်ဦးဖြစ်ဖို့ ရန်အတွက် ကိလေသာ နှစ်ပါးသာ ပယ်သတ်ဖို့ လိုပါသည် ။ထိုတရားနှစ်ပါး မိမိသန္တာန်၌ ကင်းစင်သွားလျှင် နိဗ္ဗာန်သို့  ဧကန်မုချ ရောက်ရတော့မည်သာ ဖြစ်ပါသည်။ ရှေး၌ ဒိဋ္ဌိ ( မှားသောအယူ ) ကို ပယ်နည်းပြောပြခဲ့ပြီးဖြစ်၍ ယခု ဝိစိကိစ္ဆာ ( ယုံမှား သံသယဖြစ်ခြင်း ) ကိုပယ်သတ်နည်း ရှင်းပြပေးပါ့မည်။ရှင်းမပြလည်း။
ဝိစိကိစ္ဆာ ဆိုသည်ကား မယုံကြည်ခြင်း အကြွင်းမဲ့ယုံကြည်မှုမရှိခြင်းကို ဆိုပါသည် ။ ဥပမာ မိမိစိတ်ထဲ၌ ဘုရားကို ရှိခိုးလျှင် တကယ်ကော ကုသိုလ်ရနိုင်ပါ့မလား။ တရားအားထုတ်ရင် ငါ့စိတ်တွေ မိမိကသာ ယုံကြည်တစ်ဝက်တကယ်အေးချမ်းနိုင်ပါ့မလား။ မယုံကြည်တစ်ဝက်နှင့် သံသယဖြစ်နေပေမဲ့ ကမ္ဘာအနှံအပြားမှာ meditation center များစွာ ဖွင့်လှစ်၍ အခကြေးငွေဖြင့် တရားပြသနေသည်ကို တွေ့နိုင်ပါသည်​။ တရားထိုင်ခြင်းကြောင့် စိတ်တွေအေးချမ်းလာတယ် တည်ငြိမ်လာတယ်။ ရောဂါဘယတွေ ပျောက်ကင်းတယ်ဆိုတာ လက်တွေ့ဖြစ်နေပါသည်။ နိုင်ငံတကာထောင်များတွင်လည်း တရားမထိုင်မနေရ ဟူသော စည်းမျဉ်းဖြင့် လူဆိုးလူမိုက်များကို ကိုယ်စိတ်နှစ်ပါး ယဉ်ကျေးသိမ့်မွေ့အောင် လုပ်ဆောင်နေခြင်းကို ကြညိ့ခြင်းအားဖြင့် တရားတော်အပေါ် သံသယဖြစ်နိုင်ပါသလား။ ဆုံးဖြတ်ကြည့်ပါ။ သံဃာတော်များကို ကိုးကွယ်ခြင်းအားဖြင့် ငါ့အတွက် အကျိုးရှိပါ့မလား။ စသည့် ယုံမှားသံသယစိတ်တွေ ရှိနေသမျှ စိတ်တွေ မအေးချမ်းနိုင်ပါဘူး။ ဘုရား၊ တရား၊ သံဃာ ကိုယုံကြည်ဆည်းကပ်ခြင်း ကုသိုလ်ကား ယစ်ထုပ်ဖြစ်နေသော အရက်သမားကိုတောင် ကောင်းရာဘုံဘဝပို့ နိုင်ကြောင်းကို ဖတ်ဖူးသည့်ဇာတ်လမ်းတစ်ပုဒ်ဖြင့် ရှင်းပြပါ့မည်။အော်ဇာတ်လမ်းတစ်ပုဒ်နဲ့တစ်ပုဒ်ပေါင်းရင်နှစ်ပုဒ်ရပါတယ်
သောတာပန်ပုဂ္ဂိုလ် ၊အရိယာနွယ်ဝင် ပုဂ္ဂိုလ် တစ်ဦးဖြစ်ဖို့ ရန်အတွက် ကိလေသာ နှစ်ပါးသာ ပယ်သတ်ဖို့ လိုပါသည် ။ထိုတရားနှစ်ပါး မိမိသန္တာန်၌ ကင်းစင်သွားလျှင် နိဗ္ဗာန်သို့  ဧကန်မုချ ရောက်ရတော့မည်သာ ဖြစ်ပါသည်။ ရှေး၌ ဒိဋ္ဌိ ( မှားသောအယူ ) ကို ပယ်နည်းပြောပြခဲ့ပြီးဖြစ်၍ ယခု ဝိစိကိစ္ဆာ ( ယုံမှား သံသယဖြစ်ခြင်း ) ကိုပယ်သတ်နည်း ရှင်းပြပေးပါ့မည်။
image
ဝိစိကိစ္ဆာ ဆိုသည်ကား မယုံကြည်ခြင်း အကြွင်းမဲ့ယုံကြည်မှုမရှိခြင်းကို ဆိုပါသည် ။ ဥပမာ မိမိစိတ်ထဲ၌ ဘုရားကို ရှိခိုးလျှင် တကယ်ကော ကုသိုလ်ရနိုင်ပါ့မလား။ တရားအားထုတ်ရင် ငါ့စိတ်တွေ မိမိကသာ ယုံကြည်တစ်ဝက်တကယ်အေးချမ်းနိုင်ပါ့မလား။ မယုံကြည်တစ်ဝက်နှင့် သံသယဖြစ်နေပေမဲ့ ကမ္ဘာအနှံအပြားမှာ meditation center များစွာ ဖွင့်လှစ်၍ အခကြေးငွေဖြင့် တရားပြသနေသည်ကို တွေ့နိုင်ပါသည်​။ တရားထိုင်ခြင်းကြောင့် စိတ်တွေအေးချမ်းလာတယ် တည်ငြိမ်လာတယ်။ ရောဂါဘယတွေ ပျောက်ကင်းတယ်ဆိုတာ လက်တွေ့ဖြစ်နေပါသည်။ နိုင်ငံတကာထောင်များတွင်လည်း တရားမထိုင်မနေရ ဟူသော စည်းမျဉ်းဖြင့် လူဆိုးလူမိုက်များကို ကိုယ်စိတ်နှစ်ပါး ယဉ်ကျေးသိမ့်မွေ့အောင် လုပ်ဆောင်နေခြင်းကို ကြညိ့ခြင်းအားဖြင့် တရားတော်အပေါ် သံသယဖြစ်နိုင်ပါသလား။ ဆုံးဖြတ်ကြည့်ပါ။ သံဃာတော်များကို ကိုးကွယ်ခြင်းအားဖြင့် ငါ့အတွက် အကျိုးရှိပါ့မလား။ စသည့် ယုံမှားသံသယစိတ်တွေ ရှိနေသမျှ စိတ်တွေ မအေးချမ်းနိုင်ပါဘူး။ ဘုရား၊ တရား၊ သံဃာ ကိုယုံကြည်ဆည်းကပ်ခြင်း ကုသိုလ်ကား ယစ်ထုပ်ဖြစ်နေသော အရက်သမားကိုတောင် ကောင်းရာဘုံဘဝပို့ နိုင်ကြောင်းကို ဖတ်ဖူးသည့်ဇာတ်လမ်းတစ်ပုဒ်ဖြင့် ရှင်းပြပါ့မည်။
image
လွန်ခဲ့သော နှစ်ပေါင်း ၂၅၀၀ ကျော်ခန့် က သာဝတ္ထိပြည်တွင် ဆယ်နှစ်ရာသီ မူးယစ်နေသော အရက်သမားတစ်ဦးရှိခဲ့ဖူးပါသည် ။ အရက်ကို လူကသောက်သည်မဟုတ်ဘဲ အရက်က လူကိုပြန်သောက်နေသည့်အဆင့်ထိ ရောက်နေသောကြောင့် မသောက်ရမနေနိုင် မရှိရှိတာ ရောင်းချပြီး သောက်စားနေသောကြောင့် မွဲပြာကျကာ တောင်းရမ်းစားသောက်နေသည့်အဆင့်သို့  ရောက်ရှိခဲ့ပါသည်။ သိုပေမဲ့ အကျင့်ကောင်းတစ်ခုတော့ သူမှာရှိသည်။ အရက်ဘယ်လောက်ပင်မူးနေပါစေ။ ဘုရားရှင်ဆွမ်းခံထွက်လာသည်အခါမျိုးမှာ ဖူးမြော်လေ့ရှိသောကြောင့် မူးတော့မူးသည် မရူးသေးဟုသာဆိုရမည်။ ထိုအခါ အမူးသမားက ဘုရားရှင်တော့ ရိုသေတယ်ဟု စကားစမြည်ပြောဆိုသံကြောင့် သိကြားမင်းကား ထိုသူ၏ သဒ္ဓါတရားကို စမ်းသပ်လိုစိတ်ဖြင့် လူယောင်ဖန်ဆင်းပြီး ရောက့်လာခဲ့သည်။ အရက်သမားအား ရွှေငွေကျောက်သံပတ္တမြားတစ်သက်စားမကုန်အောင်ပေးမည် ။သေရည်သေရက်လည်း နေ့ တိုင်းသောက်ရမည် ။ဒါပေမဲ့ ဘုရား၊ တရား၊ သံဃာကို မယုံကြည်ဘူး ။ကိုးကွယ်လို့  ဘာအကျိုးမှ မရဘူးလို့  ပြောရမည် ။ဒါဆို သင်ကိုကတိအတိုင်း ငါဖြည့်ဆည်းပေးမည။် ထိုအခါ အရက်သမားက မရှိရင် မသောက်ဘဲနေမည် သေလိုကသေပါစေ။ ဘုရား၊ တရား၊ သံဃာ ကိုတော့ ငါမစွန့် လွှတ်နိုင်ဟူ၍ ခိုင်မာသော သဒ္ဓါတရားဖြင့် တုံ့ပြန်ခဲ့သည်။ ယုံမှားခြင်း ဝိစိကိစ္ဆာ ကို ပယ်သတ်နိုင်ခဲ့သည်။ ထိုအရက်သမားကား သေလွန်သောအခါ နတ်ပြည်၌ နတ်သားဖြစ်ရလေသည်။ သူကား သောတာပန်ပုဂ္ဂိုလ်တစ်ဦးဖြစ်ကြောင်းကို သက်သေပြခဲ့သည် ။စောဒကတတ်စရာရှိနိုင်ပါသည် အရက်သမားကား သောတာပန်ဖြစ်နိုင်ပါ့မလားဆိုပြီးမေးဖွယ်ရှိပါသည်။ သောတာပန်ပုဂ္ဂိုလ်ကား ဒိဋ္ဌိ နှင့် ဝိစိကိစ္ဆာ တရားနှစ်ပါးသာ ပယ်သတ်နိုင်ပါသေးသည်။ ကြွင်းသောကိလေသာများ ရှိပါသေးသည် ။ထို့ ကြောင့် အိမ်ထောင်ပြုကြသည် ။သောက်ကြစားကြ ပျော်ပါးကြသည် ။တဏှာကို မပယ်သတ်ရသေးသောကြောင့် ပုထုဇဉ်လူသားများနှင့်အတူတူသာပင် သို့ ပေမဲ့ ဘုရား တရား သံဃာ အပေါ်၌ အသက်နှင့်လဲပြီး ယုံကြည်စိတ်ရှိသည်။ ပုထုဇဉ်ကား ထို့ သို့ ယုံကြည်စိတ်မပြင်းထန်ဟုသာ သတ်မှတ်ရမည်သာ။
သောတာပန်ပုဂ္ဂိုလ်အဖြစ်သို့  ရောက်သောသူသည် ငရဲ ၊တိရိစ္ဆာန် ၊ပြိတ္တာ၊ အသူရကာယ် ဟူသော အပါယ်လေးဘုံသို့  လုံးဝမရောက်နိုင်တော့ပေ။ လူပြည် ၊နတ်ပြည် ၊စသည့် ဘုံတို့ ၌သာ ကျင်လည်ပြီး ခုနှစ်ဘဝမြောက်သော အခါ ဧကန်မုချ နိဗ္ဗာန်သို့  ရောက်နိုင်ပါသည် ။မိမိတို့ ကော သောတာပန်ပုဂ္ဂိုလ် အဖြစ်သို့ ရောက်နိုင်ဖို့ အတွက် ဒိဋ္ဌိ၊ ဝိစိကိစ္ဆာ ဟူသော ကိလေသာတရားနှစ်ပါးကို ပယ်သတ်ဖို့ ကြိုးစားသင့်သည် ။ဘုရား၊ တရား၊ သံဃာ အပေါ် အကြွင်းမဲ့ ယုံကြည်သောစိတ်များ ကိန်းအောင်းလာအောင် အားထုတ်သင့်ပါသည်။
အားလုံးပဲအဆင်ပြေကြပါစေဝင်ငွေများများရ၍ပျော်ရွှင်သောဘဝလေးဖြစ်ပါစေ။မိုးရွာတုန်းရေခံထားပါ။ဘဝမှာလည်အောင်မြင်မှုများရရိပါစေ။
Photo credit myself
@mayjuly

Sort:  

သာဓုသာဓုပါဗျာဘုန်ကြီးပါစေအသက်ရှည်စေတို့ကမင်းကိုဆုတောင်းတယ်

The great post i reblog thank you

ယောက်ျားလေးအများစုဟာ မိန်းကလေးတစ်ယောက်ကို
လက်ထပ်ခွင့် တောင်းပြီးရင် သူတို့ကပဲ အခွင့်အရေး

Congratulations! This post has been upvoted from the communal account, @minnowsupport, by skylove from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

အခြားသူတစ်ယောက် ရေးသားထားသော post တစ်ခုအား မိမိ ရေးသားထားသယောင် မပြုသင့်ဘူး ထင်ပါတယ်ခင်ဗျာ ပြန်တင်မည် ဆိုပါကလည်း မူရင်း ရေးထားသူရဲ့ ခွင့်ပြုချက်လေး ယူသင့်တယ် ထင်ပါတယ် credit လေးတောင်မပါတာတော့ အတော် စဉ်းစားရကြပ်ဖွယ်ပါ ။ သူတစ်ပါးရင်မှ ပေါက်ဖွားလာတဲ့ ခံစားချက်လေးတွေနဲ့ ဝင်ငွေ ဖန်တီး မယူမိစေဖို့ သတိပေးပါရစေခင်ဗျာ ။